Microsoft က iPhone နဲ့ Android အတွက် Office ကို အခမဲ့ ပြုလုပ်ပေး
Posted in android apk, apple
No comments
Sunday, 30 March 2014 By htwe naing

Microsoft က iPhone နဲ့ Android အတွက် Office ကို ရောင်းချနေရာကနေ အခမဲ့
အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ Word Documents, Excel Spreadsheets,
PowerPoint Presentation များကို မိုဘိုင်းဖုန်း မှာ Create, Edit အခမဲ့
ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
iOS နဲ့ Android App များရဲ့ Home Page မှာ OneDrive မှ Document တွေကို
ဖွင့်လို့ရတဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Recent ကဏ္ဍ မှာ မကြာမီ က
ပြုလုပ်ခဲ့တဲ့ Document တွေကို ပြသပေးမှာဖြစ်ပါတယ်။ New Tab မှာ Document
အသစ်တွေ ပြုလုပ်နိုင်ပါတယ်။
Microsoft က အခုလို Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်တာဟာ Apple
နဲ့ Google တို့ကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပါတယ်။ Apple က Pages,
Keynote, Numbers ဆော့ဝဲတွေကို iPhone ၀ယ်တဲ့သူတွေကို အခမဲ့
အသုံးပြုခွင့်ပေးထားပါတယ်။ Google ကလည်း Google Docs ကို Google Drive မှာ
ထည့်သွင်းပေးထားပြီး Platform တိုင်းမှာ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။
Microsoft က iPad အတွက် Office ကို ကြေညာအပြီးမှာ အခုလို Android ,
iPhone တို့အတွက် Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဆိုတာ ကို
ကြေညာခဲ့တာဖြစ်ပါတယ်။ iPad အတွက် Office ကို အခပေး အသုံးပြုရမှာဖြစ်ပြီး
တစ်နှစ်လျှင် ဒေါ်လာ ၉၉.၉၉ သို့မဟုတ် ယူရို ၇၉.၉၉ ကျသင့်မှာ ဖြစ်ပါတယ်။
Android နဲ့ iPhone အတွက် Office ကို အောက်ကလင့် တွေကနေ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.microsoft.office.officehub(For android)
Ref:Myanmar Digital Life Journal
Related posts
- Movie Box ကို Non - Jailbreak Iphone / Ipad များတွင်ထည့်သွင်းလို့ရပြီ
- IOS 8 iphone, ipad, pod တွက် မြန်မာစာအဆင်ပြေစေမည့် wekey
- How to download deb file From Cydia
- iOS 8 အတွက်အသစ်ထွက်ရှိလာတဲ့ မြန်မာကီးဘုတ် WeKey
- MMDhammaPaDa (မြန်မာ ဓမ္မပဒ) iOS App
- lollipop myanmar font tools
- Advanced Download Manager Pro 4.1.0.APK
- PPSSPP GOLD 1.0.1.0 APK
- Show Box 3.87.APK for android
- Bagan Keyboard Premium V-5.1 ( Activated )
Share this post
0 comments: