မိမိတို့ ကွန်ပျူတာမှာ ဗိုင်းရပ်စ်ရှိမရှိ၊ Spyware တွေ ရှိမရှိ ဘယ်လိုကြည့်မလဲ ?
Posted in နည်းပညာများ
No comments
Thursday, 26 September 2013 By htwe naing
မြန်မာပြည်သားများ
အနေနဲ့ အင်တာနက်ကနေ ဈေးဝယ်လို့ရတဲ့ Master Card လို၊ Visa Card
လိုမျိုးတွေ ရှိတဲ့သူများနဲ့ ဘဏ်အကောင့်တွေ ရှိတဲ့သူများကတော့
မိမိတို့ကွန်ပျူတာမှာ ဒီနံပါတ်တွေကို ရိုက်မထည့်မိဖို့၊ ရေးမှတ်မထားမိဖို့
သတိပြုရမှာပါ..။ နောက်ပြီး ဒီလို ဈေးဝယ်ကတ်တွေ အမြဲတမ်း အသုံးပြုနေရတဲ့
သူများကလည်း.. ဆော့ဝဲလ်တခုကို crack ၊ patch ၊ keygen ၊ activator စတဲ့
ဆော့ဝဲလ်တွေကို ဖူးဗါးရှင်းဖြစ်အောင် လုပ်ပေးနိုင်တဲ့
ဗိုင်းရပ်စ်အမျိုးအစား ကောင်တွေနဲ့ ဆော့ဝဲလ်တွေကို မိမိတို့ ကွန်ပျူတာမှာ
အသုံးမပြုသင့်ပါဘူး..။ အဲ့ဒါတွေသုံးမိရင်တော့ မိမိတို့ဈေးဝယ်ကတ်တွေထဲက
ငွေတွေ အလိုလို ပျောက်သွားမှာပဲ ဖြစ်ပါတယ်..။ နောက်တခုက မိမိတို့ရဲ့
အရေးကြီး လျှိုဝှက်နံပါတ် Password တွေကိုလည်း ဒီလို ဆော့ဝဲလ်တွေ
ထည့်သုံးထားတဲ့ ကွန်ပျူတာတွေမှာ အသုံးမပြုသင့်ပါဘူး..။ ဒီလိုသုံးမိရင်တော့
ဒီနံပါတ်တွေက ဟတ်ကာတွေဆီ အလွယ်တကူ ရောက်သွားမှာပဲ ဖြစ်ပါတယ်..။
ဒီအောက်က ပုံလေးတွေပေါ်မှာ ကျနော် ဖေါ်ပြပေးထားတဲ့ အကြောင်းအရာတွေကို
Microsoft ဝဘ်ဆိုဒ်မှာ မူရင်းအတိုင်း အောက်ကလင့်တွေကနေ
သွားရောက်ဖတ်ရှုနိုင်ပါတယ်..။
http://windows.microsoft.com/en-us/windows-vista/how-can-i-tell-if-my-computer-has-a-virushttp://go.microsoft.com/fwlink/?LinkId=42641
http://windows.microsoft.com/en-us/windows-vista/how-to-tell-if-your-computer-is-infected-with-spyware
အောက်ကလင့်မှာတော့ မိမိတို့ အတွက် ဗိုင်းရပ်စ်တွေနဲ့ Spyware တွေကို
ကာကွယ်ဖို့ Microsoft က အခမဲ့ ပေးသုံးတဲ့ Antivirus Tools တွေကို
သွားရောက်၊ ဒေါင်းယူအသုံးပြုနိုင်ပါတယ်..။
http://www.microsoft.com/security/default.aspx
အောက်ကပုံတွေပေါ်မှာ ဖေါ်ပြပေးထားတာတွေကတော့ Microsoft က ဖေါ်ပြပေးထားတဲ့
ဗိုင်းရပ်စ်တွေနဲ့ Spyware တွေကို မိမိတို့ ကွန်ပျူတာမှာ ရှိ၊မရှိ
ဘယ်လိုလေ့လာလို့ ရနိုင်တယ်ဆိုတာ၊ သိနိုင်တယ်ဆိုတာ Microsoft က
ဖေါ်ပြပေးထားခြင်းပဲ ဖြစ်ပါတယ်..။
http://windows.microsoft.com/en-us/windows-vista/how-to-tell-if-your-computer-is-infected-with-spyware
ဒီပိုစ့်ကို လေ့လာဖတ်ရှုပြီးရင်တော့ ဗိုင်းရပ်စ်တွေနဲ့ Spyware တွေ ဘယ်လို
အလုပ်လုပ်တယ်ဆိုတာ အတော်လေး သဘောပေါက်၊ နားလည်လိမ့်မယ်လို့ ထင်ပါတယ်..။
ဒီပိုစ့်နဲ့ ဒီလိုကြိုတင် ကာကွယ်နည်းတွေကို မသိသေးတဲ့ သူတွေအတွက်
ပြန်လည်မျှဝေပေးရင်း.. အားလုံးပဲ ဗဟုသုတများတိုးပွါး၍ လေ့လာ
ဆင်ခြင်နိုင်ကြပါစေဗျာ..။
Related posts
Share this post













Myanmar Kyat Converter
0 comments: