sony xperia ဖုန်းတွေကို Reset ချဖို့ Reset.FTF ဖန်တီးနည်း။
Posted in sony firmwares, နည်းပညာများ
No comments
Wednesday, 28 January 2015 By htwe naing
sony xperia ဖုန်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် patttern lock မေ့သွားတာ ၊ password တွေမေ့သွားတာ တို့အတွက် အလွယ်တစ်ကူ Reset ချနိုင်တဲ့နည်းလမ်းလေးပါ။ တစ်ခြား custom recovery install လုပ်ထားတဲ့ ဖုန်းတွေမှာ Reset ချဖို့ အစင်ပြေပင်မဲ့ custom recovery မရှိတဲ့ ဖုန်းတွေအတွက် အစင်ပြေတဲ့နည်းပါ။
ကျွန်တော်တစ်နေ့က ရေးထားတဲ့ ဒီနေရာ ကပိုစ့်လေးအတိုင်း Flashtool ကိုဖွင့်ပြီး Tools\Bundles\FILESET Decrypt ဆိုတဲ့ လမ်းကြောင်းအတိုင်းသွားပါ။
Source Folder နေရာမှာ
C \ProgramData\Sony Mobile\Update Engine\db\13740270\blob-fs အတိုင်းသွားပါ။
အပေါ်ကလမ်းကြောင်းအတိုင်းသွားပြီးရင် အောက်ကပုံမှာလို Available files အကွက်ထဲမှာ FILES လေးခုရောက်လာမှာပါ။
အဲဒီ FILES လေးခုကို select လုပ် အလယ်ကမျှားလေးကိုနှိပ်ပြီး အောက်နားက Convert ကိုနှိပ်ရင် အောက်ကပုံမှာလို တွေရမှာပါ။
ခဏနေရင် အောက်ပုံမှာလို ရပြီဆိုရင် Device : ဘေးကအကွက်ကို click နှစ်ချက်နှိပ်ပြီး ကိုယ့်ဖုန်း Model နံပါတ်ကိုရွေးပေးပါ။ကျွန်တော်ကတော့ sony xperia Z Ultra C6802 နဲ့စမ်းထားတဲ့အတွက် sony Z Ultra C6802 ကိုရွေးထားပါတယ်။
Branding: ဘေးကအကွက်ထဲမှာ Reset.FTF လို့ရေးပေးပါ။
Version : ဘေးကအကွက်ထဲမှာတော့ Build number ကိုထည့်ပါ။ ပြီးသွားရင် အောက်ကပုံမှာလို folder list အောက်ကအကွက်ထဲမှာ loader sin နဲ့userdata-S1-SW-LIVE-6732-PID1-0005-MMC.SIN ကိုရှာ select လုပ် အလယ်ကမျှားကိုနှိပ်ပါ။
ပြီ:ရင် Create ကိုနှိပ်လိုက်ပါ။ အောက်ကပုံမှာလို Flashtool က Bundle Creation လုပ်နေပါလိမ့်မယ်။
Bundle creation finished ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ Reset.FTF ကို C \ Flashtool \ firmware နေရာမှာသွားကြည့်လိုက်ပါ။
အစင်ပြေပါစေ။
Related posts
- XperiFirm Xperia Firmware Downloader V3.6a latest
- Sony Xperia Z Ultra 4.4.4 Build .108 Locked Bootloader ကို Custom Recovery ထည့်နည်း
- Sony Xperia ဖုန်းတွေမှာ FM Radio ကို Headset မသုံးပဲနားဆင်မယ်
- Sony Xperia ဖုန်းတွေမှာ Reboot Option ထည့်နည်း။
- How to root Sony Xperia Z Ultra C6802 android 5.0.2 build 24.5.A.0.242
- Sony Xperia ဖုန်းတွေအတွက် Root လုပ်ပြီးသား Firmware လုပ်နည်း။
- Android ဖုန်းတွေမှာ Developer Option ဖျောက်နည်း။
- Youtube က video တွေကို CMD ကနေဒေါင်းနည်း။
- Sony ဖုန်း firmware တွေကိုအလွယ်တစ်ကူ ဒေါင်းချင်သူတွေအတွက် Xperifirm 4.6.0
Share this post
0 comments: