Window8.1 ရဲ့ ၀ှက်ဖဲ ၁၀ ချပ်
Posted in window 8.1, နည်းပညာများ
No comments
Thursday, 27 February 2014 By htwe naing
Windows8.1
ဆိုတာကတော့ Microsoft ကနေပီးတော့ အရင့် အရင်Window
Operation
System တွေကနေ မတူညီတဲ့ ကွဲလွဲခြားနားသာလွန်မှုတွေကိုတစ်စု
တစ်စည်းတည်းပူးပေါင်းပီး
ပြန်လည်သစ်လွင်လိုက်တဲ့ ယနေ့အချိန်ထိ Microsoft
ကနေထုတ်လုပ်ထားတဲ့
နောက်ဆုံး Operation system တစ်ခုဖြစ်ပါတယ်။သူ့မှာ
ဘာတွေသာလွန်ကောင်းမွန်လာသလည်းဆိုတော့အသွင်အပြင်တွေ၊
မြန်ဆန်တဲ့
လုပ်ဆောင်ချက်တွေကို
ပေါင်းစည်းထားတာပဲဖြစ်ပါတယ်။ ဒါကတော့အကြမ်းဖျဉ်း
ပေါ့..
ဒီလို အကြမ်းဖျဉ်းဖော်ပြချက်တွေထဲကမှ အချို့သော လျှို့ဝှက်ချက်လေးတွေ
ကိုလည်း
သုံးဆွဲသူ End User တွေသိအောင် တစ်စိတ်တစ်ဒေသဖော်ပြပေး
လိုက်ပါတယ်။
1. Use the Start button
ဝင်းဒိုး ၈
ရိုးရိုးနဲ့ ၈.၁ မှာ အနည်းငယ်ပြောင်းလည်းသွားတာကတော့
ကျွန်တော်တို့
Window Ver8 မှာတုန်းက Start Button နေရာမှာ IE
Logo လေးပဲ
ပါပါတယ်။အခု နောက်ဆုံးဗားရှင်းဖြစ်တဲ့ 8.1 မှာကတော့
Start
Button ပုံစံလေးပါလာပါတယ်။ တစ်ကယ်တမ်းကတော့ ဒါဟာ
လည်း
ကျွန်တော်တို့ Window 7 မှာ မြင်နေကြဖြစ်သော၊ ပြောနေကြ
ဖြစ်သော
Start Button ပုံစံမျိုးမဟုတ်ပါဘူး။ အရင် Window 8 မှာတုန်း
က Start
Menu Screen ကိုပြန်သွားချင်ရင် ကီးဘုတ်ကနေ Window
Key ကို နှိပ်လိုက်ရပါတယ်။
အခု 8.1 မှာကတော့ ဘယ်ဘက်ဒေါင်းနား
က Start
Button လေးကိုနှိပ်လိုက်ရင်ဖြင့် Window 8.1 ရဲ့ Start
Menu
Screen ကို အလွယ်ရောက်သွားမှာဖြစ်ပါတယ်။ဒါဟာလည်း
ရိုးရိုးတန်းတန်း
Click နှိပ်မှပါ။ အကယ်လို့ သင်ဟာ ထို Start Button
လေးကို
Right Click နှိပ်လိုက်မယ်ဆိုရင်တော့ အထက်ပါပုံအတိုင်း
Sub Menu ပေါ်လာမှာဖြစ်ပါတယ်။ ဒါဟာလည်း
ဝင်းဒိုးစနစ်ရဲ့
System
ပိုင်းတွေကိုတန်းပီးသွားလို့ရမယ့်နေရာတစ်ခုဆိုလည်းမမှား
ပါဘူး။
2. Boot straight to the desktop
ကျွန်တော်တို့
Window တက်လာပီဆိုရင် ပုံမှန်အားဖြင့် Window8 Operation
System ရဲ့
Start Menu Screen ကိုသာ တန်းပီး တက်လာမှာဖြစ်ပါတယ်။ဒီ့
နောက်မှ
ကျွန်တော်တို့က Desktop ကို ရွေးပီး Click နှိပ်ရင် နှိပ်၊ ဒါမှမဟုတ်
ကီးဘုတ်ကနေ
Windown+D ကိုနှိပ်လိုက်မှ Desktop ကို ပေါ်လာမှာဖြစ်ပါတယ်။
အခုပြောမယ့်အချက်ကတော့
ဝင်းဒိုးတက်တက်ချင်းမှာ 7 တုန်းကလိုပဲ Desktop
ကိုတန်းပီးတက်လာအောင်လုပ်မယ့်နည်းဖြစ်ပါတယ်။သွားရမယ့်နေရာကတော့
Desktop
Task Bar မှာ Right Click ထောက်ပီး Properties ထဲကိုဝင်လိုက်ပါ။
ပီးသွားရင်တော့အထက်ပါပုံအတိုင်းမှ
Navigation Tab ထဲကိုသွားပီး
“When I
sign in or close all apps on a screen got to the desktop instead
Of Start”
ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးလုပ်ပေးပီး Apply, OK နှိပ်ပေးထားလိုက်
ပါ။
ဒါဆိုရင် သင့်ကွန်ပျူတာက ၀င်းဒိုးတက်လာတာနဲ့ ပုံမှန် မြင်တွေ့နေကျ Start
Menu
Screen ကိုမရောက်ပဲ Desktop ဆီသို့ တန်းပီး တက်လာမှာဖြစ်ပါတယ်။
3. Customize the Start screen
ဒီနည်းလေးကတော့
သင့်ရဲ့ Start Menu Screen မှာ Application Group
တွေ၊
အထူးသဖြင့် အသုံးချပရိုဂရမ်တွေကို နာမည်သတ်မှတ်ဖို့ဖြစ်ပါတယ်။
လုပ်ဆောင်ရမှာကတော့
Start Menu Screen ကိုသွားလိုက်ပါ။ ပီးသွားရင်
တော့
အလွတ်တစ်နေရာမှာ Right Click ထောက်လိုက်တဲ့အခါမှာ ညာဘက်
အောက်
ထောင့်နားလေးမှာ Customize ဆိုတာပေါ်လာမှာဖြစ်ပါတယ်။ ပီးသွား
ရင် တော့အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာတော့
မိမိစိတ်ကြိုက်နာမည်
ကို
သတ်မှတ်လို့ရမှာဖြစ်ပါတယ်။
4. Check app sizes
ဒီတစ်နည်းကတော့
မိမိစက်ထဲမှာထည့်ထားတဲ့ Applications တွေရဲ့
Size ကို
ကြည့်မယ်နည်းပဲဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်ဖို့အတွက်
ကတော့
Pointer ကို ညာဘက်ထောင်နားကိုသွားလိုက်ပါ။ပီးသွားရင်
Settings
ကိုနှိပ်လိုက်ပါ။ထို့နောက် အောက်နားမှာပဲ Change PC Settings
ကို
နှိပ်လိုက်ပါ။ ထို့နောက် PC Settings အောက်မှာရှိသော Search and apps
ဆိုတာကိုနှိပ်လိုက်ပါမယ်။
ထို့နောက် App sizes ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါ
တယ်။
ဒီနောက်တော့ သင့်ကွန်ပျူတာအတွင်းမှာသွင်းထားသော Application
များရဲ့
Size ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ Window 8.1 ရဲ့ အားသာ
ချက်တစ်ခုဆိုလည်းမမှားပါဘူး....
5. Create a lock screen slideshow
ဒီနည်းကတော့
Lock Screen ကို Slide Show ဖြင့် ဖန်တီးခြင်းဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်အတွက်
သင့်ဝင်းဒိုးစနစ်က Activated မဖြစ်နေဘူးဆိုရင်
မရပါဘူး။
ဘယ်လိုလုပ်ရမလည်းဆိုတော့ Desktop ရဲ့ ညာဘက်ထောင်နား
ကိုသွားပါပီးရင်
Settings ကိုနှိပ်ပီး Change PC settings
ကိုဝင်လိုက်ပါ။
ထို့နောက်
PC and devices ကို ထပ်ဝင်ပီး Lock screen နေရာကိုရောက်
ပီဆိုတာနဲ့
ညာဘက်ခြမ်းမှာရှိသော Play aslide show on the lock screen
ဆိုတဲ့နေရာမှာ
Default အရ Off ဖြစ်နေတာကို On အဖြစ်သို့ပြောင်းလည်း
သတ်မှတ်လိုက်တာနဲ့
သင့် ၀င်းဒိုးစနစ်ကို Lock လုပ်ထားတယ်ဆို၇င် နောက်ခံ
ပုံများဖြင့်
Slide Show ပြုလုပ်နေမှာဖြစ်ပါတယ်။
6. Edit your photos
နောက်တစ်ချက်ကတော့
မိမိဓာတ်ပုံတွေကို ပြုပြင်ချင်တဲ့အခါမှာ ကျွန်တော်တို့
က Photo
Edit လုပ်တဲ့ Software တွေထပ်ထည့်စရာမလိုပဲ 8.1 မှာ Default
ပါဝင်တဲ့
Photo Editor နဲ့ အသုံးပြုလို့ရပါတယ်။ မိမိပြုပြင်ချင်တဲ့ ပုံကို Right
Click
နှိပ်ပီး Photos ဆိုတာနဲ့ ဖွင့်လိုက်ပါ။ ပီးသွားရင်Photo မြင်ကွင်းပေါ်လာ
ပီဆိုရင်
Right Click နှိပ်လိုက်တဲ့အခါမှာ အောက်ဘက်နားမှာ Delete, Open with
Set as,
Rotate, Crop, Edit ဆိုပီး Sub Menu တွေထပ်မံပေါ်လာမှာဖြစ်ပါ
တယ်။
ဒီအခါမှာ မိမိတို့ စိတ်ကြိုက်ပြင်ဖို့ အတွက် Menu တွေအများကြီး
တွေ့မှာပါ။
ဘာနဲ့ တူသလည်းဆိုတော့ ကျွန်တော်တို့ Android Phone ထဲ
က Camera
360 ရဲ့ Function တွေနဲ့ အတူတူပါပဲ....
7. Disable hot corners
ဒါကတော့
ကျွန်တော်တို့ ၀င်းဒိုးစနစ် ၈ မှာ ညာဘက်ထောင့်ထားနဲ့ ဘယ်ဘက်
ထောင့်နားကိုသွားတဲ့အခါမမှာ
Charms ပေါ်လာတာကို ပိတ်ထားတဲ့နည်းလေး
ဖြစ်ပါတယ်။
ဆိုလိုတာက ၀င်းဒိုး၈ ရဲ့ Desktop ညာဘက်ခြမ်းကို Pointer ရွှေ့
မယ်ဆိုရင်
Settings Charms ရှိပီး။ ဘယ်ဘက်ခြမ်းထောင်ကို Pointer ရွှေ့တဲ့
အခါမှာ
Recent Application များကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ ထိုကဲ့သို့
Pointer
ကို Coner သို့ရွေ့တဲ့အခါ တက်လာမယ့် အရာတွေကိုပိတ်ထားခြင်း
ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့က Desktop Task bar မှာ Right Click
နှိပ်လိုက်ပါ။
ပီးသွားရင် Properties ကို ၀င်လိုက်ပါ။ ထို့နောက် Taskbar
and Navigation properties Box မှာ Navigation
Tab ကို ၀င်လိုက်ပါမယ်။
ထို့နောက်
“ When I point to the upper-right corner, show the charms”
ဆိုတဲ့နေရာမှာ
အမှန်ခြစ်လေးကိုဖြုတ်လိုက်ပါ။ထို့နောက် Apply, OK ကိုနှိပ်
လိုက်ပါ။
ဒါဆိုရင် ကျွန်တော်တို့ Corner ကိုသွားရင် ပေါ်လာမယ့် Charms တွေ
ကိုပိတ်လိုက်ပါပီး....
8. View the full apps list by default
နောက်တစ်ချက်ကတော့
ဝင်းဒိုး၈ မှာက ကျွန်တော်တို့ Window 7 မှာ
တုန်းကလို
Start Button ကိုနှိပ်လိုက်တာနဲ့ All Programs ဆိုပီးပေါ်လာ
တာမဟုတ်တဲ့အတွက်ကြောင့်
ကျွန်တော်တို့က Start ထဲက All Programs
အတိုင်းဖြစ်အောင်
လုပ်ဆောင်မှာဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့
ကီးဘုတ်ကနေ
Window Key ကိုနှိပ်လိုက်တဲ့အခါမှာ မိမိစက်ထဲမှာရှိတဲ့
Application
တွေကို တန်းပီးဖော်ပြပေးနိုင်အောင် လုပ်ဆောင်မှာဖြစ်ပါတယ်။
ဒီတော့
ကျွန်တော်တို့ သွားရမယ့်နေရာက Desktop ရဲ့ Taks bar မှာ Right
Click
နှိပ်၊ Properties ထဲကိုဝင်ပီး Navigation Tab ထဲကိုသွားလိုက်ပါထို့
နောက်
“Show the App vies automatically when I go to Start” ဆိုတဲ့
နေရာမှာ
အမှန်ခြစ်လေးလုပ်ပေးပီးတော့ Apply, OK ဆိုတာကိုနှိပ်ပေးလိုက်ပါ။
ဒါဆိုရင်
ကီးဘုတ်ကနေပီးတော့ Window Key ကိုနှိပ်လိုက်တဲ့အခါမှာ ကျွန်တော်တို့
ဝင်းဒိုး ၇
တုန်းကလိုပဲ All Programs အနေအထားအတိုင်း သင့်စက်ထဲမှာသွင်း
ထားသမျှ
Program အားလုံးကိုမြင်တွေ့ပီးအလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါ
တယ်။
9. Create a system image
window 7 မှာကော Window 8 မှာကော
ထို Mode ပါပါတယ်။ဒါပေမယ့်
Window 8 မှာကတော့ ထို Serives ကိုဖွက်ထား
ပါတယ်။
ဒါကြောင့် ကျွန်တောတို့က Control Panel ထဲကနေ System
ထဲကိုဝင်ပီး
ဘယ်ဘက်ခြမ်းမှာ Advanced system settings ထဲမှတဆင့်
System
Propertiess ပေါ်လာပီဆိုရင် System protection ထဲကိုဝင်ပီး
အောက်ဘက်ထားမှာ
Create ဆိုတာကို နှိပ်လိုက်ပါမယ။်ထို့နောက်ပေါ်လာမယ့်
Box ထဲမှာ
မိမိစိတ်ကြိုက် နာမည်ကိုသတ်မှတ်ပေးပီး Create လုပ်ပေးလိုက်ပါမယ်။
10. Set alarms
ဒီအချက်ကတော့
ကျွန်တော်တို့ Alarm အတွက် အခြား Device တွေထပ်ဝယ်
စရာမလိုပဲ Windows
8.1 က Support လုပ်ပေးထားပါတယ်။ ဒီ Program ကို
ဖွင့်ဖို့ကတော့
အရင်ဆုံး Start Menu Screen ကို သွားလိုက်ပါ။ထို့နောက်
Down Award
ဆိုတဲ့ အောက်မျှားပုံစံလေးကို နှိပ်လိုက်ပါ။ အလွယ်ဆုံးအနေဖြင့်
Search Box
ထဲမှာ Alarm လို့ ရိုက်လိုက်ပါကတွေ့မြင်နိုင်မှာဖြစ်ပီး မိမိစိတ်ကြိုက်
Create
လုပ်လို့ရမှာဖြစ်ပါတယ်။တစ်ခုမှတ်ထားရမှာက သင့်ကွန်ပျူတာကိုဖွင့်
ထားမှ
Alarm က အလုပ်လုပ်မှာဖြစ်ပါတယ်။
အမှာစကား- ၀င်းဒိုး ၈ မှာ Boot တက်တဲ့အချိန်နဲ့
Shutdown လုပ်တဲ့အချိန်မြန်တယ်
လို့ အများကသိထားပါတယ်။
ဟုတ်ပါတယ်။ တစ်ကယ်လို့ Operation system ကို
SSD
(Solid State Drive) နဲ့ တင်ထားတယ်ဆိုရင်တော့ စက်ကို ဘာမှမဖြစ်ပေမယ့်
HDD
(Hard Disk Drive) နဲ့ တင်ထားမယ်ဆိုရင်တော့ ဘယ်လောက်ပဲ မြန်ပါတယ်
ပြောပြောကြာလာရင်
HDD ဂေါက်နိုင်ပါတယ်။ နောက်တစ်ချက်က ၀င်းဒိုး စခရင်က
ပိတ်လိုက်ပီဆိုရင်ပျောက်သွားတယ်ဆိုပေမယ့်
ပါဝါမသေသေးပါဘူး။ဒီတစ်ချက်ကို
တော့ သတိထားစေလိုပါတယ်။
နောက်ပိုင်းအလျှင်းသင့်လျှင်
သင့် သလို ၀င်းဒိုး ၈ အကြောင်းကောင်းနိုးရာ ရာ
လေးတွေဆက်လက်ဖော်ပြပေးပါဦးမည်။
လေးစားစွာဖြင့်
Cristiano
Zarni@ ဦးဇာနည်
Related posts
Share this post
0 comments: