Myanmar Clipboard Dictionary

Posted in
No comments
Tuesday 24 June 2014 By htwe naing

Cover art
v0.12
+ စာလုံး အသစ် ၅၀၀ ကျော် ထပ်တိုးထားတယ်။ ၃၃၀၀၀ ကျော်ရှိသွားပြီ; added 500 new definitions
+ ပဟေဠိ အသစ် ၇ခု ထဲ့ထားတယ်; added 7 more trivia
v0.11
+ စာလုံး အသစ် ၂၀၀ ကျော် ထပ်တိုးထားတယ်
+ feature အသစ် ပဟေဋ္ဌိ သုံးခု ထဲ့ထားတယ်
v0.09
+ Tutorial
+ Popup တွေကို ချုံ့ ချဲ့လို့ ရပြီ ရွှေ့လို့ရပြီ
+ အဓိပ္ပါယ် ဖွင့်ဆိုချက်ထဲက မြန်မာစာကို ရှာလို့ ရပြီ တနည်းအားဖြင့် မြန်မာ-အင်္ဂလိပ် အဘိဓါန် ဖြစ်သွားတာပေါ့။
အင်​တာနက်​မှာ ဝက်​ဘ်​ဆိုက်​ ဖတ်​နေရင်း မသိတဲ့ အင်္ဂလိပ်​ စာလုံး အဓိပ္ပါယ်​တွေကို လွယ်​လင့်​တကူ ရှာဖို့ အတွက်​ အဲဒီ့ စာလုံးကို highlight လုပ်​ပြီး copy လုပ်​လိုက်​ပါ။ မြန်​မာ အဓိပ္ပါယ်​ ထွက်​လာပါလိမ့်​မယ်​။ စာလုံးကို ​ရွေးပြီး Copy လုပ်​လို့ရတဲ့ app တိုင်းက​နေ ရှာလို့ ရဖို့ လုပ်​ထားပါတယ်​။ မရရင်​ ​ပြောပါ။
Install လုပ်​ပြီးသွားရင်​ Open လုပ်​လိုက်​ပါ။ Screen ထိပ်​က notification ​နေရာမှာ icon တစ်​ခု ​ပေါ်လာပါလိမ့်​မယ်​။ အဲဒီ့ icon က​တော့ အချိန်​မ​ရွေး အဘိဓါန်​ ရှာလို့ ရ​အောင်​ တင်​ထားတာပါ။
ဘယ်​ app ပဲ သုံး​နေ​နေ အဲဒီ့ icon ကို နှိပ်​ပြီးလည်း အဓါပ္ပါယ်​သိချင်​သော စာလုံးများကို စရှာနိုင်​ပါပြီ။ copy လုပ်​လို့ မရတဲ့ အ​နေအထား (facebook, pdf) ​တွေ အတွက်​ပါ။
အင်္ဂလိပ်​ စာလုံးရိုက်​ပြီး မြန်​မာအဓိပ္ပါယ်​ကို ရှာရုံတင်​ မဟုတ်​ပါဘူး။ မြန်​မာစာလုံး​တွေ ရိုက်​ပြီး အဓိပ္ပါယ်​က​နေ အင်္ဂလိပ်​စာလုံး ပြန်​ရှာလို့ ရပါတယ်​။
အဘိဓါန်​မှာ စာလုံး​တွေ ပိုစုံ​အောင်​ရယ်​ အဓိပ္ပါယ်​တွေ ပိုပြီး ပြည့်​စုံ​အောင်​ရယ်​ကိုလဲ ဆက်​လက်​ကြိုးစားသွားပါ့မယ်​။ ရှာမ​တွေ့တဲ့ စာလုံး​တွေ အတွက်​ အီး​မေးလ်​ က​နေ​မေးနိုင်​ပါတယ်​။ ကျ​နော်​ တစ်​ရက်​ နှစ်​ရက်​အတွင်း အဓိပ္ပါယ်​ပြန်​ပို့ ​ပေးနိုင်​အောင်​ ကြိုးစား​နေပါတယ်​။ တစ်​ခါတစ်​လေ အလုပ်​များသွားပြီး ၄ရက်​ ၅ရက်​ ကြာသွားတတ်​တာ ခွင့်​လွှတ်​ပါ။
အင်္ဂလိပ်​စာ ​လေ့ကျင့်​လိုသူ​တွေအတွက်​ ပ​ဟေဋ္ဌိ ​လေး​တွေ ထည့်​ထား​ပေးပါတယ်​။ ပ​ဟေဋ္ဌိ ​တွေကို ထပ်​တိုး​ပေးဖို့ စီစဉ်​ထားပါတယ်​။
တစ် ​ချို့စာမျက်​နှာ​တွေမှာ ​ကြေငြာ ထဲ့ထားပါတယ်​။ တစ်​ချို့က ​ကြေငြာထဲ့ထားလို့ မကြိုက်​တတ်​ပါဘူး။ ကျ​နော်​ ဒီ app ကို အာရုံစိုက်​ပြီး ဆက်​လုပ်​နိုင်​ဖို့အတွက်​ အ​ထောက်​အပံ့ဖြစ်​မလားဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ပါ။ အဲဒီ့ ​ကြေငြာ​တွေကို နှိပ်​တဲ့သူရှိမှ ကျ​နော့်​ကို ပိုက်​ဆံ​ပေးမှာပါ။ app ကို ကြိုက်​တယ်​ ဆက်​ပြီး အား​ပေးချင်​တယ်​ဆိုရင်​ ​ကြေငြာ​တွေကို နှိပ်​ပေးပါ။ ​ကြေငြာ​တွေကို လုံးဝ မကြည့်​ချင်​ဘူးဆိုရင်​တော့ လုံးဝကို မနှိပ်​ပါနဲ့။ ကျ​နော်​ ဘာမှ မရပဲ အလကားထဲ့ထားသလိုဖြစ်​နေရင်​ ကျ​နော်​ ​ကြေငြာအားလုံးကို ဖယ်​ပစ်​မှာပါ။


https://play.google.com/store/apps/details?id=com.mmswdev.mmswdict.mclipdict&hl=en



Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။