IOS 7.1 တင်လိုက်လို့ ဇော်ဂျီဖောင့် ပျောက်နေရင်

Posted in
No comments
Friday, 21 March 2014 By htwe naing

IOS 7.1 တင်လိုက်လို့ ဇော်ဂျီဖောင့် ပျောက်နေရင် ဒီလိုလေး ရှင်းလိုက်ကြရအောင်။
တနေ့ ကထွက်လာတဲ့ IOS 7.1 ကြောင့် ဇော်ဂျီဖောင့် ပျောက်သွားပြီး သူငယ်ချင်းတွေ တော်တော်များများ ခေါင်းစားနေကြတာ တွေ့ ရပါတယ်။ အဲ့ဒါကြောင့်မို့ တလက်စတည်း အားလုံးအတွက် အဆင်ပြေအောင် လုပ်နည်းလေးကို ဒီကနေ တဆင့် တင်ပေးလိုက်ပါတယ်။ ပုံလေးတွေနဲ့ ရှင်းပြထားတာမို့ သာမန်လူတွေအတွက်ပါ နားလည်လွယ်ပါတယ်။ ဂျေးဘရိတ် မလုပ်ထားတဲ့ အိုင်ဖုန်းတွေအတွက်ပါ။ ဇော်ဂျီကို ပြန်မြင်အောင် လုပ်တဲ့နည်းပါပဲ။ ရိုက်ဖို့ ကီးဘုတ်ကတော့ အဆင်မပြေသေးပါဘူး။
ကဲ စလိုက်ကြရအောင်နော်။
၁.
အရင် ရှိပြီးသား ဇော်ဂျီဖောင့် ရဲ့ ပရိုဖိုင် အဟောင်းကို ဖျက်ဖို့ လုပ်ပါမယ်။
အိုင်ဖုန်းရဲ့ Setting အောက်က General ကို နှိပ်ပါ။

၂. General ကို ရောက်ရင် Screen အောက်ထိရောက်အောင် ဆွဲချပြီး Profile ကို နှိပ်ပြီး ဖွင့်ပါ။ Installed လုပ်ထားတဲ့ ကဏန်းလေးတွေတော့ ကွဲပြားနေပါလိမ့်မယ်။

၃. Profile အောက်မှာ ရှိနေတဲ့ Zawgyione-font ဆိုတာလေးကို နှိပ်ပြီး Remove လုပ်လိုက်ပါ။ အဲ့ဒါဆိုရင် ရှိပြီးသား ဇော်ဂျီကို Delete (Uninstall) လုပ်သွားပါလိမ့်မယ်။
၎. Home ခလုပ်ကို နှိပ်ပြီး စက်တင်ထဲက ထွက်ပါမယ်။
ဒီလင့်လေးကို http://cl.ly/UMK0 Safari ထဲမှာဖွင့်ပြီး Zawgyi font ဒေါင်းလုပ် လုပ်ပါမယ်။ (အိုင်ဖုန်းနဲ့ ဖေ့ဘုတ်ပေါ်မှာ ရှိတဲ့ အပေါ်က လင့်လေးကို နှိပ်လိုက်ရုံပါပဲ။)
၎-က. အဲ့ဒီလင့်နဲ့ အဆင်မပြေရင် Safari မှာ http://blog.saturngod.net/knowledgebase/zawgyi-for-ios-7-thank-thant-thet ကို ဖွင့်ပြီး http://d.pr/f/M8Es+ ကို နှိပ်၊ ဇော်ဂျီဖောင့် အင်စတော်လာ လေး ကျလာရင် Install ကို နှိပ်ပြီး ဇောင်ဂျီဖောင့် သွင်းပါမယ်။
ကဲ အဲ့ဒါဆိုရင် ဖေ့ဘုတ်မှာ SMS တွေ Safari တွေမှာ ဇော်ဂျီဖောင့်တွေ ပြန်မြင်ရ ပြန်ဖတ်လို့ ရပြီပေါ့။
အိုင်ဖုန်း အသစ်သမားတွေ အတွက်ကတော့ အပေါ်က အဆင့်တွေ မပါဘဲ အဆင့် ၄ ကို တန်းလုပ်ပြီး ဇော်ဂျီဖောင့် ကို တင်လို့ ရပါတယ်။
ကဲ ပန်းသီး ချစ်သူတွေ အားလုံး ခေါင်းစားတဲ့ အရေးမှ ကင်းဝေးကြပါစေ။


 


 


 


 

 credit to - FONECLUB

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။