ASUS Fonepad 8 K016 Android 4.4.2 kitkat ကို Root လုပ်နည်း။
No comments
Wednesday, 25 March 2015 By htwe naing
ASUS Fonepad 8 ကို root လုပ်ချင်သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
DOWNLOAD ROOT TOOL
DOWNLOAD ပြီးရင် folder ထဲမှာ FB recovey Luncher / adb-setup-1.3 နဲ့ UPDATE-SuperSU-v2.46 တို့ပါဝင်ပါတယ်။ UPDATE-SuperSU-v2.46 ကိုတော့ ဖုန်း SD Card ထဲမှာထည့်ထားလိုက်ပါ။
အရင်ဆုံး adb-setup-1.3 ကို PC မှာ install လုပ်ထားပါ။ oneclick installer ပါ လုပ်တက်မယ်ထင်ပါတယ်။ ပြီးရင် ဖုန်းမှာ Developer Option ဖော်ပြီး USB Debugging မှာအမှန်ြခစ်ထားပေးပါ။ adb driver လဲရပြီ USB Debugging လဲ လုပ်ပြီးသွားပြီဆိုရင် ဖုန်းကို pc နဲ့ချိတ်လိုက်ပါ။
အောက်ကပုံမှာလို FB recovey Luncher ဆိုတဲ့ Folder ကိုဖွင့်ပါ။ luncher လို့ရေးထားတဲ့ Windows Batch File ကို run လိုက်ပါ။

အောက်ကပုံမှာလို CMD တက်လာရင် ACCEPT လို့စာလုံးအကြီးနဲ့ရိုက် Enter ခေါက်ပေးပါ။

Enter ခေါက်ပြီးလို့အောက်ကပုံလိုပေါ်လာရင် သတိထားရမှာ ဖုန်းနဲ့ချိတ်ထားတဲ့ USB ကြိုးကိုမပြုတ်ဖို့ ဂရုစိုက်ပါ။ သူက CWM Recovery ကို ခဏလေးပဲ အသုံးပြုလို့ရအောင်လုပ်ပေးမှာပါ။

ပြီးရင် T3 ဆိုပြီး စာလုံးအကြီးနဲ့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ခဏနေရင် အောက်ကပုံတွေလိုတွေ့ရမှာပါ။ ဘာမှမလုပ်ပါနဲ့ သူလုပ်စရာရှိတာလုပ်ပြီးသွားရင် CWM Recovery ထဲကိုရောက်သွားတာကိုတွေ့ရမှာပါ။

CWM recovery ထဲကိုရောက်သွားရင် install Zip / Choose Zip from SDcard / UPDATE-SuperSU-v2.46 / Yes - UPDATE-SuperSU-v2.46 / Reboot system now ဆိုပြီး အဆင့်ဆင့် သွားလိုက်ရင် ASUS Fonepad 8 K016 မှာ root ရသွားပါပြီ။
Related posts
- Zawgyi ကော Unicode ကော သွင်းပေးနိုင်တဲ့ Android Font Changer
- Sd ပျက်နေသော Vivo ဖုန်းများ Firmware တင်နည်း။
- Samsung Galaxy S6 & S6 Edge Model Numbers
- ASUS Fonepad 8 K016 Android 4.4.2 kitkat ကို Root လုပ်နည်း။
- Android ဖုန်းတွေမှာ Developer Option ဖျောက်နည်း။
- Huawei ဖုန်းအားလုံး unlock code တောင်းနည်း
- 2015 New Year လက်ဆောင် ZawgyiOne 2015 နဲ့ Final Solution 3.0
- Asus Zenfone 4/5/6 နဲ့ Zenfone 2 တှအေတှကျ One Click Root Tool
- How to root Sony Xperia Z Ultra C6802 android 5.0.2 build 24.5.A.0.242
Share this post
0 comments: