Windows 7 မှာ User Account ကိုဖွက်ထားမယ်

No comments
Wednesday 26 November 2014 By htwe naing


ဒီတစ်ခါ ကျွန်တော်က Window 7 Login မှာ User Account
တွေဘယ်လောက်ပဲရှိရှိ ဖွက်ထားမယ့်နည်းလေးကို ပြောချင်
ပါတယ်။ဟိုးအရင် 2007 လောက်တုန်းက ကျွန်တော်ဝင်းဒိုး
XP SP-1 ကိုသုံးတုန်းကတော့ အလွယ်တကူပဲဗျ.. ခုက XP
ကိုလည်း မသုံးဖြစ်တာကြာလာတော့ အဲ့ဒီက Registry တောင်
နည်းနည်းမေ့ချင်သလိုဖြစ်နေပီ။ တစ်ကယ်တမ်း Registry ကို
အရမ်းကလိလို့ (ပြင်ဆင်)ကောင်းတာက Window XP ပေါ့။
Windows7 မှာကျတော့ သိပ်ပြီးပြင်စရာမလိုတော့ဘူး။ ဒါ
ပေမယ့်လည်း အချို့ နေရာလေးတွေ ကတော့ ရှာဖွေရင်းနဲ့
လုံးဝပြင်သင့်တဲ့နေရာလေးတွေရှိပါတယ်။ ကဲ စကားတွေများ
နေပီ အလုပ်နဲ့ သက်သေပြရအောင်.. အရင်ဆုံး ကျွန်တော်တို့
Run Box ထဲမှာ "regedit" လို့ရိုက်လိုက်ပါမယ်။


ထို့နော်ကတော့ Registry ထဲရောက်ပြီဆိုရင်တော့အောက်ပါ Location
အတိုင်း သွားလိုက်ပါမယ်
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon\SpecialAccounts\UserList


ဒီနေ့တော့ အထက်ပါပုံအတိုင်းမြင်ရပြီဆိုရင်တော့ ကျွန်တော်တို့က
မိမိ ရဲ့ ကွန်ပျူတာထဲမှာ သတ်မှတ်ထားတဲ့ User Account တွေထဲက
မှ မိမိ Hide လုပ်ချင်တဲ့ User Account name ကိုရိုက်ထည့်ပေးရမှာ
ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ညာဘက်ခြမ်း အလွတ်တစ်
နေရာမှာ Right Click နှိပ်လိုက်ပါမယ်။


ပြီးသွားရင် New ကိုနှိပ် DWORD (32-bit) Value ဆိုတာကိုရွေးပေး
ပါမယ်။ထို့နောက်တော့


အထက်ပါပုံအတိုင်း ပေါ်လာပြီဆိုရင် မိမိ Computer ထဲက မိမိ
ဖွက်ချင်တဲ့ Account နာမည်ကို ရေးပေးလိုက်ပါမယ်။ပြီးသွားရင်
တော့


အထက်ပါပုံအတိုင်းမှာ သူ့ရဲ့ Value Data ကို 0 အဖြစ်ပဲသတ်မှတ်
ပေးထားရမှာဖြစ်ပါတယ်။ "0" ဟုသတ်မှတ်လျှင် Hide လုပ်မှာဖြစ်ပီး
အကယ်လို့ သင်က ပြန်ပြီး ဖော်ချင်တယ်ဆိုရင် "1" ဟုသတ်မှတ်ပေး
ရမှာဖြစ်ပါတယ်။ပြီးသွားရင်တော့ OK ကိုနှိပ်လိုက်ပါမယ်။ ဒီနောက်
ကျွန်တော်တို့က Effect ဖြစ်အောင်လို့ Run Box ထဲမှာ


အထက်ပါပုံအတိုင်း "gpupdate /force" ဟုရိုက်ပေးလိုက်ပါမယ်။
ထို့နောက် သင့်ကွန်ပျူတာကို Win+L ဖြင့် Log Off သို့မဟုတ်
Switch User လုပ်ကြည့်လျှင် ယခင် အကောင့် နှစ်ခု သုံးခု ပေါ်နေ
ရာကနေ သင်ဖွက်ထားတဲ့ အကောင့်တွေက Login Screen မှာ ပျောက်
နေမှာဖြစ်ပါတယ်။။ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါ
တယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။