ဖေဖော်ဝါရီ ၁၄ ရက်နေ့
Posted in knowledge
No comments
Sunday, 9 February 2014 By htwe naing
ဖေဖော်ဝါရီ
၁၄ ရက်နေ့ ချစ်သူများနေ့ မရောက် ခင်လေးမှာ ချစ်သူရည်စား ဖူးစားရှင်
စုံတွဲတွေ အနေနဲ့ ကိုယ့်ချစ်သူနဲ့ ရေရှည်တည်မြဲတဲ့ ချစ်ခြင်းကို
တည်ဆောက်ရမလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေး ထားပါတယ်။
ကျွန်တော်တို့
ပတ်ဝန်းကျင် သူငယ်ချင်း အသိုင်း အ၀ိုင်းမှာ ကြုံလေ့ကြုံထရှိတဲ့ ကိစ္စလေး
တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ပတ်ဝန်းကျင် ထဲက သိပ်ချစ်ကြပြီး ချစ်သူတွေ
ဖြစ်သွားတဲ့ စုံတွဲတွေဟာ ရေတို အတွင်းမှာ လမ်းခွဲကြ တာပါ။ တကယ်တမ်း
တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပြီ၊ ဘ၀အတွက် တစ်ယောက်နဲ့ တစ်ယောက် အိပ်မက်တွေ
အတူတူ မက်ကြပြီ ဆိုရင် ဘယ်လို အခြေအနေ မျိုးဖြစ်ဖြစ်၊ ဘယ်လို အ ချိန်မျိုး
ဖြစ်ဖြစ် လက်ကို မြဲမြဲ ဆုပ်ကိုင် ထားရပါမယ်။ ဘယ်လို အဆိုးဆုံး နားမလည်
မှုတွေ စုပုံ နေပါစေ ဖြေရှင်းပြီး ရှေ့ခရီး ဆက်လှမ်းနိုင် ရပါမယ်။
ဘာကြောင့်လဲ ဆိုတော့ ကိုယ့်နှလုံးသားက ညွှန်းစေတဲ့ ဖူးစာရှင် ဆိုတာ တွေ့ခဲ
လို့ပါပဲ။ နောက်အခြေအနေ မျိုးကြတော့ အထက် က အဖြစ်အပျက်ကို ပြောင်းပြန်
လှန်လိုက် သလိုပါပဲ။ စတွဲခြင်း တုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် သိပ်မချစ်
သလိုလို ထင်ရပေမယ့် နှစ်ချီပြီး ပျော်ရွှင်တဲ့ စုံတွဲအဖြစ် ရှိနေနိုင်
ကြတာလဲ ပတ်ဝန်းကျင်မှာ ရှာကြည့်ရင် မရှားပါဘူး။
ဟုတ်ပြီ...ချစ်သူတွေ
အနေနဲ့ ရေရှည် ချစ်ခြင်းတွေ တည်တံ့ ချင်ရင် ဘာတွေ လိုအပ်မလဲ။ စီးမကုန်တဲ့
ရေတံခွန်လို ချစ်ခြင်းအပြင် ရွာမဆုံး တဲ့ မိုးရေလို အေးမြတဲ့ မေတ္တာ၊
သုံးမကုန်တဲ့ မြေဆီလွှာလို ကုန်မဆုံးတဲ့ နားလည်မှုတွေ လိုအပ် ပါတယ်။
သဘောကတော့ စုံတွဲတစ်တွဲမှာ ချစ်သူလို အနေအထား အပြင် လိုအပ်သလို မိတ်ဆွေ၊
သူငယ်ချင်းလို အနေအထား မျိုးတွေလဲ ရှိသင့်ပါတယ်။ ပြောရရင် အရန် သံယောဇဉ်
ကြိုးတွေလို့ ဆိုပါရစေ။ တစ်ယောက်က ရင်ဖွင့်ချင်ရင် စိတ်ရှည် သည်းခံ
နားထောင်ပေးပြီး သင့်လျော်တဲ့ အကြံ ပေးသင့် ပေးရပါမယ်။ တစ် ဖက်သူရဲ့
ဝမ်းနည်းခြင်းကို လက်ခံပေး နိုင်မယ့် ပခုံးနဲ့ ၀မ်းသာခြင်းကို လက်ခံပေး
နိုင်မယ့် အပြုံးတို့လည်း လိုအပ်ပါတယ်။ နှစ်ယောက်သား တူညီတဲ့ ၀ါဿနာတွေ
တူတူလုပ် ကြပြီး မေ့မရတဲ့ ထာဝရ အမှတ်တရ တွေလဲ ဆောင်ရွက် ရမှာပေါ့။
တစ်ဖက်သား အပေါ် မျှော်လင့်ချက် တွေ တစ်ပုံကြီး မထားဘဲ သူကို့သူ အရှိအတိုင်း
လက်ခံနိုင်တာလဲ လိုအပ်တဲ့ အရည်အချင်း တစ်ခုပါပဲ။ နောက်လိုအပ် တာကတော့ အသိ
စိတ်ကို ချစ်ခြင်းနဲ့ပဲ အေ၀၀ါး မခံဘဲ သင့်အပေါ် မှားတာ ရှိရင်လဲ
ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဖြေရှင်း သင့်တာလဲ လိုတာပေါ့။ တကယ်တမ်း မေ့
မထား ဖို့ကတော့ သင်ချစ် သလောက် အချစ်တွေ ပြန်ရ သင့်တယ် ဆိုပေမယ့် တစ်ဖက်နဲ့
တစ်ဖက် ညီညီမျှမျှ ချစ်နိုင်ဖို့က ပိုအရေးကြီးပါ တယ်။ ဘာကြောင့်လဲ ဆိုတော့
ပိုချစ်မိ တဲ့သူက ပိုခံစား ရတတ် လို့ပါ။
ဘာပဲပြောပြော
ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများ နေ့ကစပြီး အနာဂတ်မှာ ချစ်တဲ့ ခင်တဲ့ ချစ်သူ
စုံတွဲတွေ အားလုံး ရေရှည် ခိုင်မြဲတဲ့ ချစ်ခြင်းကို တည်ဆောက် နိုင်ကြ
ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ် အပ်ပါတယ်ဗျာ။
Author
Paing Hmu KoRelated posts
- Android Lollipop မှာပါဝင်လာတဲ့ factory reset protection Feature
- အသစ်ထွက်ရုပ်ရှင်ဇာတ်ကားကြီးများကို ကွန်ပျူတာ ၊ မိုဘိုင်းဖုန်းများ (Android/iOS) ပေါ်မှ တိုက်ရိုက်ကြည့်ရှုနိုင်မည့်ဆော့ဝဲထွက်ရှိ
- Smart Phone ရဲ့ ကင်မရာကို အသုံးချနည်းများ
- External hard drives နှင့်ပတ်သက်သော ပြဿ နာများအတွက်
- AMOLED နဲ့ IPS တို့ဘာကှာသလဲ ?
Share this post
0 comments: