ios 7 jailbreak အတွက်ယုံကြည်ချက်

Posted in
No comments
Monday 16 September 2013 By htwe naing

iOS hacker တစ်ဦးဖြစ်သူ pod2g က "iOS 7 jailbreak ကို အားလုံးအတွက် သုံးလို့ရအောင် ထုတ်ပေးနိုင်ဖို့ ယုံကြည်မှုတွေ ပို ပိုရှိလာတယ်၊ ဒါပေမယ့် ချက်ခြင်းတော့ ဖြစ်လာမှာ မဟုတ်သေးဘူး" လို့ သူ့ရဲ့ Twitter မှာ ပြောသွားခဲ့ပါတယ်။  











iOS 7 ဟာ အခုချိန်ထိ Final version အနေနဲ့ ထွက်မလာသေးပဲ developer များအတွက် beta version များကို တစ်မျိုးပြီး တစ်မျိုး ထုတ်ပေးနေခဲ့တာ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ iPhone 5C နဲ့ iPhone 5S က iOS 7 နှင့်တစ်ကွ ဖြန့်ဖြူးမှာ ဖြစ်လို့ နောက်လ အစပိုင်းမှာပဲ iOS 7 ကို Release လုပ်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။


"evad3rs" အဖွဲ့သားများ ဖြစ်ကြတဲ့ (pod2g, MuscleNerd, planetbeing and pimskeks) တို့ကတော့ iOS 7 အတွက် Jailbreak ကို မျက်ခြေမပြတ် လုပ်ကိုင်နေကြဆဲ ဖြစ်လို့ အားတက်စရာ ကောင်းပါတယ်။ Jailbreaker အချို့ရဲ့ ဆန္ဒကတော့ iOS 7 jailbreak ကို မြန်မြန်ဆန်ဆန်ကြီး မထုတ်ပေးနိုင်သေးရင်တောင် iOS 6.1.3/4 အတွက် Untether Jailbreak ကို ထုတ်ပေးစေလိုကြပါတယ်။ အကယ်၍သာ ဒီလို လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် iOS 7 ကို လိုက်ခွင့်မရတော့တဲ့ iPhone 4, iPad 1 နှင့် iPodTouch သမားတွေ အတွက်တော့ အကျိုးအများကြီး ရှိနိုင်ပါလိမ့်မယ်..
                                www.morthagyar.info

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။