LG G3 ကို click တစ်ချက်ထဲနဲ့ root လုပ်ချင်သူများအတွက် oneclick root tool

Posted in
No comments
Monday 16 June 2014 By htwe naing

lg g3-specs
LG G3 ကို click တစ်ချက်ထဲနဲ့ Root လို့ရတဲ့ tool လေးတွေ့လို့ပါ။ ကျွန်တော်ကိုယ်တိုင်တော့ မစမ်းရသေးပါဘူး။ လိုအပ်တဲ့အခါသုံးဖို့နဲ့ လိုအပ်တဲ့သူတွေ သုံးနိုင်ဖို့အတွက် တင်ပေးလိုက်တာပါ။ ဒီ tool လေးနဲ့ Root လို့ရနိုင်တဲ့ Phone အမျိုးအစားတွေကတော့ အောက်မှာပါ။
 
      • International LG G3 D855.
      • At&t LG G3 D850
      • T-Mobile LG G3 D851
      • Canadian LG G3 D852
      • Korean LG G3 F400/400K/400L
      • Sprint LG G3 LS990
      • Verizon LG G3 VS985
 LG G3 အတွက်လိုအပ်တဲ့ USB Driver နဲ့ Root tool ကိုတော့အောက်ကလင့်မှာယူလိုက်ပါ။


 ၁။ဒီ root tool လေးက အပေါ်မှာ ရေးထားတဲ့  LG model တွေအတွက်ပါ။ တစ် ခြား LG တွေအတွက်မဟုတ်ပါ။

၂။အပေါ်က download လုပ်လို့ရလာတဲ့ RAR file ထဲက USB driver ကို install လုပ်ထားပါ။

၃။ဖုန်း charging ကို အနည်းဆုံး 80% ရှိအောင်ထားပါ။

၎။USB debugging ကို enable လုပ်ဖို့အတွက် build number ကို (7) ချက်လောက်တောက်ပေလိုက်ပြီး back ပြန်သွားပါ။ developer option ထဲကိုသွားပြီး USB debugging ကို အမှန်ခြစ်ထားပေးပါ။

၅။ Flight Mode ကို ဖွင့်ထားပါ။
 

၆။  Verizon LG G3 users တွေအတွက် Ethernet mode ကိုသုံးပါ။

၇။ PIN/Pattern lock တွေကိုဖြုတ်ထားပေးပါ။display settings ထဲက screen sleep time ကို 4 – 5 minutes ထားပါ။

၈။ PC နဲ့ချိတ်ရမဲ့ USB ကြိုးဟာ original LG G3 ရဲ့ ကြိုးကိုသုံးပါ။

၉။ PC မှာ သုံးနေတဲ့  anti-virus နဲ့ firewalls တွေ ကို ခဏပိတ်ထားပေးပါ။

၁၀။ အပေါ်က download လုပ်လို့ရလာတဲ့ RAR file ထဲက Zip file ကို ဖြည်ပါ။

၁၁။ပြီးသွားရင် အောက်ကပုံလေးအတိုင်း root ဆိုတဲ့ Window Batch File လေးကို click နှစ်ချက်လောက်တောက်ပေးလိုက်ပါ။



၁၂။ အောက်ကပုံလို CMD လေးပေါ်လာပြီး Enter ခေါက်ပေလိုက်ပါ။ ဖုန်း reboot ကျပြီးပြန်တက်လာရင် Root ရပြီလို့တော့ ရေးထားတာပဲ 


LG G3 လက်ထဲမှာရှိတဲ့သူများ အစင်ပြေပါစေ။

Thanks to XDA developer Autoprime

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။