iPad နဲ့ iPodTouch ကနေ ဖုန်းခေါ်ရအောင်..

Posted in
No comments
Wednesday 8 October 2014 By htwe naing

iOS 8 မှာ ထူးထူးခြားခြား ပါဝင်လာတဲ့ လုပ်ဆောင်ချက် တစ်ခုကတော့ iPad, iPodTouch တို့ကနေ တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ခြင်း၊ ပြန်လည် ဖြေကြားခြင်းတို့ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..

ဧည့်ခန်းထဲမှာ iPad နှင့် စာဖတ်နေခြင်း၊ တစ်ခုခုပြုလုပ်နေခြင်း စသည့်အချိန်များတွင် အိပ်ခန်းတွင်း ကျန်ခဲ့သော မိမိ၏ဖုန်း ခေါ်လာပါက ထိုင်ရာကနေ မထပဲ iPad ကနေ ပြန်လည် ဖြေကြားနိုင်သလို တိုက်ရိုက်လည်း ဖုန်းခေါ်ဆိုနိုင်ပါတယ်...

ယခုလုပ်ဆောင်ချက်ကို iOS 8 နှင့် Mac OS X Yosemite တို့မှာ အသုံးပြုနိုင်ပြီး iPad, iPodTouch တွင်သာမက Mac computer များမှာပါ လုပ်ဆောင်နိုင်ပါတယ်။
သို့သော် iOS device များမှာတော့ ကန့်သတ်ချက် ရှိနေပြီး iOS 8 တင်ထားတိုင်းတော့ ယခုလို လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

Device နှစ်ခုစလုံးကို iOS 8 နှင့် အထက် သွင်းထားဖို့ လိုအပ်ပြီး အောက်ဖော်ပြပါ Device များတွင်သာ အပြန်အလှန် ချိပ်ဆက်၍ အလုပ်လုပ်နိုင်ပါလိမ့်မည်။

Hardware Requirements

  • iPhone 5, iPhone 5c, iPhone 5s, iPhone 6, iPhone 6 Plus
  • iPad (4th generation), iPad Air, iPad Mini, iPad Mini (Retina Display)
  • iPodTouch (5th generation)


iPad, iPodTouch တို့မှ Receive, Call လုပ်နိုင်ဖို့ Setting မှာလည်း ပြောင်လဲလုပ်ဆောင် ပေးထားရပါလိမ့်မယ်။

၁) Device နှစ်ခုစလုံး Wi-Fi လိုင်းတစ်ခုထဲ အတူတူချိပ်ဆက်ထားရပါ။

၂) Device နှစ်ခုစလုံးတွင် Settings > FaceTime မှာ Apple ID အတူတူ Sin In လုပ်ထားပါ။

၃) Device နှစ်ခုစလုံးတွင် Settings > FaceTime > iPhone Cellular Calls ကို "ON" ထားပါ။

၎) Device နှစ်ခုစလုံးတွင် Settings > iCloud မှာ Apple ID အတူတူ Sin In လုပ်ထားပါ။

၅) iPhone တွင် Settings > Phone >Wi-Fi Calling ကို "OFF" ထားပါ။

မှတ်ချက်။ ။ (မိမိဖုန်းလိုင်းက Wi-Fi Calling ကို support မလုပ်ပါက အဆင့် ၄ ထိပင် လုံလောက်ပါသည်)


အခုဆိုရင် iPad, iPodTouch တို့မှနေ၍ ဖုန်းခေါ်ဆို၊ လက်ခံဖို့ အဆင်သင့် ဖြစ်သွားပါပြီ။ ဖုန်းခေါ်ဆိုသည့်အခါ " Contacts, Calendar, Safari" တို့ထဲမှ ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။


ယခုဖော်ပြပါနည်းအတိုင်း "iMessage" တွင် Sign In အတူတူ ဝင်ထားခြင်းဖြင့်လည်း iPad, iPodTouch တို့မှ SMS, MMS တို့ကိုလည်း ပေးပို့ ရယူနိုင်မှာ ဖြစ်ပါတယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 
 
မိုးသိကြား

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။