sony xperia ဖုန်းတွေအတွက် Official FTF firmware ထုတ်နည်း
Posted in sony firmwares, နည်းပညာများ
No comments
Sunday, 25 January 2015 By htwe naing
sony xperia ဖုန်းတွေအတွက် Official FTF firmware လေးတစ်ခု ထုတ်ကြည့်ရအောင် ဒီနည်းလမ်းလေးက ကိုယ်ပိုင်ဖုန်းတစ်လုံး ပိုင်ဆိုင်ထားသူတွေအတွက် အစင်ပြေစေ မဲ့နည်းလမ်းလေးတစ်ခုပါ။ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဖုန်းလေးအတွက် FTF firmware လေးတစ်ခုလောက်တော့ရှိထားသင့်ပါတယ်။ အဲဒီ Firmware ကိုဘယ်ကယူမလဲ? ဒီတစ်ခါတော့ XperiFirm တို့ flashtool တို့ကိုသုံးပြီး Download မဆွဲတော့ပါဘူး။ sony pc companion ထဲကနေ FTF firmware တစ်ခုအဖြစ်ဖန်တီးယူမှာပါ။ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ သေချာပြပေးထားပါတယ်။
သိပြီးသားသူတွေ ကတော့သီးခံပေးပါ။မသိသေးတဲ့သူတွေအတွက်ပါ။အောက်မှာ လိုအပ်တာတွေအရင်ယူလိုက်ပါ။
sony pc companion နဲ့ flashtool ကို pc မှာ install လုပ်ထားလိုက်ပါ။ install လုပ်နည်းကိုတော့ပြောမပြတော့ပါဘူး။ တစ်ခုရှိတာက sony pc cpmpanion ကို install လုပ်တဲ့အခါ My location ဆိုတဲ့နေရာမှာ ကိုယ်နေတဲ့ နိုင်ငံအလိုက် ရွေးပေးပါ။
ဖုန်းကို PC မှာ usb ကြိုးနဲ့ချိတ်ပြီး အောက်ကပုံလေးတွေအတိုင်းလိုက်လုပ်ပေးပါ။
ဒီအောက်ကပုံအဆင့်ကိုရောက်ရင် ဖုန်းကို PC ကနေUSB ကြိုးပြန်ဖြုတ် ထားလို့ရပါပြီ။
ဒီအောက်ကပုံ အဆင့်ကိုရောက်ရင် connection ပေါ်မူတည်ပြီးကြာနိုင်ပါတယ်။အထူးသဖြင့် တို့ပြည်မြန်မာပေါ့။
Downloading ဆိုပြီး နာရီဝက်လောက်စောင့်ပေးပါ အောက်ကပုံလိုပေါ်လာ ရင် Cancel ကိုနှိပ်ပြီး sony pc companion ကိုပိတ်ထားလို့ရပါပြီ။
အောက်ကလင့်မှာ Flashtool ကိုယူပြီး PC မှာ install လုပ်ထားလိုက်ပါ။
Flashtool ကို install လုပ်ဖို့မပြောတော့ဘူးနော် လုပ်တက်မှာပါ။ ပြီးရင် Flashtool ကိုဖွင့် အောက်ကပုံမှာလို Tool / Bundles / FILEST Decrypt ကိုရွေးပေးပါ။
အောက်မှာဝိုင်းပြထားတဲ့ source folder နေရာမှာ C:\ProgramData\Sony Mobile\Update Engine\db\13740270\blob_fs ဒီလမ်းကြောင်းလေးအတိုင်သွားပါ။
ရောက်ပြီဆိုရင် အောက်ကပုံလို Available files နေရာက file လေးခုကို select လုပ်မျှားလေးကိုနှိပ်ပေးပြီး Convert ကိုနှိပ်ပါ။
flashtool က convert လုပ်ပြီးသွားရင် အောက်ကပုံမှာလို Devices နေရာမှာ click နှစ်ချက်နှိပ်ပြီး ဖုန်း model ကိုရွေးပေးပါ။ file list နေရာကစာတွေကို select လုပ် အလယ်ကမျှားလေး နှိပ်ပေးပါ။
အောက်ကပုံမှာလိုရလာရင် TA ဆိုတဲ့ folder လေးကိုရှာပါတွေ့ရင် folder အပေါ်ကို click တစ်ချက်ထောက်ပြီး ဘယ်ဘက်ကမျှားလေးကိုနှိပ်ပြီးချန်ထာခဲ့ပါ။ဘာဖြစ်လို့ အဲဒီ folder
ကိုချန်ထားတာလဲဆိုတော့ firmware flash လုပ်တဲ့အခါ အဲဒီ folder ပါသွားရင် ဖုန်းက hard brick
ဖြစ်သွားမှာပါ။
branding နေရာမှာကိုယ်ရဲ့ region .FTF / version နေရာမှာ ဘယ်လောက်ပေါ့ပြီးရင်တော့ create ကိုနှိပ်လိုက်ပါ။
flashtool က FTF firmware စပြီး creating လုပ်နေပါလိမ့်မယ်။
Bundle creation finished ဆိုပြီး ပေါ်လာရင် flashtool ကိုပိတ်လိုက်ပါ။ ပြီးရင် C / flashtool / firmwares ထိသွားလိုက်ပါ။ ကျွန်တော်လိုချင်တဲ့ Official FTF firmware လေးရလာပါပြီ။
အစင်ပြေပါစေ။
Related posts
- Sony Xperia ဖုန်းတွေမှာ Reboot Option ထည့်နည်း။
- How to root Sony Xperia Z Ultra C6802 android 5.0.2 build 24.5.A.0.242
- Sony Xperia ဖုန်းတွေအတွက် Root လုပ်ပြီးသား Firmware လုပ်နည်း။
- Android ဖုန်းတွေမှာ Developer Option ဖျောက်နည်း။
- Youtube က video တွေကို CMD ကနေဒေါင်းနည်း။
- Sony ဖုန်း firmware တွေကိုအလွယ်တစ်ကူ ဒေါင်းချင်သူတွေအတွက် Xperifirm 4.6.0
- XperiFirm Xperia Firmware Downloader V3.6a latest
- Sony Xperia Z Ultra 4.4.4 Build .108 Locked Bootloader ကို Custom Recovery ထည့်နည်း
- Sony Xperia ဖုန်းတွေမှာ FM Radio ကို Headset မသုံးပဲနားဆင်မယ်
Share this post
0 comments: