PC အတွက် ယူနီကုတ် သွင်းနည်း (Online)

No comments
Wednesday, 21 January 2015 By htwe naing


ဒီနေ့ညတော့ ကျနော် ကွန်ပျူတာအတွက် ယူနီကုတ် ကီးဘုတ်နှင့် ဖောင့်တွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။ လုပ်နည်းကိုပါ အကျဉ်းချုံးပြောပြလိုပါတယ်။  အောက်ပါ နည်းလမ်းသည် ကွန်ပျူတာတွင် အင်တာနက် ချိတ်ဆက်ထားရန်လိုအပ်ပါတယ်။ နောက်နေ့မှာ offline install သမားများအတွက် ထပ်တင်ပေးပါ့မယ်။

Window 7 (32bit) သမားများ ယူနီကုတ် သွင်းယူနည်း
------------------------------------------------------
  1. Microsoft Visual C++ 2008(x86) ကို Download လုပ်ယူပါ။
  2. ပြီးလျှင် .net framework 3.5 ကို Download လုပ်ပြီး install လုပ်ပါ။
  3. ပြီးလျှင် Unicode keyboard နှင့် Font ပါဝင်သော ဖိုင်ကို Download လုပ်ပါ။
  4. ရလာသည့်ဖိုင်ကို ကွန်ပျူတာထဲတွင် win rar ဖြင့် ဖြည်ချလိုက်ပါ။
  5. ပြီးလျှင် အထဲတွင်ပါလာသည့် fonts ဆိုတဲ့ Folder ထဲတွင်ပါဝင်သော unicode font များကို Right click ထောက် install ကိုနှိပ်ပြီး သွင်းယူလိုက်ပါ။
  6. အထဲတွင် KeyMagic-1.5.1နှင့် KeyMagic-1.3.2 Version နှစ်မျိုးပါပါတယ်. ကြိုက်သည့် version ကို install လုပ်ပါ။ Keymagic ကီးဘုတ်တွင် ဇော်ဂျီလက်ကွက်သမားများအတွက် Zawgyi လက်ကွက်အတိုင်းရိုက်ရသည့် Zawgyi Unicode လည်းပါဝင်ပါတယ်။ လက်ကွက်အတွက်စိတ်ပူစရာမလိုပါဘူး။ ဒါ့အပြင် ဇော်ဂျီမှာ ၂ မျိုးထည့်ထားပါတယ်။ ယခုမိတ်ဆွေတို့ သုံးနေတဲ့ ဇော်ဂျီလက်ကွက်နှင့် Unicode ဇော်ဂျီလက်ကွက် ၂ မျိုးပါသည့်အတွက်ကြောင့် ဇော်ဂျီကိုသာ သုံးနေသည့် သူငယ်ချင်းများကို စာရိုက်ဖြေချင်လျှင်လည်းရသလို ယူနီကုတ်လက်ကွက်သုံးပြီး ရိုက်ချင်လည်း အဆင်ပြေစေပါတယ်။ 


Window 7 (64bit) သမားများ ယူနီကုတ် သွင်းယူနည်း
-------------------------------------------------------
  1. Microsoft Visual C++ 2008(x64) ကို Download လုပ်ယူပါ။
  2.  ပြီးလျှင် .net framework 3.5 ကို Download လုပ်ပြီး install လုပ်ပါ။
  3. ပြီးလျှင် Unicode keyboard နှင့် Font ပါဝင်သော ဖိုင်ကို Download လုပ်ပါ။
  4. ရလာသည့်ဖိုင်ကို ကွန်ပျူတာထဲတွင် win rar ဖြင့် ဖြည်ချလိုက်ပါ။
  5. ပြီးလျှင် အထဲတွင်ပါလာသည့် fonts ဆိုတဲ့ Folder ထဲတွင်ပါဝင်သော unicode font များကို Right click ထောက် install ကိုနှိပ်ပြီး သွင်းယူလိုက်ပါ။
  6. အထဲတွင် KeyMagic-1.5.1နှင့် KeyMagic-1.3.2 Version နှစ်မျိုးပါပါတယ်. ကြိုက်သည့် version ကို install လုပ်ပါ။ Keymagic ကီးဘုတ်တွင် ဇော်ဂျီလက်ကွက်သမားများအတွက် Zawgyi လက်ကွက်အတိုင်းရိုက်ရသည့် Zawgyi Unicode လည်းပါဝင်ပါတယ်။ လက်ကွက်အတွက်စိတ်ပူစရာမလိုပါဘူး။ ဒါ့အပြင် ဇော်ဂျီမှာ ၂ မျိုးထည့်ထားပါတယ်။ ယခုမိတ်ဆွေတို့ သုံးနေတဲ့ ဇော်ဂျီလက်ကွက်နှင့် Unicode ဇော်ဂျီလက်ကွက် ၂ မျိုးပါသည့်အတွက်ကြောင့် ဇော်ဂျီကိုသာ သုံးနေသည့် သူငယ်ချင်းများကို စာရိုက်ဖြေချင်လျှင်လည်းရသလို ယူနီကုတ်လက်ကွက်သုံးပြီး ရိုက်ချင်လည်း အဆင်ပြေစေပါတယ်။

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။