Apple 64-bit A7 သည် quad-core ချစ်ပ် မဟုတ်ကြောင်း ကျွမ်းကျင် ပညာရှင် ပြောကြား

Posted in
No comments
Tuesday 24 September 2013 By htwe naing

Apple ကုမ္ပဏီမှ ထပ်မံ ထုတ်လုပ် ပေးထားသည့် 64-bit A7ချစ်ပ်သည် quad-core မဟုတ်ဘဲ dual-core သာဖြစ်ကြောင်း Anandtech မှ ချစ်ပ် ကျွမ်းကျင်ပညာရှင် Anand က ပြောကြားခဲ့သည်။


Apple မှ ၎င်း၏ မျိုးဆက်သစ်64-bit A7 ကို dual-core ဖြင့်သာ ထုတ်လုပ်ထားသော်လည်း အဆိုပါ core နှစ်ခုသည် အလွန်ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ကြောင်း Anandtech ၏ အဆိုအရ သိရသည်။ Quadcore သည် dual-core ထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သည် ဆိုသော်လည်း ၎င်းသည် ဖုန်းများ၏ လုပ်ဆောင်နိုင်စွမ်းကို အကောင်းဆုးံ ဖြစ်စေသည့် နည်းလမ်းတစ်ခု မဟုတ်ကြောင်း Anand ကအင်တာဗျူး တစ်ခုတွင် ဖြေကြားခဲ့သည်။ လက်ရှိ မိုဘိုင်းဈေးကွက် တွင်လည်း Apple မှလွဲ၍ quadcore အသုံးမပြုဘဲ ပါးလွှာသည့် စမတ်ဖုန်း ထုတ်လုပ်ရောင်းချနိုင်သူ မရှိသေးကြောင်း ၎င်းက ဆက် လက် ပြောကြားခဲ့သည်။ iPhone5S နှင့် ၎င်း၏ A7 ပရိုဆက်ဆာသစ်သည် iPhone 5 နှင့် ၎င်း၏ A6 ပရိုဆက်ဆာထက် စွမ်းဆောင်ရည် ၂ ဆ ပိုမို လျင်မြန်ကြောင်းCNET သတင်းဌာနက သုံးသပ် ဖော်ပြခဲ့သည်။ လက်ရှိတွင် Apple၏ dual-core A7 ချစ်ပ်သည် အလျင်မြန်ဆုံး system-on-a-chip ဖြစ်ပြီး Qualcomm ၏ Snapdragon800 နှင့် ARM ၏ CortexA15 ချစ်ပ်တို့ထက် ပိုမိုကောင်းမွန်ကြောင်း Anand ၏ သုံးသပ် ချက်တွင် ဖော်ပြထားသည်။ Apple A7 ချစ်ပ်သည် ပထမဦးဆုံး ARM အခြေခံ 64-bit စမတ်ဖုန်း ပရိုဆက်ဆာ ဖြစ်ပြီး 64-bit စွမ်းဆောင်ရည် လိုအပ်သည့် app များနှင့် ဂိမ်းများအတွက် အကောင်းဆုံး အသုံးပြုနိုင်မည် ဖြစ်သည်။ သို့ရာတွင် ချစ်ပ်၏ စွမ်းဆောင်ရည် ပိုမိုလျင်မြန်စေရန် အတွက် Apple က graphics engineကို အဆင့်မြှင့်တင်အသုံးပြုထားသည်။ Apple A7 ချစ်ပ်သည်PowerVR Series 6 GPU ပေါင်းစပ် ထည့်သွင်းထားသည့် ပထမဦးဆုံး မိုဘိုင်း ချစ်ပ် ဖြစ်ကြောင်းAnandtech က ပြောကြားခဲ့သည်။
                                    www.myanmarmobileapp.com
Apple ကုမ္ပဏီမှ ထပ်မံ ထုတ်လုပ် ပေးထားသည့် 64-bit A7ချစ်ပ်သည် quad-core မဟုတ်ဘဲ dual-core သာဖြစ်ကြောင်း Anandtech မှ ချစ်ပ် ကျွမ်းကျင်ပညာရှင် Anand က ပြောကြားခဲ့သည်။


Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။