Squid Proxy ကိုအသုံးပြု၍ အင်တာနက် အမြန်နှုန်းကို မြှင့်တင်ခြင်း

No comments
Tuesday 29 July 2014 By htwe naing

Proxy ဆိုတာ client နှင့် Server ရဲ့ ကြားမှာ ကြားခံ ဆောင်ရွက်ပေးတဲ့ အရာပါ ဥပမာ ကျတော် တို့ က www.google.com လို့ Browser ကနေဝင်လိုက်တယ်ဆိုပါစို့ ကြားထဲမယ် proxy ရှိမယ်ဆိုရင် google.com အထိ သွားစရာမလိုပဲ သူ့ထဲ မှာရှိတဲ့အတိုင်း တစ်ခါတည်းထုတ်ပေးလိုက်ပါတယ် မိမိရဲ့ ip address ကို web server တွေက မသိအောင်ဖုံးကွယ်တဲ့နေရာမှာလည်း သုံးပါတယ် Proxy တွေက အမျိုး အစားအလိုက်လည်း ကွဲသေးတာကို Transparent proxy ,Anonymous  အစရှိသဖြင့် ပေါ့ ကျနော်လည်းအဲ့လောက်ပဲ ရမ်းတုတ်နိုင်တယ် ကွန်ပြူတာ တက္ကသိုလ်တက်နေတဲ့ သူမှမဟုတ်တာ :P ကဲကျနော်တို့ တစ်ခု စဉ်းစားကြည့်ရအောင် ကိုယ်နဲ့ နီးနီးနားနား proxy ကိုသုံးမယ် ပြီးရင် ကိုယ်အသုံးများတဲ့ ဆိုဒ်တွေက proxy မှာ cache တွေရှိရင် proxy ကလည်း update ဖြစ်ရင် အဲ့ကနေ တစ်ခါတည်းယူရင် ဟန်မကျဘူးလား အင်တာနက်ဆိုင်တွေကတော့ အခုလိုဆိုင်တွင်းမှာ proxy သုံးရင် user တစ်ယောက် ချင်းဆီ အတွက် အသုံးပြုမယ် data usage လည်း နည်းမသွားနိုင်ဘူးလား တစ်ယောက်ကလည်း ဒီဆိုဒ်ကို ကြည့် နောက်တစ်ယောက် ကလည်း ဒီဆိုဒ်ကို ကြည့် ပြန်ပြီး ဒေါင်းနေရရင် မပင်းပန်းဘူးလား အဲ့အတွက် proxy သုံးရင် cache ဖိုင်ကနေ တစ်ခါတည်းထုတ်ပေးရင်အဆင်ပြေနိုင်ပါတယ် ကဲ ကျနော် ရမ်းတုတ် တာနည်းနည်း များသွားပြီဆိုတော့ အခု ရေးမယ့် အကြောင်းအရာကို ဆက်ပါမယ့် ကွန်ပြူတာထဲမှပဲ ကိုယ် proxy ထားမယ် cache ဖိုင်တွေထားမယ် ကိုယ်ထက်ခါထက်ခါ ကြည့်မယ့်ဆိုဒ်တွေဆို ကိုယ်စက်မှာ cache ဖိုင်တွေကျန်ခဲ့တဲ့ အတွက် မြန်မြန် ဝင်ရောက်နိုင်မယ် ဘယ်လောက်ဟန်ကျလဲ

၁.အရင်ဆုံးအောက်ကလင့်မှာ သွားပြီး zip ဖိုင်ပေးလေးကို ဒေါင်းလိုက်ပါ
squid ဆိုတဲ့ folder ကို C ထဲကိုကော်ပီးကူးထည့်ပါ(မှားလို့မရပါ C ထဲကို သေချာကူးထည့်ပါ)

               
၂. Win+R=>inetcpl.cpl ရိုက်ပြီးတော့ internet option ကိုဝင်လိုက်ပါ
connection=>LAN Settings
Address က localhost
Port က 3128 ထည့်လိုက်ပါ
 
 

၃.ခုနတုန်းက ဒေါင်းထားတဲ့ zip မှာ ပါတဲ့ Run As Administrator.bat ဖိုင်ကို အပြင်ဖက်ထုတ်ပြီး
Run as Administrator နှင့် run လိုက်ပါ(internet ချိတ်ဖို့လိုအပ်ပါတယ်)


၎. အပေါ်က အဆင့်တွေအကုန်လုံးပြီးပြီထင်ပါတယ် ဒီတစ်ဆင့်ပြီးရင် သုံးလို့ရပါပြီ
ဘာဖြစ်လို့ဒီအဆင့်ကိုထည့်သွင်းထားတာလဲဆိုတော့ Squid Service က internet ချိတ်ထားတယ် လိုင်းနည်းနည်းရှိရင် အလိုလိုနေရင် စတင်ပါတယ် ဒါပေမယ့် သုံးလို့မရအောင်ကျသွားးရင်တော့ လိုင်းတက်လာရင်တောင် သူကိုပြန်စောင့်နေရတာအလုပ်တစ်ခုပါ အခုအဆင့်ကိုလုပ်လိုက်ရင်ဘာမှစောင့်စရာမလိုတော့ပါဘူး တစ်ခါစထားရင်းလိုင်ရှိရှိမရှိရှိပွင့်နေပြီသားပါ ကျနော့်အတွက်တော့လုံးဝအဆင်ပြေသွားပါတယ်ဆက်ဖတ်ကြည့်ကြရအောင်ပါ
Win+R=>services.msc ကိုရိုက်ပြီးတော့ Service ကိုဝင်လိုက်ပါ
Squid ဆိုတဲ့ Service ကိုရှာလိုက်ပါ S ကိုနိတ်ပြီးတော့ရှာလိုက်ပါ နည်းနည်းတော့မျက်စီရှင်ရပါမယ်
တွေပြီနော်

ပြီးရင်တော့ Double Click နိတ်ပြီးဝင်လိုက်ပါ
Logon မှာ  Allow Service To Interact With Desktop ကို အမှန်ခြစ်(check) ပေးလိုက်ပါ
OK ပေါ့ အဲတာဆိုရင် internet လိုင်းကျရင်လည်း ပြန်မကျတော့ပါဘူး
 squid service ကိုစတာကတော့ အင်တာနက်ချိတ်ထားရင် အလိုလို စပါတယ် မစသေးရင်တော့
win+R=>cmd=>net start squid ဆိုပြီး စရင်ပဲဖြစ်ဖြစ် ကျနော် အောက်မှာပုံပြထားသလို
start ကိုနိတ်ပြီးတော့စ နိုင်ပါတယ်
win+R=>services.msc
squid ကို R-click ထောက် ပြီးရင် start ပေါ့ဗျာ

ဒီတစ်ခါတော့လုံးဝသုံးလို့ရပါပြီ chrome,firefox,internet explorer ကြိုက်တဲ့ Browser ကိုဖွင့်ပြီးသုံးလို့ရပါပြီ cache ဖိုင်တွေများလာတာနှင့်အမျှ Data Usage ကသက်သာလာပါလိမ့်မယ် မလို့အပ်တဲ့ Data တွေကို Cache ကနေပဲယူလိုက်တာမို့ လိုင်းလည်းမြန်လာပါလိမ့်မယ်

credit to >>>  http://www.aungmyokyaw.tk/

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။