Sony Xperia Z Ultra C6802/C6806/C6833 14.4.A.0.108 Firmware [Locked Bootloader] ကို Root လုပ်နည်း။

No comments
Tuesday 7 October 2014 By htwe naing

Sony Xperia Z Ultra ရဲ့ နောက်ဆုံး firmware ဖြစ်တဲ့ build number 14.4.A.0.108၊ Android 4.4.4 KitKat ကို root လုပ်ချင်တဲ့သူတွေအတွက်ပါ။ ဒီ root လုပ်နည်းက Z Ultra C6802/C6806/C6833 တွေကို Unlock Bootloader ဖွင့်စရာမလိုပဲ root လုပ်ပေးနိုင်ပါတယ်။ ကွန်တော်ကတော့ အပေါ်က model သုံးမျိုးထဲက Z Ultra C6802 ကို ဒီနည်းလမ်းလေးနဲ့ root လုပ်တာအစင်ပြေပါတယ်။သိပြီးသားသူတွေကျော်သွားလိုက်ပါ။မသိသေးတဲ့သူတွေအတွက်ပါ။
အောက်မှာလိုတာလေးအရင်ယူထားလိုက်ပါ။

၁။အရင်ဆုံး ADB installer ကို PC မှာ install လုပ်ထားပါ။အောက်ကပုံလေးအတိုင်းပေါ်လာရင် <Y / N > နောက်မှာ Y လို့ရိုက်ပြီး enter ခေါက်ပေးလိုက်ပါ။
ADB and Fast 
 ၂။ဖုန်းမှာ USB debugging on ထားပါ။USB debugging ဖွင့်ဖို့အတွက် Settings > Developer Options > USB debugging mode ရဲ့ဘေးကအကွက်လေးထဲမှာအမှန်ခြစ်လေးပေးလိုက်ပါ။တစ်ကယ်လို့များ setting ထဲမှာ Developer Options မတွေဘူးဆိုရင် Settings > About Device မှာအောက်ဆုံးက build number ကို (၇) ချက်လောက်တောက်ပေးလိုက်ရင် setting ထဲမှာ Developer Options ကိုတွေ့ရမှာပါ။
 
၃။ဖုန်းကို PC နဲ့ချိတ်ပါ အပေါ်မှာ download ဆွဲထာတဲ့ EasyRootTool v12.1 Zip file ကိုဖြည်ပြီး အထဲက install.bat file ကို click နှစ်ချက်နှိပ်ပြီး Run လိုက်ပါ။ cmd .exe ထဲမှာ Press any key to continue . . . ဆိုရင် ဖုန်းမှာ root ရသွားပါပြီ။ root ရပြီဆိုပေမဲ့ Superuser တော့ဖုန်းမှာပေါ်လာမှာမဟုတ်ပါ။ root ရ ၊ မရ သိချင်တယ်ဆိုရင် Playstore အစင်ပြေတဲ့သူတွေကPlaystore ကနေ Superuser apk နဲ့ Root chacker apk ကိုယူပါ။ Playstore အစင်မပြေတဲ့သူတွေကအောက်မှာယူပါ။
Superuser apk နဲ့ Root chacker apk  ကိုဖုန်းထဲမှာ install လုပ်ပါ။Root chacker မှာ Verify Root Access ကိုနှိပ်ပါ။Superuser permission တောင်းရင် Grant လုပ်ပေးလိုက်ပါ။  Congratulation this device has root acess ဆိုရင် Sony Xperia Z Ultra C6802 မှာ Root ရသွားပါပြီ။လုပ်ပုံလုပ်နည်း Video ကို ဒီနေရာ လေးမှာသွားကြည့်နိုင်ပါတယ်။
မြန်မာစာမြင်ရဖို့ နဲ့ စာမှန်ဖို့အတွက် SONY Zawgyi Installer v1.0.4.zip ကိုယူပြီး choose your option နေရာမှာ နံပါတ် (၈) တစ်ခုတည်းကိုပဲသုံးပါ။ 

 
အစင်ပြေပါစေ။

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။