စွမ်းအားပြည့်ဝတဲ့ ရွေးချယ်မူတွေနဲ့ Mi3

Posted in
No comments
Wednesday 19 February 2014 By htwe naing

sanfran-620x348
Apple ရဲ့ co-founder Steve Wozniak ၏ ချီးကျူးမူကို ခံထားရတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ China ရဲ့ Mailland ဖြစ်တဲ့ ပေကျင်းအခြေစိုက် Xiaomi ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အလယ်အလတ်တန်းစား အဆင့်ရှိတဲ့ တီထွင်မူ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ပရီမီယံ အဆင့်ရှိတဲ့ အလူမီနီယံသားတွေနဲ့ ကိုယ်ထည်တွေကို ပြုလုပ်ထားပြီး အမြင့်စား အတွင်း အစိတ်အပိုင်းတွေ ဖွဲ့စည်းပါဝင်လာတဲ့ဖုန်းတစ်လုံး ဖြစ်ခဲ့ပါတယ်။ ၅လက်မ မျက်နှာပြင်၊ နဲ့ ဘတ္တရီရဲ့ ကြာရှည်ခံမူကတော့ ပြောစရာမလိုပါဘူး။ Xiaomi ဟာ သူရဲ့ Mi3 ကို Android လမ်းကြောင်းပေါ်က ကိုယ်ပိုင်တီထွင်မူ တစ်ခု ဖြစ်တဲ့ MIUI User interface UI နဲ့ စတင် ထုတ်လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇိုင်း
ပါးလျားပြီး ပုံမှန် ကျတဲ့ 0.3 အထူသာရှိပြီး ခေတ်မီ သွက်လျတဲ့ ပုံစံကိုတွေ့ရမှာ ဖြစ်ပါတယ်။ အလူမီနီယံ ကိုယ်ထည်သားနဲ့ ဖြစ်ပြီး မျက်နှာပြင် ထိတွေ့မူ အဆင့်အတန်းမှာလည်း ချောမွတ်လှတာကိုတွေ့ရပါတယ်။ 5-inch full HD (1,920x1,080) LCD နဲ့ IPS နည်းပညာတွေကိုလည်း သုံးထားတာ ကိုတွေ့ရပြီး ထို IPS နည်းပညာကတော့ ဆိုနီရဲ့ Z1S လို စူပါ တောက်ပမူတွေ၊ ပိုကောင်းမွန်သော angle မြင်ကွင်းတွေကို ပေးစွမ်းမှာ ပဲ ဖြစ်ပါတယ်။ ေ
ဆာ့ဝဲလ်ပိုင်းနဲ့ မျက်နှာပြင်
အခြား နာမည်ကြီး ဖုန်း maker တွေဖြစ်တဲ့ HTC, Samsung, LG တို့လို မျက်နှာပြင်အလွှာကို သူရဲ့ ကိုယ်ပိုင် interface ဖြစ်တဲ့ MIUI ကို ပြုလုပ်ပေးထားပါတယ်။ အဆိုပါ ဆော်ဝဲလ်ဟာ ပိုပြီး ပြေပြစ် သွက်လက်စွာ ဖြင့် လုပ်ဆောင်နိင်မှာ ဖြစ်ပြီး မူလ theme တွေများစွာကို ကိုယ်ပိုင်ရွေးချယ် နိင်မှာ ဖြစ်ပါတယ်။ ထို MIUI ဟာ Apple ရဲ့ iOS စနစ်ကိုတောင် တူညီနိင်မယ်လို့ ဆိုထားပါတယ်။
ကင်မရာ
ကင်မရာပိုင်းမှာတော့ Mi3 ဟာ ဒီဂျစ်တယ် ကင်မရာ စနစ်တွေနဲ့ သုံးစွဲသူတွေကို ဆွယ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဆိုနီရဲ့ Exmor sensor ကိုသုံးထားပြီး အမြင့်ဆုံး ပုံရိပ်ဖမ်းနိင်မူ အနေနဲ့ 13 megapixel ကိုတပ်ဆင်ထားတယ်လို့ဆိုပြီး dual LED Flash နဲ့ 28mm format ရှိတဲ့ widw angel ကိုလည်း သုံးထားကြောင်း သိရပါတယ်။ ဒီကင်မရာ အစိတ်အပိုင်း တပ်ဆင်မူတွေအားလုံးကိုခြုံကြည့်ခြင်းဖြင့် Mi3 ရဲ့ ပုံတွေဟာ အထင်ကြီးစရာကောင်းစွာနဲ့ ဖြစ်လာဖို့ ရှိပါတယ်။
core component အနေနဲ့ 1.8Ghz quad-core Tegra 4 chip ဒါမှမဟုတ် Qualcomm Snapdragon 800 processorနဲ့ ထွက်ရှိဖို့ ရှိပါတယ်။ RAM အနေနဲ့ 2GB ဖြစ်မှာ ဖြစ်ပြီး 16GB အတွင်းမှတ်ဥာဏ်ပါရှိမှာ ဖြစ်ပါတယ်။ ဘတ္တရီကို 3,050mAh battery သုံးပါ။ ဘယ်လောက် Android version သုံးမယ်။ ဈေးနှုန်းအကြောင်း ဘယ်လောက်ရှိမယ်။ စတဲ့ အချက်တွေအတွက်ကတော့ ယခုထိ မသိရှိရသေးပေမဲ့ မကြာတော့တဲ့ အချိန်မှာ တွေ့ရှိရတော့မှာ ဖြစ်ပါတယ်။  
Aung Heine ( www.smart.com.mm )

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။