Samsung Galaxy S4 (I9500) 4.3 THL

Samsung Galaxy S4 (I9500) 4.3 THL

No comments
By htwe naing



Samsung Galaxy S4, 4.3  အတွက် thai region နဲ့ မြန်မာစာ original ပါပြီး resume လင့်လေးပါ

firmare တင်နည်းကိုတော့ ဒီနေရာ လေးမှာကြည့်ပါ

http://d-h.st/S09

credit - myanmarmobiletutorial.com

မိုဘိုင်း ဆက်သွယ်ရေး ဝေါဟာရများ

မိုဘိုင်း ဆက်သွယ်ရေး ဝေါဟာရများ

Posted in
No comments
By htwe naing

 

မိုဘိုင်းဖုန်းဟာ ကြိုးမဲ့ ဆက်သွယ်ရေး ပစ္စည်းဖြစ်တဲ့အတွက် သူ့အထဲမှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ် တစ်မျိုးမက ပါလာပါတယ်။ ဖုန်းဆက်ရုံလောက် ကိစ္စမှာ အဲဒီ စနစ်တွေအကြောင်း မသိရင် ကိစ္စ မရှိပေမယ့် မိုဘိုင်းဖုန်း အင်တာနက်နဲ့ ပတ်သက်လာပြီဆိုရင် ကြိုးမဲ့စနစ်တွေအကြောင်း နားလည်ဖို့ လိုလာပါတယ်။ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်အကြောင်း နားမလည်တဲ့အတွက် handset ဝယ်တဲ့ နေရာမှာ အမှားတွေ ကြုံပါတယ်။ အင်တာနက်ချိတ်ဆက်ရေး ကိစ္စမှာ အခက်အခဲတွေ တွေ့ရပါတယ်။ ၁၅၀၀ ကျပ်တန် ဖုန်းတွေထွက်မှ မိုဘိုင်းဖုန်း သုံးဖြစ်တဲ့ အခြေခံ လူတန်းစား မပြောနဲ့ ပိုက်ဆံပေါလို့ ၁၅ သိန်းခေတ်က မိုဘိုင်းဖုန်းဝယ်သုံးခဲ့တဲ့ လူတွေတောင် ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွေကို နားမလည်တာတွေ အများကြီးပါ။ ဒါကြောင့် မိုဘိုင်းဖုန်းတစ်လုံးကို ပြည့်ပြည့်စုံစုံ သုံးချင်သူတွေအတွက် ကြိုးမဲ့ ဆက်သွယ်ရေး စနစ်သုံး၊ ဝေါဟာရတွေကို လေ့လာကြည့်ရအောင်။
Bluetooth
Bluetooth ဆိုတာ တာတိုကြိုးမဲ့ ဆက်သွယ်ရေးစနစ်ပါ။ Bluetooth ပါတဲ့ ဖုန်းအချင်းချင်း၊ Bluetooth ပါတဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကြားမှာ ကြိုးမဲ့ ချိတ်ဆက်ပြီး data တွေ ဖလှယ်နိုင်ပါတယ်။ လူပြိန်း နားလည်အောင် ပြောရရင် ဖုန်းတစ်လုံးနဲ့ တစ်လုံး ချိတ်ပြီး သီချင်းတွေ၊ ဂိမ်းတွေ ဖလှယ်ကြတာမျိုးပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ လောလောဆယ် ဝင်နေတဲ့ handset အများစုမှာ Bluetooth 2.0 ကို သုံးပါတယ်။ တချို့မှာက Bluetooth 2.0 EDR (Enhanced Data Rate) ဆိုတာလည်း သုံးတယ်။ သူက data တွေကို ပိုပြီး မြန်မြန်ဆန်ဆန် လွှဲနိုင်ပါတယ်။
အခုဆိုရင် ခလုတ်ဖုန်း အတော်များများတောင်မှ Bluetooth စနစ်ပါနေပါပြီ။ အဆင့်မြင့် တို့ထိဖုန်းတွေမှာတော့ Bluetooth နားကြပ်နဲ့ ချိတ်ဆက်ပြီး ကားမောင်းရင်း လက်မကိုင်ဘဲ ဖုန်းပြောဖို့ သိပ်ပြီး အသုံးတည့်ပါတယ်။ နားကြပ်နဲ့ ဖုန်းနဲ့ကို Bluetooth ချိတ်ပြီး ဖုန်းပြောချင်သူတွေ 4.0 version ကို ရှာပြီးဝယ်ပါ။ Bluetooth ရဲ့ မူလ ဆက်သွယ်နိုင်တဲ့ အကွာအဝေးက ပေ ၃၀ အတွင်း ဖြစ်ပေမယ့် Bluetooth 4.0 မှာတော့ ပေ ၁၀၀ အတွင်းထိ ဆက်သွယ်နိုင်ပါတယ်။ ကြားမှာ နံရံတွေ ခြားရင် ဆက်သွယ်နိုင်တဲ့ အကွာအဝးတို့ပါမယ်။ အလုံပိတ်အခန်းတွေကြားမှာ နံရံဖောက်ပြီး မဆက်သွယ်နိုင်ပါဘူး။ သူ့ရဲ့ data လွှဲပြောင်းနှုန်းက 2.0 မှာ 50 kbps လောက်ရှိပြီး 4.0 မှာ 100 kbps ဝန်းကျင်ရှိပါတယ်။ MP3 သီချင်း တစ်ပုဒ် လွှဲရင် တစ်မိနစ်နီးပါး ကြာပါမယ်။ Bluetooth သုံးချင်ရင် setting ဆိုတဲ့ စက်သွားပုံ ပင်နယံအဝိုင်းလေးကို ရှာရမယ်။ setting > Wireless & networks > Bluetooth အောက်ကိုဝင်ပြီး သုံးရပါမယ်။ ချိတ်ဆက်မယ့် ဖုန်းနှစ်လုံးစလုံး Bluetooth ဖွင့်ထားရမယ်။ Bluetooth setting ထဲဝင်ပြီး device အချင်းချင်းသိအောင် discoverable/visible ကိုဖွင့်ထားပြီး Bluetooth ဖွင့်ထားမယ့်ကာလ (discoverable time out) လုံလောက်အောင် ပေးရပါမယ်။
Wi-fi
သူကလည်း တာတိုကြိုးမဲ့ ဆက်သွယ်ရေး စနစ်ပါပဲ။ Bluetooth ထက်ပိုပြီး ဝေးဝေး ဆက်သွယ်နိုင်တယ်။ လှိုင်းတွေက နံရံဖောက်ဝင်အား ပိုပြီး ကောင်းပါတယ်။ လောလောဆယ်သုံးတဲ့ n စနစ်က ကြားမှာ အတားအဆီး မရှိရင် ပေ ၃၀၀ အကွာအဝေးအထိ ဆက်သွယ်နိုင်ပါတယ်။ ခလုတ်ဖုန်းအတော်များများမှာ wifi စနစ်ပါလေ့ မရှိပါဘူး။ တို့ထိ ဖုန်းတွေမှာပဲ ပါပါတယ်။ Wi-fi စနစ်က အမျိုးအစားတွေများတော့ သူ့ကို ခွဲခြားပြီး ပြောရင် 802.11 ဆိုတဲ့ စာလုံးကို ရှေ့ကခံပြီး ပြောပါတယ်။ ဒီနေ့အထိ အများသုံးနေတာဟာ a/b/g/n ဆိုပြီး စနစ်လေးမျိုးရှိပါတယ်။ (n) က အမြန်ဆုံးဖြစ်တဲ့အတွက် handset ဝယ်ရင် (n) အမျိုးအစားပါမပါ သတိထားပြီး ဝယ်ရမယ်။
data လွှဲပြောင်းတဲ့ အမြန်နှုန်းကိုကြည့်ရင် a/b/g အမျိုးအစားတွေမှာ 54 Mbps (mega bit per second) ရပြီး၊ 2.4 GHz လှိုင်းခွင်ကနေ လွှင့်နိုင်ပါတယ်။ (n) အမျိုးအစားက 450 Mbps အထိ data လွှဲပြောင်းမှု အမြန်နှုန်းရှိပြီး 2.4 GHz နဲ့ 5 GHz လှိုင်းခွင်နှစ်ခုကနေ လွှင့်နိုင်တဲ့ အားသာချက် ရှိပါတယ်။ အခုနောက်ပိုင်း အဆင့်မြင့် handset တွေမှာ wifi direct စနစ်ပါလာပြီမို့ handset အချင်းချင်း တိုက်ရိုက်ချိတ်ပြီး data တွေ လွှဲနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးများတဲ့ Zapya ကလည်း Wi-fi direct စနစ် တစ်မျိုးပါပဲ။
Wi-fi ရဲ့ အားသာချက်က အချင်းချင်း ချိတ်ဆက်တဲ့ နေရာမှာ Bluetooth လို အသိအမှတ်ပြုတဲ့စနစ် (pair) လုပ်ဖို့ မလိုတာဖြစ်ပါတယ်။ ဒါပေမယ့် wifi ကွန်ရက်ထဲမှာ password ခံထားရင်တော့ အဲဒီ password သိမှ ဝင်လို့ ရပါမယ်။ မိုဘိုင်းဖုန်းတွေမှာ ကျွန်တော်တို့ အသုံးများတာက portable hospot ပါ။ setting>Wireless & Network> tethering & portable hotspot>portable WLAN hotspot ဖြစ်ပါတယ်။ ကိုယ်က တခြားလူ တစ်ယောက်ယောက်ကို ဒါမှမဟုတ် ကွန်ပျူတာ တစ်လုံးကို အင်တာနက် ပေးသုံးမယ်ဆိုရင် hotspot ကို သုံးပါတယ်။ WLAN hotspot configuration ထဲဝင်ပြီး၊ Network SSID/ security (လုံခြုံမှု စနစ်ဖြစ်ပြီး အများအားဖြင့် WPA2 ဆိုတဲ့ အလုံခြုံဆုံး စနစ်ကို သုံးပါတယ်။)
password တွေ မဖြစ်မနေ ထည့်ပေးရပါတယ်။ လုံခြုံမှု အားကောင်းစေဖို့ password ၈ လုံး ထည့်ပေးရလေ့ရှိပါတယ်။
EVDO
အင်တာနက်သုံးမယ်ဆိုရင် သိထားရမယ့် အင်တာနက် ဆက်သွယ်ရေး စနစ်တစ်မျိုး ဖြစ်ပါတယ်။ CDMA 800 MHz (၇၃၀ ဖုန်းစနစ်လို့လည်း လူသိများပါတယ်) မှာ သုံးတဲ့ အင်တာနက် စနစ်က EVDO စနစ်ပါ။ အရှည်က Evolution Data Optimized ဖြစ်ပါတယ်။ handset မျက်နှာပြင်ပေါ်မှာ 3G စာလုံးအနေနဲ့ မြင်ရပါမယ်။ ကျွန်တော်တို့ လောလောဆယ် သုံးနေတာက EVDO Revolution A စနစ်ဖြစ်ပြီး အင်တာနက် ဆွဲချအမြန်နှုန်း 3.1 Mbps/ အင်တာနကပေါ် ပို့လွှတ်အမြန်နှုန်း 1.8 Mbps ရှိပါတယ်။ Revolution B စနစ်က ပိုမြန်ပေမယ့် ကျွန်တော်တို့ဆီမှာ လောလောဆယ် မသုံးနိုင်သေးပါဘူး။
EDGE
သူကတော့ GSM ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က Enhanced Data rate ဖြစ်ပါတယ်။ handset မျက်နှာပြင်ရဲ့ အပေါ်နားမှာ E ဆိုတဲ့ စာလုံးလေးနဲ့ မြင်ရပါမယ်။ သူတို့ဆီမှာ GSM ကလည်း 3G စနစ်အမြန်နှုန်းကို ရောက်နေပါပြီ။ ကျွန်တော်တို့ဆီမှာ စပြီး ပွဲထွက်တာက 2.5 စနစ် အမြန်နှုန်း စနစ် ဖြစ်ပါတယ်။ အင်တာနက်ကနေ ဆွဲချ အမြန်နှုန်း 384 kbps နဲ့ အင်တာနက်ပေါ် လွှတ်တင် အမြန်နှုန်း 59 kbps ဖြစ်ပါတယ်။ အင်တာနက် စနစ်မှာ အလွန်နှေးကွေးတဲ့အတွက် handset ဝယ်ရင် WCDMA/GSM နှစ်မျိုးတွဲကို ဝယ်ပြီး WCDMA အပေါက်မှာ GSM ကတ်ထည့်ပြီး သုံးသင့်ပါတယ်။
HSDPA
သူကတော့ WCDMA ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က High Speed Downlink Packet Access ဖြစ်ပါတယ်။ Handset မှာ အင်တာနက် ချိတ်ထားရင် H ဆိုတဲ့ စာလုံးလေးကို မျက်နှာပြင်အပေါ်နားမှာ မြင်ရပါတယ်။ မြန်မာပြည်မှာ သုံးနေတာက3.75 G စနစ်လို့ ပြောပါတယ်။ ကမ္ဘာ့စံ သတ်မှတ်ချက်အရဆိုရင် 3G+ စနစ်ပါ။ သီဝရီအရဆိုရင် အင်တာနက်ပေါ်က ဆွဲချ အမြန်နှုန်း (7.2Mbps) နဲ့ အင်တာနက်ပေါ်ပို့ အမြန်နှုန်း (2Mbps) ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ လက်တွေ့ရနေတဲ့ အမြန်နှုန်းကတော့ သီဝရီမှာ ပြောတာရဲ့ အပုံတစ်ရာပုံ တစ်ပုံက အများဆုံးပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ မိုဘိုင်း အင်တာနက်မှာတော့ အမြန်ဆုံး ဖြစ်ပါတယ်။
1G/2G/3G/4G
G ဆိုတာက Generation ပါ။ ဆက်သွယ်ရေး စနစ် မျိုးဆက်တွေပေါ့။ 1G ဆိုတာက ပထမမျိုးဆက် ဆက်သွယ်ရေး စနစ်ပေါ့။ မျိုးဆက်တစ်ဆင့် တက်လာတိုင်း အမြန်နှုန်းရော အရည်အသွေးပါ ပိုကောင်းလာပါတယ်။ 4G လို့ခေါ်တဲ့ စတုတ္ထမျိုးဆက်ကတော့ လက်ရှိမှာ အမြန်ဆုံး အကောင်းဆုံး ဆက်သွယ်မှု စနစ်ပါ။
နောင်စိုး (ထားဝယ်)
Ref & Credit: Mobile Guide Journal

မိုဘိုင်းဖုန်းတွေမှာပါလာတဲ့ NFC ဆိုတာဘာလဲ

မိုဘိုင်းဖုန်းတွေမှာပါလာတဲ့ NFC ဆိုတာဘာလဲ

Posted in
No comments
By htwe naing

 
အခုနောက်ပိုင်းထွက်မိုဘိုင်းဖုန်းတော်တော်များများမှာ NFC ဆိုတာပါဝင်လာပါတယ်။
ဒါပေမယ့် NFC အကြောင်းကိုခြေခြေမြစ်မြစ်သိသူနည်းပါး ပါသေးတယ်။ ဒါကြောင့် Mobile Users တွေလည်းဗဟုသုတရအောင် ဖုန်းတွေမှာပါဝင်လာတဲ့ NFC ဆိုတာဘာလဲဆိုတာကို ကျွန်တော့်အနေနဲ့ လက်လှမ်းမှီသလောက် ရှာဖွေတင်ပြဖြစ်ပါတယ်။
NFC ဆိုတာကတော့ Near Field Communication လို့အဓိပ္ပါယ်ရပါတယ်။ ဒီနည်းပညာကတော့ device ၂ ခု အချင်းချင်း ဆက်သွယ်တဲ့ နည်း ပညာလို့ လွယ်လွယ် ပြောလို့ ရပါတယ်။ သူကလည်း Bluetooth လို data sharing လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူက Bluetooth နည်းပညာ ထက် ထူးခြားပြီး data သာမက လိုအပ်တဲ့ ပါဝါကိုပါ share လုပ်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဥပမာ device A မှာ ဘက်ထရီ မပါပေမဲ့ device B နဲ့ NFC နည်းပညာ အရချိတ်ဆက်ထားရင် device B ရဲ့ ဘက်ထရီကို device A က ယူသုံးလို့ ရနေမှာပါ။ electromagnetic induction ကြောင့် device တွေရဲ့ အင်တင်နာ ကနေ တဆင့် အချင်းချင်း ချိတ်ဆက်ပြီး electronic magnetic field ဖြစ်ပေါ်ပြီး data တွေကို exchange လုပ်ပေး နိုင် ပါတယ်။ အဲဒါကို Active Communication Mode လို့သိကြပါတယ်။ ဖုန်းရဲ့ပါဝါ စားသုံးမှုမှာတော့ Bluetooth က ပါဝါ အများအပြား သုံးစွဲပြီး NFC ကတော့ ပါဝါ အနည်းငယ် ပဲ သုံးစွဲတဲ့ အပြင် အချင်း ချင်းလဲ ပါဝါ ပေးနိုင်ပါသေးတယ်။ NFC က အကွာ အဝေး အနီး မှာ data transfer အပြင် electronic connection ပါလုပ် နိုင်တာ ကြောင့် အိတ်ဆောင် မိုဘိုင်းဖုန်း တစ်လုံး ဟာ ကိုယ့် အတွက် အသုံး အဝင်ဆုံး အရာ တစ်ခု ဖြစ်လာမှာပါ။ ဥပမာ credit card တွေကို ဖုန်းထဲ ထည့်သွင်း ထားပြီး ငွေပေးချေတဲ့ အချိန်မှာ NFC reader နား ထားလိုက်ယုံနဲ့ ငွေပေးချေပြီးသား ဖြစ်မဲ့ ကိစ္စ တွေ၊ ရုံး လုပ်ငန်း တွေ နဲ့ အရေးကြီး နေရာတွေမှာ လိုအပ်တဲ့ security pass တွေကို ဖုန်းထဲမှာ ထည့်သွင်းပြီး အသုံးပြု နိုင်မဲ့ ကိစ္စတွေ၊ လေယဉ် လက်မှတ်ကို ဖုန်းနဲ့ ပဲ ဝယ်ယူပြီး ဖုန်းထဲမှာ ပဲ ထည့်သွင်း ပေး ထားကာ လေဆိပ် ရောက်မှ ဖုန်းကို reader နဲ့ စစ်ပြီး လေယဉ် စီးနိုင်ခွင့် စတာတွေ ကို လုပ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။
(NFC အကြောင်းကို Tu-lay.net , wikipedia.org တို့မှရှာဖွေတင်ပြပါတယ်။ )
သက်နိုင်စိုး (Myanmar Mobile App Store)

Chrome VS Firefox: Chrome ထက်ပိုမိုကောင်းမွန်တဲ့ Firefox ရဲ့ စွမ်းရည်များ

Chrome VS Firefox: Chrome ထက်ပိုမိုကောင်းမွန်တဲ့ Firefox ရဲ့ စွမ်းရည်များ

Posted in
No comments
By htwe naing

 

Desktop Browsers တွေများစွာရှိပေမယ့် နာမည်ကြီးပြီး လူသုံးများတဲ့ Browser သုံးခုပဲရှိပါတယ်။ Chrome, Firefox, IE တို့ ဖြစ်ကြပါတယ်။ Chrome ဟာ Firefox ထက်ပိုမြန်ပြီး လုံခြုံမှု ရှိတယ်လို့ လူသိများပါတယ်။ Chrome ဟာ Firefox ထက်အားသာချက်တွေအများကြီး ရှိသလို Firefox က Chrome ထက်အားသာချက်တွေ အပြန်အလှန်ရှိပါတယ်။ ဒီဆောင်းပါးမှာ Firefox က Chrome ထက်အားသာတဲ့အချက်တွေကို ရေးပေးလိုက်ပါတယ်။
Customization
ဒီအပိုင်းမှာ သိသိသာသာပဲ Firefox က အနိုင်ရရှိပါတယ်။ Firefox မှာ Elements တွေကို နှစ်သက်ရာ နေရာပြောင်းနိုင်ပါတယ်။ Chrome မှာ အဲဒီလိုလုပ်လို့မရပါဘူး။ အထူးသဖြင့် Elements တွေကိုနေရာပြောင်းတာတွေ၊ Default အားဖြင့် မပါရှိတဲ့ Elements တွေကို ထည့်သွင်းတာတွေ ကို Chrome မှာ ပြုလုပ်လို့မရဘဲ Firefox မှာ ပြုလုပ်နိုင်ပါတယ်။
Firefox မှာ Buttons, Menus တွေကို ပြောင်းရွှေ့နိုင်သလို Sidebar Menus တွေကို ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် Extension တွေ အင်စတောလုပ်ပြီး Icons, Options တွေကို ထည့်သွင်းနိုင်ပါတယ်။ ဥပမာအားဖြင့် Font Size ပြောင်းပေးနိုင်တာ၊ Tab တွေရဲ့ အရွယ်အစားကိုပြောင်းပေးနိုင်တာ စတဲ့ Extension တွေ Firefox မှာ ရှိပါတယ်။
Themes
Themes အပိုင်းမှာ Firefox က ပိုကောင်းပါတယ်။ Chrome မှာ ဆိုရင် အရောင် နဲ့ နောက်ခံပုံ ကို ရွေးချယ်နိုင်တဲ့ Themes တွေပဲရှိပါတယ်။
Firefox မှာ Browser ရဲ့ ပုံပန်းသွင်ပြင်ကို လုံးဝ ပြောင်းလဲပေးနိုင်တဲ့ Themes တွေရှိပါတယ်။ အိုင်ကွန် ဒီဇိုင်းအသစ် တွေ၊ မတူညီတဲ့ Layout တွေ၊ Classic Themes တွေ စတာတွေပါရှိပါတယ်။
Memory အသုံးပြုမှု
Firefox ရဲ့ RAM Memory အသုံးပြုမှုဟာ အတော်နည်းပါးသလို Extension တွေရဲ့ Memory အသုံးပြုမှု ကလည်း နည်းပါးပါတယ်။ Chrome, Internet Explorer, Firefox and Opera တို့ရဲ့ Memory အသုံးပြုမှု ကို စမ်းသပ်ကြည့်တဲ့ အခါမှာ Chrome ရဲ့ Memory အသုံးပြုမှုက အများဆုံးဖြစ်ပါတယ်။ Chrome က ၀က်ဆိုက်တွေ၊ Extension တွေကို သီးခြား Process အဖြစ် အသုံးပြုပါတယ်။ ဒီအချက်ဟာ တည်ငြိမ်မှု၊ လုံခြုံမှု တို့မှာ ကောင်းမွန်ပေမယ့် Memory အသုံးပြုမှုက အလွန်များပြားပါတယ်။

Extension
Extension တွေရဲ့ စွမ်းဆောင်ရည် က Firefox မှာ ပိုမိုကောင်းမွန်ပါတယ်။ နာမည်ကြီး Extension တွေအားလုံးကို Firefox ရော Chrome မှာပါ အသုံးပြုနိုင်ပေမယ့် Chrome Extension တွေ မလုပ်ပေးနိုင်တဲ့ အလုပ်တွေကို လုပ်ပေးနိုင်တဲ့ Firefox Extension တွေရှိနေလို့ဖြစ်ပါတယ်။
Chrome မှာ Firefox ရဲ့ DownThemAll လို ကောင်းမွန်တဲ့ Download Manager မရှိပါဘူး။ Firefox ရဲ့ Automatic Save Folder လို ဒေါင်းလုပ် လုပ်တဲ့ ဖိုင်တွေကို ဖိုင်နာမည် အလိုက် ဒါမှမဟုတ် ဒိုမိန်းအလိုက် အလိုလို ခွဲခြား သိမ်းပေးနိုင်တဲ့ Extension မျိုး Chrome မှာ မရှိပါဘူး။
Privacy
Google က ကြော်ငြာ လုပ်ငန်း တစ်ခုလည်း ဖြစ်ပြီး သူ့ရဲ့ ၀န်ဆောင်မှု တွေကို အသုံးပြုသူတွေရဲ့ ဒေတာတွေကို စုဆောင်းရယူပါတယ်။ Firefox က တော့ အသုံးပြုသူရဲ့ သတင်းအချက်အလက်တွေကို ရယူခြင်း မရှိဘူးလို့ ဆိုပါတယ်။ Privacy ကို စိုးရိမ် ရင် Firefox က သင့်တော်ပါတယ်။
ရွေးချယ်နိုင်တဲ့ Search Bar
Firefox မှာ Search Engine တွေကို လွယ်ကူစွာပြောင်းလဲနိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ Chrome မှာ တော့ Settings ထဲသွားရောက် ပြောင်းလဲရတာက အလုပ်ရှုပ်စေပါတယ်။

Plug-Ins
Google က ၂၀၁၄ ခုနှစ်မှာ Plug-Ins တွေကို အသုံးပြုခွင့်ပေးမှာ မဟုတ်တော့ဘူးလို့ ကြေညာထားပါတယ်။ Adobe Flash, Adobe Reader, Java တို့ကို Chrome မှာ အသုံးပြုလို့ ရချင်မှရတော့မှာပါ။
နိဂုံး
ဘယ် ဘရောက်စာကို အသုံးပြုသင့်သလဲဆိုတာကတော့ စာဖတ်သူရဲ့ အသုံးပြုမှုအပေါ်မူတည်ပါတယ်။ အပေါ်မှာဖော်ပြထားတာက Firefox ရဲ့ အားသာချက်တွေဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် Chrome ရဲ့ အားသာချက် တွေလည်း ရှိပါတယ်။

One Click Root !!! V Root v 1.7.4 (New Update)

One Click Root !!! V Root v 1.7.4 (New Update)

Posted in
No comments
By htwe naing

နာမည်ကြီး 1 Click Root Tool လေးပါ ဖုန်းတော်တော်များများကို အလွယ်တကူ Root ဖေါက်နိုင်ပါတယ်.... Update Version လေးမို့ ထပ်တင်ပေးလိုက်ပါတယ်..။

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

Posted in
No comments
By htwe naing

iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...


iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက်တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။

လိုအပ်ချက်များ
  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်


မှတ်ချက်
  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)

iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။



လုပ်ငန်းစဉ်

မြန်မာစာ အတွက် Install Source (1)

  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။



မြန်မာလက်ကွက် အတွက် Install Source (2)

  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။


  • Restart Springboard


Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)



မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။

ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**

  • Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
  • DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

 မိုးသိကြား

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။