“အချိန်မလွန်ခင် System Restore Point ထားပါ

No comments
Wednesday, 20 August 2014 By htwe naing

System Restore ဆိုတာ Windows မှာပါတဲ့ Features တစ်ခုပါ။

သာမန် အသုံးပြုသူတွေ သိပ်မသိကြတဲ့ Features ပါ။

မသိသေးတဲ့သူတွေ အသုံးပြုလို့ ရအောင် ရေးပေးထားပါတယ်။

ဖတ်ပြီးရင်တော့ System Restore အကြောင်း

နည်းနည်းနားလည် သွားမှာပါ။

အရိုးရှင်းဆုံးပြောရမယ်ဆိုရင် System Restore ဆိုတာ System ပိုင်း

ပျက်ယွင်းသွားတဲ့ အခြေအနေကနေ ပြန်ကောင်းတဲ့အခြေအနေဆီကို

ပြန်လည်ရယူတာပါ။ တစ်ခါတစ်လေမှာ Software, Driver တွေတင်ခြင်းကနေ

Windows မတက်ခြင်းမျိုးတွေဖြစ်တတ်ပါတယ်။

Virus တွေကြောင့်လည်း Windows မတက်တာတွေဖြစ်တတ်ပါတယ်။

ဒါတွေက Hardware ပြဿနာမဟုတ်ဘဲ

System ပိုင်းကြောင့်ဖြစ်တဲ့ ပြဿနာပါ။ ဒီလို ပြဿနာတွေက

Registry settings တစ်ခုခု ဒါမှမဟုတ် အခြား System file တစ်ခုခု

လွဲမှားပြောင်းလဲထားလို့  Windows တက်မလာတော့တာပါ။

ဒီလိုဖြစ်လာပြီဆိုရင် System Restore လုပ်ခြင်းက

တော်တော်လေးထိရောက်တဲ့ ပြုပြင်ခြင်းပါ။ System Restore ဆိုတာ

Windows ကို ကောင်းမွန်စွာ အသုံးပြုနေလို့ ရနေတဲ့

အခြေအနေတစ်ခုက Registry settings နဲ့

အခြား System file တွေအတိုင်း ပြန်လည်ရယူပြီး

Windows ကို ပြန်လည်ကောင်းမွန်အောင် လုပ်ခြင်းဖြစ်ပါတယ်။

System Restore လုပ်လိုက်ရင် Registry settings နဲ့

အခြား System file တွေဘဲ ပြောင်းလဲတာဖြစ်ပြီး

ကျန်တဲ့ Personal Data တွေကတော့ မပြောင်းလဲဘဲရှိမှာပါ။

အဲ့လို ပြန်လည်ကောင်းမွန်အောင်လုပ်နိုင်ဖို့ 

System Restore Point ဆိုတာလိုပါတယ်။

Restore Point က Windows ကောင်းမွန်တုန်းက

Registry settings တွေနဲ့ အခြား System file တွေကို

မှတ်ထားပေးတဲ့ file လေးပါ။ ကောင်းမွန်တဲ့ Restore Point ရှိမယ်ဆိုရင်

Windows မတက်တော့လို့ Service Center ပို့ လိုက်ရင်တောင်

Windows ပြန်တင်ရတဲ့ အခြေအနေကနေ လွတ်ကင်းမှာပါ။

Restore Point လုပ်ဖို့ Control Panel ထဲက System ထဲကိုဝင်လိုက်ပါ။

Shortcut key နဲ့သွားချင်တယ်ဆိုရင် Windows key + pause နဲ့

သွားလို့ ရပါတယ်။ System ထဲရောက်သွားရင်

ဘယ်ဘက်ထောင့်မှာရှိတဲ့ System Protection ကိုနှိပ်လိုက်ပါ။

System Properties ဆိုတဲ့ Box လေးကျလာပါလိမ့်မယ်။

Protection settings ဆိုတဲ့အကွက်ထဲမှာ

ကိုယ် Restore Point ချချင်တဲ့ Drive ကို Select မှတ်ပြီး

Create ကို နှိပ်လိုက်ပါ။ Drive က off ဖြစ်နေတယ်ဆိုရင်

အောက်က Configure ကို နှိပ်ပြီး ဖွင့်ပေးလိုက်ပါ။

Drive ရွေးပြီး Create နှိပ်ပြီးပြီဆိုရင် Create a restore point ဆိုတဲ့

Box လေး ကျလာပါလိမ့်မယ်။

နာမည်တစ်ခုပေးပြီး Create ခလုတ်လေးကိုနှိပ်လိုက်ပါ။

ခဏစောင့်ပြီးရင် Restore point လုပ်တာအောင်မြင်ကြောင်း

ပြောလာပါလိမ့်မယ်။

ဒါဆိုရင် Restore point တစ်ခုကို ရရှိသွားပါပြီ။

ဒီပို့ စ်မှာတော့ Restore point လုပ်ခြင်းကိုဘဲပြောပြတာပါ။

နောက်ပို့ စ်တစ်ခုမှာ ရှိထားတဲ့ Restore point ကို

ဘယ်လိုပြန်လည် ရယူမလဲဆိုတာ တင်ပေးပါမယ်။

ခုတော့ Restore point လေးအရင် ချထားလိုက်ဦးပေါ့။

Credit : MyanmarInformation TechnologyVilla

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။