ios 7 ကို install မလုက်ခင်ပြုလုပ်ရမည့်အချက်များ

Posted in
No comments
Thursday 19 September 2013 By htwe naing

ios 7 ကိုမနက်ဖြန်ဆိုရင် အခမဲ့ update လုပ်နိုင်တော့မှာဖြစ်ပါတယ် ဒီဇိုင်းတွေဟာလုံးဝပြောင်းလဲသွားမှာဖြစ်ပြီး control centre , photo filters,airdrop စတဲ့ feature အသစ်တွေလဲပါဝင်လာမှာဖြစ်ပါတယ် ios 7 ကိုအောင်အောင်မြင်မြင် install လုပ်နိုင်ဖို့ပြုလုပ်သင့်တဲ့အချက်တွေရှိပါတယ်




သင် အသုံးမပြုတဲ့ apps တွေကို uninstall လုပ်ပါ။
သင့် device ဟာ install လုပ်နိုင်မယ့်စရင်းထဲမှာပါပြီဆိုရင် အသုံးမပြုတဲ့ apps တွေကိုဖြုတ်ပြစ်ပါ။ update လုပ်တဲ့အခါမှာ အစဉ်ပြေပြေနဲ့ မြန်မြန်ဆန်ဆန်ဖြစ်ဖို့အတွက်ပါ။
အသုံးပြုမဲ့ apps တွေကို update လုပ်ပါ။
အသုံးပြုမဲ့ apps တွေကိုလည်း နောက်ဆုံး version ဖြစ်အောင် update လုပ်ထားပါ။ ios 7 ကို install လုပ်ရင် apps တွေကိုအလိုလိုဒေါင်းလုပ် လုပ်ခိုင်းပါလိမ့်မယ် ios 7 ကို install မလုပ်ခင် apps တွေကို update လုပ်ထားချင်းဖြင့် ios 7 ကို install လုပ်တဲ့ အခါမှာလွယ်ကူမြန်ဆန်စေမှာပါ။
backup လုပ်ပါ။
os တစ်ခုကို install မလုပ်ခင် backup လုပ်ဖို့အရေဒကြီးပါတယ်။တစ်စုံတစ်ခု အမှားအရွင်းဖြစ်ခဲ့ရင် buckup ကနေပြန်ပြီး restore လုပ်နိုင်ဖို့ပါ။
iTune ကို update လုပ်ပါ။
ios ရဲ့ major versions တွေထွက်တိုင်း iTunes လည်းထွက်ရှိတက်ပါတယ်။ itunes အသစ်မှာ ios အသစ်နဲ့ compatible  ဖြစ်မဲ့ feature တွေပါရှိတဲ့အတွက် update လုပ်ထားရမှာပါ။ iTunes ကို apple website မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ iTunes ရဲ့ help menu ကနေ" chack for update "ကိုနှိပ်ပြီးလည်း update လုပ်နိုင်ပါတယ်။
အပေါ်ကအချက်တွေကို ပြုလုပ်ပြီးပြီ တိုရင်တော့ ios 7 ကို install လုပ်ဖို့အဆင်သင့်ဖြစ်ပါပြီ။ 
 သင့် device ဟာ ios 7 ကို install လုပ်နိုင်မလား ?
ios 7 ကို install လုပ်နိုင်မယ့် device တွေကိ apple ကစရင်းပြုစုထားပါတယ် အောက်ကပုံမှာ click နှိပ်ပြီး ပုံအကြီးချဲ့ ပြီးကြည့်နိုင်ပါတယ်။
                                 www.kothuya.com

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။