All-In-One Toolbox Pro v5.0.1
Posted in android apk
No comments
Wednesday, 23 July 2014 By htwe naing
မိမိရဲ့စမက်ဖုန်းကို လိုအပ်သလိုအသုံးချနိုင်တဲ့အပြင် ဖုန်းရဲ့လုပ်ဆောင်နိုင်စွမ်းကိုတိုးတက်အောင်ပြုလုပ်ဖို့All-In-One Toolbox ကအကာင်းဆုံးပါပဲ APP တစ်ခုတည်းကနေလုပ်ဆောင်ချက်ပေါင်းများစွာကိုအသုံးချနိုင်မဲ့အပြင် plugin တွေပါထက်မံထည့်သွင်းနိုင်ပါတယ်။ဖုန်းထဲမှာရှိနေတဲ့မလိုအပ်တဲ့ဖိုင်တွေကိုရှင်ထုတ်ပေးမှာဖြစ်တဲ့အပြင်
ဖိုင်တွေကိုပြန်လည်ရှာဖွေတဲ့နေရာမှာလဲအသုံးတည့်စေမှာပါ။
ဘက်ထရီနဲ့ပက်သက်တဲ့အသေးစိတ်သိစရာတွေတောင်ကျန်မှာမဟုတ်ပါဘူး။
ဒေတာတွေဆုံးရှုံးမှုမရှိအောင်လဲထိန်းသိန်းပေးဦးမှာပါ။အင်တာနက်သုံးစွဲလိုက်တဲ့အချိန်မှာ ကျန်ခဲ့မဲ့မလိုအပ်တဲ့ cache ဖိုင်တွေကိုလဲရှင်းထုတ်ပစ်နိုင်မှာပါ။ အောက်ကလင့်လေးမှာအရင်ယူလိုက်ပါ။ plugin တွေပါထည့်ပေးထားပါတယ်
ပထမဆုံး app ပွင့်လာတဲ့အခါမှာတော့ ဖုန်းနဲ့ပက်သက်တဲ့အသေစိတ်ဖော်ပြချက်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ SD ကတ်ထဲမှာဘယ်လောက်သုံးထားတယ်၊ နေရာလွတ်လယ်လောက်ကျန်တယ်စိုတာကအစ ဖော်ပြပေးမဲ့ info ကိုမြင်ရမှာပါ။
process မှာတော့ဖုန်းရဲ့နောက်ကွယ်မှာအလုပ်လုပ်နေတဲ့ app တွေကိုမြင်တွေရမှာပါ။ APP တွေဟာ မန်မိုရီဘယ်လောက်စားတယ်၊ CPU မှာဘယ်လောက်နေရာယူထားတယ်စိုတာတွေနိုင်ပြီး မိမိ kill လုပ်ချင်တဲ့ app ဘေးကအကွက်လေးထဲမှာ အမှန်ခြစ်ပေးပြီး kill selected ဆိုတာကိုနှိပ်ပေးလိုက်ရုံပါပဲ
system cleaner မှာတော့မိမိဖုန်းမှာရှင်းသင့်တဲ့အပိုင်းတွေကိုခွဲခြားဖော်ပြပေးထားမှာပါ။ history,call,sms,apk တွေတင်သာမကပဲ ဖုန်းရဲ့ SD card ကိုပါ scaning ပြုလုပ်ပေမှာဖြစ်ပါတယ်။ပြီးသွားရင် ရှင်ထုတ်လိုက်တဲ့ ပမာဏကိုလည်းဖော်ပြပေးမှာဖြစ်ပါတယ်။
package manager ကတော့အရေးကြီးတဲ့အပိုင်းပါ။ APP တွေ install / uninstall ပြုလုပ်တာတွေသာမကပဲ app တွေဆုံးရှုံးချင်းကနေကာကွယ်ဖို့အတွက် backup ပြုလုပ်ထားနိုင်မှာပါ။APK တွေကို SD card ထဲလွှဲပြောင်းတဲ့ လုပ်ဆောင်ချက်ကိုလည်းထည့်သွင်းပေးထားပါတယ်။
ဖုန်းရဲ့ screen ပေါ်မှာ widget အနေနဲ့ထားနိုင်မှာဖြစ်ပြီး ဖိုင်တွေကို အလွယ်တစ်ကူရှင်းထုတ်နိုင်တဲ့အပြင် မိမိအသုံးပြုချင်တဲ့ tools တွေဆီကိုအလွယ်တစ်ကူသွားရောက်နိုင်ပါတယ်။
အစင်ပြေပါစေ။
credit to >>> ထက်နိုင် (Mobile Guide Issue)
Related posts
Share this post
0 comments: