Mac ပေါ်တွင် Windows တင်ခြင်း

Posted in
No comments
Sunday 2 February 2014 By htwe naing

1174868_3369775379325_815552655_n 
တန်းဖိုးကြီး Mac ကို ဝယ်တဲ့အခါမှာ တခါထဲ အလိုက်ဖက်ဆုံး သုံးနိုင်မယ့် OS X ပါလာပေမယ့်
တော်တော်များများက အကြောင်းအမျိုးမျိုးကြောင့် Windows ဒါမှ မဟုတ် အခြား OS ကို Mac မှာ Dual တင်ချင်ကြပါတယ်။

အရင်ကလည်း ရေးခဲ့ဘူးပါတယ်။ Windows သုံးမယ်ဆို နည်းလမ်း ၂နည်းရှိပါတယ်။ ပထမ တမျိုးက Mac မှာ တခါတည်း Windows တင်ဖို့ ပါလာတဲ့ Boot Camp ကို သုံးပြီး တင်တာနဲ့
ဒုတိယတစ်နည်းက OS X ပေါ်မှာ Software တင်ပြီး Software ကတဆင့် virtual windows အနေနဲ့ တင်တာပါ။ Software သုံးဖို့တော့ Paralles Desktop နဲ့ Fusion VMWare ဆိုပြီး ၂ခုထဲက ရွေးပြီးတင်လို့ရပါတယ်။

တစ်ခုနဲ့ တစ်ခု ဟာ ကောင်းကွက် ဆိုးကွက်တွေရှိပါတယ်။

1. BootCamp က Mac ရဲ့ Storage Device ဖြစ်တဲ့ HDD or SSD ကို partition ပိုင်းပြီးတင်တာဖြစ်လို့ OS နှစ်ခုဟာ သီခြားစီရှိပါတယ်။
2. စက်စဖွင့်ကထဲက ဘယ် OS ကိုသုံးမလဲဆိုတာကို ရွေးချယ်ရပါတယ်။
3. ဒါကြောင့် OS X ဝင်ထားပြီး Windows ပြောင်းဖွင့်ချင်ရင် restart လုပ်ပေးရပါတယ်။
4. Software သုံး Windows ထက်ပိုမြန်ပါတယ်။
5. မတော့တဆ Windows ပျက်သွားလို့ အရေးကြီး data ပါသွားရင်လည်း သီးသန့် partition မှာရှိတာဖြစ်လို့ data recovery လုပ်လို့ရပါတယ်။
6. မကောင်းတဲ့အချက်က မြန်မာနိုင်ငံလို connection နှေးတဲ့ နေရာမှာတင်ခဲ့ရင် Windows တင်ပြီး Driver တွေကို auto down ပေးတာဖြစ်လို့ အရမ်းကြာပါတယ်။

1. Parallels ဒါမှမဟုတ် VMWare သုံးတင်တာကတော့ OS X အတွင်းမှာ Software ထဲမှာတင်တာဖြစ်လို့ လိုအပ်တဲ့ driver အားလုံးကို software ကပဲထည့်ပေးသွားပါတယ်။ ဘာမှ ထပ်ဒေါင်းနေစရာမလိုပါဘူး။
2. OS X အတွင်းကနေ Windows ကို app တစ်ခုလို အသုံးချတဲ့အတွက်restart လုပ်စရာမလိုပဲ တပြိုင်တည်း ၂မျိုးသုံးနိုင်ပါတယ်။
3. ဒါပေမယ့် BootCamp သုံးတာထက်နည်းနည်း နှေးပါတယ်။
4. Software သုံး Windows တင်တာဟာ partition ပိုင်းတင်တာမဟုတ်တဲ့အတွက် သူက OS တစ်ခုလုံးကို software ရဲ့ ကိုယ်ပိုင် format ဖြစ်တဲ့ image file တစ်ခုထဲမှာပဲထားပါတယ်။ ဒါကြောင့် အဆင်မပြေလို့ပျက်သွားရင် data recovery ပြန်လုပ်လို့မရပါဘူး။
5. file တခုထဲမှာ OS ကိုထားတဲ့အတွက် OS တွေ အများကြီးတင်လို့ရပါတယ်။
6. တခြားစက်မှာwindows ပြန်သုံးချင်ရင်လည်း file ကို copy ကူးပေးလိုက်ပြီး open လုပ်ရုံပါပဲ။

Parallel တင်နည်း

နာက် Mac OS X ပေါ် Windows 7 တင်ဖို့ ကတော့ Parallels Desktop 8 US$ 79.991 ပါ။

လိုက်ရှာတော့ Parallels Desktop 7 တွေ့ ပါတယ်။
OS X 10.7.3ှ မှာပဲ install လုပ်လို့ ရတာ တွေ့ ရပါတယ်။
သူလည်း Boot Camp ကိုဆွဲယူသုံးနိုင်တယ်။ reboot လုပ်စရာမလိုဘူး
သီးသန့်  partition မခွဲပဲလည်း Windows 7 ကို install လုပ်နိုင်တယ်။

သုံးကြည့်တော့ VMWare ရေ Parallels Desktop ရော Windows 7 အတွက် Mac book pro မှာ Driver မလိုဘူး အားလုံး သိတယ်။
VMWare ကတော့ ပိုပေါ့တယ် မြန်တယ်။ ဒါကြောင့် ပိုကြိုက်ပါတယ်။
သူငယ်ချင်းတစ်ယောက် မေးတာ ဘာလို့  အဖိုးတန် Mac Book Pro ဝယ်ပြီးမှ Windows တင်သုံးရသလဲတဲ့။ အဓိက ကတော့ ခရီးသွားတိုင်း Laptop နှစ်လုံး မသယ်ချင်လို့ ပါ။

Mac Book Pro ဝယ်လာကထဲက License OS X ဝယ်ပြီးသားဆိုတော့ ကျန်တာတွေလည်း ထပ်ဝယ်တဲ့။ serial ရနေမှတော့ crack version မှမဟုတ်တာ မဝယ်တော့ဘူး။ ပြီးဝယ်ချင်တော့ မြန်မာမှာ မလွယ်တဲ့ online payment ကရှိသေးတယ်။
ဘာပဲဖြစ်ဖြစ် ဒီမှာ copy right မရှိမခြင်း မြန်မာ developer တွေ ရေးထားတာ ဝယ်သုံးခြင်းမှ လွဲပြီး တော်တော်များများ crack, serial ရှာသုံးနေကြဦးမှာပါပဲ။ ။


Parallels Desktop 7 ကတော့ serial အပြင် online check ကိုပိတ်ဖို့  host file ကို edit လုပ်ပေးရသေးပါတယ်။

1. serial no for Parallels Desktop 7
M7W8MN-ZRXVF0-M03RQ2-T0BD3D-2JCRS6
2. edit host file step
a. run terminal (application/utilities)
b. type in terminal
sudo nano /private/etc/hosts
c. enter admin password
3. just append this lines in editor
127.0.0.1 pdfm7.blist.parallels.com
127.0.0.1 pdfm7.vl.parallels.com
127.0.0.1 registration.parallels.com
127.0.0.1 update.parallels.com
4. Ctrl+O to Save and Ctrl+X for exit
5. Quit terminal


VMWare နှင့်တင်နည်း

၂။ Fusion VMWare ကတော့ Windows မှာကထဲက ကသုံးဘူးတယ်။ လိုက်ရှာတော့ version 5 တွေ့ တယ် 63.24 USD တဲ့။ နောက် serial key ရှိတာလိုက်ရှာတော့ Fusion VMWare 4 တွေ့ တယ်။
install လုပ်ကြည့်တော့ version 4 က OS X 10.8.4 mountain lion မှာတင်လို့ မရတော့ဘူး။

ဒါနဲ့  lion version 10.7.3 ထားထဲ့ Mac Book Pro တစ်လုံးမှာ တင်ကြည့်တော့ အဆင်ပြေသွားတယ်။ သုံးရတာ မြန်တယ်။ ပထမ တစ်နည်းက Boot Camp မှာ တင်ထားတဲ့ Windows7 ကိုဆွဲယူပြီး သုံးလို့ ရတယ်။ Boot Camp မှာတုန်းက driver မစုံတဲ့ Windows7 က Driver ပါ အားလုံး Auto install လုပ်သွားတယ်။ နောက်တစ်နည်းက virtaual image အနေနဲ့  intall လုပ်လည်း ရတယ်။ partitation ခွဲဖို့ မလိုတော့ ဘူး။
အဆင်ပြေတယ် Windows အတက် အဖွင့် အပိတ်မြန်တယ်။ SQL server အားလုံး PC မှာလို အဆင်ပြေပြေသုံးလို့ ရတယ်။
နောက် ထပ်ရှာကြည့်တော့ Fusion VMWare 5 အတွက် serial key ရတယ်။
5 ကတော့ Mountain Lion 10.8.4 မှာ အဆင်ပြေပြေ install လုပ်နိုင်သွားပါတယ်။
ဒီတစ်ခါ Macbook Pro က Boot Camp တင်မထားတော့ partition မခွဲတော့ပဲ image file အနေနဲ့ ပဲ Windows7 install လုပ်ကြည့်တော့ ပိုသုံးရတာမြန်တယ်။ ပိုကြိုက်တယ်။

VMWare FUSION 5 – Mountain Lion 10.8.x
VMWare FUSION 4 – Lion 10.7.x

မူရင်းရေးသားသူ ကိုမိုးဝင်းလှိုင် ၏ပို့ စ်ကိုပြန်လည်ကူးတင်ပေးခြင်းဖြစ်ပါတယ်။

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။