Sony Xperia အမြင့်ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ Easy Root Tool

Posted in
No comments
Monday 11 August 2014 By htwe naing

ကျွန်တော် ဒီ Tool ကို Z1  4.4.4 Root tool အနေနဲ့ Post တင်ဖူးပါတယ်
ဒါပေမယ့် ဒီ Tool လေးရဲ့ အသုံးပြုနိုင်စွမ်းက တကယ်ကိုကောင်းမွန်လှပါတယ် Sony Xperia အမြင့်ဖုန်းတော်တော် များများကို
Root ရပါတယ် ကျွန်တော် စမ်းထားတာတော့
Xperia Z1  C 6903 4.4.4  , Xperia Z Ultra C6833 4.4.2, 4.4.4  , Xperia Z2 C6503 4.4.2
၃လုံးမှာ စမ်းပြီးပါပြီ အကုန်လုံး Bootloader Unlock လုပ်စရာမလိုပါဘူး
မြန်လဲမြန်ဆန်ပါတယ်
အသုံးပြုနည်းကို ပြန်လည်ပြောပါ့မယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Easy Root Tool ကို အောက်မှာ ဒေါင်းယူပါ
 
>>> DOWNLOAD HERE >>>

Down ရလာတဲ့ zip ဖိုင်ကို desktop ပေါ်မှာဖြည်လိုက်ပါ Computer ကို အင်တာနက်ချိတ်ထားပါ
install ဆိုသော bat file ကို run လိုက်ပါ
လိုအပ်တဲ့ Towel root apk ကို download ဆွဲပါလိမ့်မယ် ခဏစောင့်ပေးပါ
ပြီးလျှင် ကွန်ပြုတာနှင့်ဖုန်းကို ချိတ်ပေးလိုက်ပါ
ဖုန်းမှာ usb debugging တို့ unknow sources တို့ဖွင့်ထားပါ ဖုန်းနှင့်ကွန်ပြုတာ ကိုကြိုးချိတ်လိုက်ရင် လိုအပ်တဲ့
ဖိုင်များကို အလို အလျောက် သွင်းပေးသွားမှာပါ
Cleaning up ဆိုတဲ့ စာသားပေါ်လာရင် ကြိုးဖြုတ်လိုက်ပါ  ဒါဆို Root ရပါပြီ
Super user တော့ပေါ်မှာမဟုတ်ပါဘူး SuperSu version အမြင့် တခုခု ထည့်ပေးလိုက်ပါ
ဒါဆိုရင် သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ
Xperia အမြင့်ဖုန်းတော်တော်များများ အဆင်ပြေပါတယ် အချိန်ကုန်လည်းသက်သာပါတယ်
Mobile Service သမားတွေဆောင်ထားသင့်တဲ့ tool ကောင်းလေးဖြစ်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဆင်ပြေပါစေ
http://www.myanmarmobileapp.com/
The best mobile knowledge sharing website in Myanmar

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။