ကွန်ပြူတာမှာပါဝင်သော Hibernate ၏ အသုံးဝင်ပုံ

Posted in
No comments
Wednesday 20 August 2014 By htwe naing

Photo: ကွန်ပြူတာမှာပါဝင်သော Hibernate ၏ အသုံးဝင်ပုံ (Basic Level)
***********************************************

Hibernate ဆိုတာ shutdown တို့  restart တို့ လို စက်ကိုပိတ်တဲ့ feature

တစ်ခုပါဘဲ။ Shutdown တို့  Restart တို့  နဲ့  မတူတဲ့အရာက Hibernate

သည် စက်မပိတ်ခင် အသုံးပြုသမျှကို မှတ်ထားပါတယ်။ ပြီးမှ

ကွန်ပြူတာကို ပိတ်တာပါ။ ကွန်ပြူတာပြန်ဖွင့်တဲ့ အချိန်မှာ

စက်မပိတ်ခင်မှတ်ထားတဲ့ အခြေအနေအတိုင်းရောက်နေမှာပါ။

ဥပမာ Microsoft Word နဲ့ စာရိုက်ပြီး မသိမ်းဘဲ Hibernate

နဲ့ စက်ပိတ်လိုက်ပါက windows ပြန်တက်လာတဲ့အခါမှာ အရင်လို

Desktop ပေါ်မရောက်ဘဲ Microsoft Word နဲ့ စာရိုက်လက်စ နေရာကို

ရောက်မှာပါ။ ဘာနဲ့ တူလဲဆိုတော့ EVD player တွေမှာ အခွေကို

အရင်ကြည့်ထားတဲ့နေရာကနေ ပြန်ပြတာနဲ့ တူပါတယ်။

ဒါဆိုရင် Hibernate ဆို တာ အနည်းအကျဉ်းသိလောက်ပြီထင်ပါတယ်။

ခေါင်းစဉ်က Hibernate အသုံးဝင်ပုံဆိုတော့

သူ့ အသုံးဝင်ပုံလေးတွေလည်းပြောပြပါဦးမယ်။

Hibernate အသုံးဝင်ပုံတွေအများကြီးထဲကမှ အများစုအတွက်

လက်တွေ့လောကမှာအသုံးဝင်စေမဲ့အကြောင်း နှစ်ချက်လောက်ကို

ပြောပြပါမယ်။ Hibernate သည်ပုံမှန်အချိန်မှာတော့ အသုံးဝင်ချင်မှဝင်မှာပါ။

ခုဖော်ပြမဲ့ အခြေအနေနှစ်ရပ်မှာ ဆိုရင် အသုံးဝင်လာမှာပါ။

Laptops နဲ့  အလုပ်ကိစ္စတွေ လုပ်နေရင်းနဲ့ low battery

alarm ပြလာတဲ့အခါ အားသွင်းစရာ ကြိုးလည်းအသင့်မရှိပါက

Hibernate နဲ့ ပိတ်လိုက်တာ ကောင်းပါလိမ့်မယ်။

အဲဒါဆိုလျှင် laptops ကို အားသွင်းပြီး ပြန်ဖွင့်ပါက လုပ်လက်စ

အလုပ်တွေပြန်လုပ်လို့ ရတာပေါ့။ နောက်တစ်ခု အနေနဲ့  ကွန်ပြူတာ နဲ့ 

အလုပ်လုပ်နေရင်း သွားစရာလာစရာကိစ္စတွေရှိပါက Hibernate

ပိတ်လိုက်တာပဲ ကောင်းပါတယ်။

ဒါမှ သွားစရာကိစ္စတွေပြီးလို့  ကွန်ပြူတာဖွင့် အလုပ်လုပ်မယ်ဆိုရင်

လုပ်လက်စအလုပ် ကနေ ပြန်လုပ်လို့ ရတာပေါ့။

ဒီပြင့်အခြေအနေတွေမှာလည်း Hibernate သည်

ကောင်းကောင်းကြီးအသုံးဝင်နေပါလိမ့်မယ်။

ဒါဆို Hibernate ကို ဘယ်လိုအခြေအနေမှာ အသုံးပြုမလဲဆိုတာတော့

ကိုယ်ကြုံတွေ့ ရမဲ့ အခြေအနေပေါ်မှာမူတည်တာပေါ့။

Hibernate ကိုဘယ်မှာလုပ်ရမလဲဆိုတာသိတယ်နော်။

start menu ကနေ shutdown ပိတ်တဲ့နေရာက shutdown ရဲ့ 

အောက်ဆုံး မှာရှိပါတယ်။ နေရာမသိရင် ပုံတင်ပေးထားပါတယ်။

ပုံမှာကြည့်လိုက်ပါ။

အားလုံး Hibernate ကိုအဆင်ပြေစွာအသုံးပြုနိုင်ကြပါစေ။

Credit : Myanmar Information Technology Villa

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။