screengrab add-on for firefox

No comments
Tuesday 25 March 2014 By htwe naing

ဒီတစ်ခါ firefox အတွက်အသုံးဝင်တဲ့ Add-On လေးတစ်ခုနဲ့ မိတ်ဆက်ပေချင်ပါတယ်။မသိသေးတဲ့သူတွေအတွက်ပါ။တစ်ခြားတော့မဟုတ်ပါဘူး Screengrab လို့ခေါ်တဲ့ extension လေးတစ်ခုပါ။ဒီ extension လေးကို ကျွန်တော့်မှာ blog မရှိခင်တုန်းက နည်းပညာ website တွေကိုလေ့လာတဲ့အခါ ကျွန်တော့အတွက် တစ်ကယ်အသုံးဝင်ခဲ့တဲ့ extension လေးတစ်ခုပါ။ကျွန်တော် ဘယ်လိုအသုံးပြုတယ်ဆိုတာကို ပြောပြပါ့မယ်။

ပထမဆုံး ဒီလင့်လေး မှာသွားပြီး Add to Firefox ဆိုတာကိုနှိပ် install လုပ်ပြီး Firefox ကို restart ချလိုက်ပါ။ ပြီးသွားရင်တော့ screengrab extension လေးရပြီပေါ့.... ဘယ်လိုအသုံးဝင်လဲဆိုတာ ဆက်ကြည့်ရအောင်

ကို ဝင်းကမ္ဘာကျော် site ကိုဥပမာထားပြီး ပြောပြပါ့မယ်။ သူငယ်ချင်းတို့ နှစ်သက်တဲ့ ပိုစ့်လေးတစ်ခုကို ဖွင့်လိုက်ပါ။ အခု ရေပန်းစားနေတဲ့ android root လုပ်နည်းအကြောင်းကိုပဲသွားရအောင် ပိုစ့်ရဲ့ခေါင်းစဉ်က
 
 "Samsung Galaxy Ace Plus GT-S7500 ကို Root ပတ်နည်း"

အပေါ်ကခေါင်းစဉ်အောက်မှာ root လုပ်နည်းလေးတွေရေးထားပါတယ် လိုအပ်တဲ့ tools လေးတွေလဲတင်ပေးထားပါတယ် ရေးထားတဲ့ root လုပ်နည်းလေးတွေကို internet မလိုပဲဘယ်ချိန်မဆို ပြန်ကြည့်လို့ရအောင် screengrab လေးနဲ့ ကူးထားလိုက်မယ်

အဲဒီပိုစ့်ပေါ်ကို Right Click ထောက် မျှားပြထားသလို Screengrab - Save - Complete Page/Frame
 
 
 
 
Save လုပ်ဖို့ နေရာရွေးရပါမယ်  Desktop ကိုရွေးပြီး save လိုက်ပါ။


 
 
 
save လုပ်ပြီးသွားပြီဆိုရင် Desktop ပေါ်မှာပြန်ကြည့်လိုက်ပါ တွေ့ပြီဆိုရင် Double click နဲ့ဖွင့်ပြီး Mouse ဘီးကို လှည့်ကြည့်ပါ။ ပိုစ့်တင်မကပါဘူး အောက်က comments တွေပါမြင်ရပါတယ်။ပြီးရင်တော့ Desktop ပေါ်မှာ  new folder လေးစောက်ပြီး folder ထဲမှာ download ဆွဲထားတဲ့ tools လေးတွေရယ် Screengrab နဲ့ကူးထားတဲ့ စာလေးရယ် ထည့်ထားလိုက်ရင် ဘယ်အချိန်မဆို internet မလိုပဲ ပြန်ကြည့်လို့ရပြီပေါ့။ software တွေပဲ အများကြီးသိမ်းထားပြီး ကြာလာတော့ ဘယ်နေရာမှာ ဘယ်လို အသုံးပြုရတယ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ? 
 
ကဲဒီလောက်ပါပဲ အစင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။