မိုဘိုင်းဖုန်းတွေမှာပါလာတဲ့ NFC ဆိုတာဘာလဲ

Posted in
No comments
Saturday 4 January 2014 By htwe naing

 
အခုနောက်ပိုင်းထွက်မိုဘိုင်းဖုန်းတော်တော်များများမှာ NFC ဆိုတာပါဝင်လာပါတယ်။
ဒါပေမယ့် NFC အကြောင်းကိုခြေခြေမြစ်မြစ်သိသူနည်းပါး ပါသေးတယ်။ ဒါကြောင့် Mobile Users တွေလည်းဗဟုသုတရအောင် ဖုန်းတွေမှာပါဝင်လာတဲ့ NFC ဆိုတာဘာလဲဆိုတာကို ကျွန်တော့်အနေနဲ့ လက်လှမ်းမှီသလောက် ရှာဖွေတင်ပြဖြစ်ပါတယ်။
NFC ဆိုတာကတော့ Near Field Communication လို့အဓိပ္ပါယ်ရပါတယ်။ ဒီနည်းပညာကတော့ device ၂ ခု အချင်းချင်း ဆက်သွယ်တဲ့ နည်း ပညာလို့ လွယ်လွယ် ပြောလို့ ရပါတယ်။ သူကလည်း Bluetooth လို data sharing လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူက Bluetooth နည်းပညာ ထက် ထူးခြားပြီး data သာမက လိုအပ်တဲ့ ပါဝါကိုပါ share လုပ်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဥပမာ device A မှာ ဘက်ထရီ မပါပေမဲ့ device B နဲ့ NFC နည်းပညာ အရချိတ်ဆက်ထားရင် device B ရဲ့ ဘက်ထရီကို device A က ယူသုံးလို့ ရနေမှာပါ။ electromagnetic induction ကြောင့် device တွေရဲ့ အင်တင်နာ ကနေ တဆင့် အချင်းချင်း ချိတ်ဆက်ပြီး electronic magnetic field ဖြစ်ပေါ်ပြီး data တွေကို exchange လုပ်ပေး နိုင် ပါတယ်။ အဲဒါကို Active Communication Mode လို့သိကြပါတယ်။ ဖုန်းရဲ့ပါဝါ စားသုံးမှုမှာတော့ Bluetooth က ပါဝါ အများအပြား သုံးစွဲပြီး NFC ကတော့ ပါဝါ အနည်းငယ် ပဲ သုံးစွဲတဲ့ အပြင် အချင်း ချင်းလဲ ပါဝါ ပေးနိုင်ပါသေးတယ်။ NFC က အကွာ အဝေး အနီး မှာ data transfer အပြင် electronic connection ပါလုပ် နိုင်တာ ကြောင့် အိတ်ဆောင် မိုဘိုင်းဖုန်း တစ်လုံး ဟာ ကိုယ့် အတွက် အသုံး အဝင်ဆုံး အရာ တစ်ခု ဖြစ်လာမှာပါ။ ဥပမာ credit card တွေကို ဖုန်းထဲ ထည့်သွင်း ထားပြီး ငွေပေးချေတဲ့ အချိန်မှာ NFC reader နား ထားလိုက်ယုံနဲ့ ငွေပေးချေပြီးသား ဖြစ်မဲ့ ကိစ္စ တွေ၊ ရုံး လုပ်ငန်း တွေ နဲ့ အရေးကြီး နေရာတွေမှာ လိုအပ်တဲ့ security pass တွေကို ဖုန်းထဲမှာ ထည့်သွင်းပြီး အသုံးပြု နိုင်မဲ့ ကိစ္စတွေ၊ လေယဉ် လက်မှတ်ကို ဖုန်းနဲ့ ပဲ ဝယ်ယူပြီး ဖုန်းထဲမှာ ပဲ ထည့်သွင်း ပေး ထားကာ လေဆိပ် ရောက်မှ ဖုန်းကို reader နဲ့ စစ်ပြီး လေယဉ် စီးနိုင်ခွင့် စတာတွေ ကို လုပ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။
(NFC အကြောင်းကို Tu-lay.net , wikipedia.org တို့မှရှာဖွေတင်ပြပါတယ်။ )
သက်နိုင်စိုး (Myanmar Mobile App Store)

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။