Android Lollipop မှာပါဝင်လာတဲ့ factory reset protection Feature
Posted in knowledge
No comments
Saturday, 18 October 2014 By htwe naing

အခုရက်ပိုင်းအတွင်းမှာတော့ Google ထုတ်ကုန်အသစ်တွေထွက်ရှိလာမှူနဲ့
Android version အသစ်ဖြစ်တဲ့ 5.0 lollipop အကြောင်းဟာ တော်တော် ဂယက်ထ
နေပါတယ်
Android version အသစ်ဖြစ်တဲ့ 5.0 Lollipop မှာ ပါဝင်မယ့် Feature တစ်ခုဖြစ်တဲ့ Factory reset protection အကြောင်းလေးကိုမိတ်ဆက်ပေးချင်ပါတယ်
Android version အသစ်ဖြစ်တဲ့ 5.0 Lollipop မှာ ပါဝင်မယ့် Feature တစ်ခုဖြစ်တဲ့ Factory reset protection အကြောင်းလေးကိုမိတ်ဆက်ပေးချင်ပါတယ်
Security ပိုင်းမှာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားတဲ့ Google ဟာ
အသစ်ထွက် Lollipop မှာ စမတ်ဖုန်းကို ခိုးယူခြင်းမှ ကာကွယ်ရုံသာမက factory
reset ပြုလုပ်ပြီး ပြန်လည် အသုံးချခြင်း ကို ကာကွယ်ပေးဖို့ Factory reset
protection ကို ထည့်သွင်းပေးလိုက်ပါတယ်
အဆိုပါ Feature ဟာ သင့်ရဲ့
android smart phone ခိုးယူခြင်းခံရပြီး factory reset မပြုလုပ်နိုင်အောင်
password သို မဟုတ် အဆိုပါ ဖုန်းမှာ အသုံးပြုနေတဲ့ Google account ရဲ့
password ကိုတောင်းယူမှာ ဖြစ်ပါတယ် ။ အဆိုပါ Password သိရှိမှသာ ထို
android smart phone ကို reset ချနိုင်မှာဖြစ်ပါတယ် ။ ထို့အပြင်အဆိုပါ
feature နှင့်အတူ Android remote lock feature ကြောင့် သင့်ရဲ့
စမတ်ဖုန်းထဲက အရေးကြီး အချက်အလက်များ ပျက်မှာမဟုတ်ဘဲ မိမိ ဖုန်း
လွယ်လင့်တကူ ရှာဖွေနိုင်မှာပါ။
အဆိုပါ feature ကို android lollipop အသုံးပြုတဲ့ စမတ်ဖုန်းတွေမှာသာ အသုံးပြု နိုင်မှာဖြစ်ပြီး
အဆို ပါ feature ကို အခြေခံပြီး အခြားသော စမတ်ဖုန်းcompany တွေနဲ့ carriers ပေါ်မူတည်ကာ ပြောင်းလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ် ။ Security ကို အဆင့်မြှင့်ပေးလိုက်တဲ့ Google ရဲ့ Nexus မျိုးဆက်သစ်တွေနဲ့ အခြားသော အဆင့်မြင့် စမတ်ဖုန်းတွေမှာ အဆိုပါ Feature ကို မြင်တွေ့ရတော့မှာဖြစ်ပါတယ် .................

Aung Khaing (MMAS)
Related posts
- AMOLED နဲ့ IPS တို့ဘာကှာသလဲ ?
- Android Lollipop မှာပါဝင်လာတဲ့ factory reset protection Feature
- အသစ်ထွက်ရုပ်ရှင်ဇာတ်ကားကြီးများကို ကွန်ပျူတာ ၊ မိုဘိုင်းဖုန်းများ (Android/iOS) ပေါ်မှ တိုက်ရိုက်ကြည့်ရှုနိုင်မည့်ဆော့ဝဲထွက်ရှိ
- Smart Phone ရဲ့ ကင်မရာကို အသုံးချနည်းများ
- External hard drives နှင့်ပတ်သက်သော ပြဿ နာများအတွက်
Share this post
0 comments: