Sony Xperia ဖုန်းတွေမှာ FM Radio ကို Headset မသုံးပဲနားဆင်မယ်
Posted in sony firmwares
No comments
Sunday, 1 March 2015 By htwe naing
FM Radio နားထောင်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် Headset သုံးစရာမလိုပဲ FM Radio အစီအစဉ်တွေ ကိုဖုန်း speaker ကနေနားထောင်လို့ရနိုင်တဲ့ နည်းလမ်းပါ။ တစ်ခြားဖုန်းတွေမှာတော့ ရမရ မသိပါဘူး sony xperia ဖုန်းတွေမှာတော့ရပါတယ်။
FM Radio တွေကို Headset မသုံးပဲနားထောင်ချင်တယ်ဆိုရင် ဖုန်းမှာ root ရှိထားဖို့လိုပါတယ်။ အရင်ဆုံးအောက်မှာ Xposed Installer ကိုယူပြီး install လုပ်ထားပါ။
Xposed installer ကိုဖွင့် Framework ကိုရွေးပါ။
Install Update ကိုနှိပ်ပါ။
အောက်ကပုံလိုပေါ်လာရင် OK ကိုနှိပ်ပါ။
ဖုန်း reboot ကျပြီးပြန်တက်လာရင် အောက်ကလင့်ကကောင်လေးကို install လုပ်ပါ။
Install လုပ်ပြီးသွားရင် ဖုန်းမှာ shortcut အနေနဲ့ပေါ်လာမှာမဟုတ်ပါဘူး။ Xposed Installer ထဲက Module ထဲကိုသွားပြီး XperiaFMwoHS ဆိုတာလေးကို အမှန်ခြစ်လေးပေးပြီး ဖုန်းကို reboot ချပေးပါ။
ဖုန်း reboot ပြန်တက်လာရင် ဖုန်းထဲက FM Radio ကို Headset မသုံးပဲဖွင့်ကြည့်လိုက်ပါ။
Related posts
- Sony Xperia ဖုန်းတွေမှာ FM Radio ကို Headset မသုံးပဲနားဆင်မယ်
- Sony Xperia ဖုန်းတွေမှာ Reboot Option ထည့်နည်း။
- Sony ဖုန်း firmware တွေကိုအလွယ်တစ်ကူ ဒေါင်းချင်သူတွေအတွက် Xperifirm 4.6.0
- XperiFirm Xperia Firmware Downloader V3.6a latest
- Sony Xperia Z Ultra 4.4.4 Build .108 Locked Bootloader ကို Custom Recovery ထည့်နည်း
Share this post
0 comments: