Nokia X model number RM 980 ကို Root လုပ်ပြီး မြန်မာစာထည့်ကြည့်ရအောင်

Posted in
1 comment
Monday 28 April 2014 By htwe naing

 
 Nokia ရဲ့ ပထမဆုံး android version နဲ့ ထွက်လာတဲ့ Nokia X model number RM 980 ကို root လုပ်မယ် မြန်မာစာထည့်ကြည့်မယ်ဗျာ လုပ်ပုံလုပ်နည်းကလွယ်ပါတယ်။ 2010 လောက်ကတည်းက Android တွေနဲ့ရင်နီးပြီးသားဆိုတော့ 2014 ကျမှ android လောကထဲဝင်လာတဲ့ nokia လောက်ကတော့  သိပ်တော့အခက်ကြီးမဟုတ်ပါဘူးနော် nokia x အကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင် ဒီနေရာ လေးမှာသွားပြီးလေ့လာနိုင်ပါတယ်။ Nokia ကိုချစ်တဲ့ user တွေအတွက်နောက်ထက်လဲ Nokia X plus နဲ့ Nokia XL ဆိုပြီး ဒီ 2014 ခုနှစ် ထဲမှာပဲ Android version 4.1.2 နဲ့ထွက်လာဖို့ရှိပါတယ်။ Nokia X plus အကြောင်းကို ဒီနေရာ လေးမှာလေ့လာနိုင်ပြီး Nokia XL ကိုတော့ ဒီနေရာ လေးမှာသွာရောက်လေ့လာနိုင်ပါတယ်။ ကဲ ကျွန်တော်တို့အခု Nokia X လေးကို root မယ် မြန်မာစာထည့်မယ်။

ပထမဆုံး ဖုန်းကို PC မှာ USB ကြိုးနဲ့အရင်ဆုံး ချိတ်လိုက်ပါ။ PC မှာ driver install လုပ်နေတာမြင်ရပါလိမ့်မယ် ပြီးတဲ့ထိစောင့်ပါ။ ပြီးသွားပြီဆိုရင် ဖုန်းရဲ့ setting / developer option / usb debugging ကို အမှန်ခြစ်ပေးထားပါ။ဒါဆိုရင် PC မှာ USB driver install လုပ်ပြီးသွားပါပြီ။

 root လုပ်ဖို့အတွက် root tool ကို ဒီနေရာ လေးမှာသွားယူလိုက်ပါ။တစ်ခြားတော့ မဟုတ်ပါဘူး Vroot v 1.7.6 ပါ။ 

မြန်မာစာထည့်ဖို့အတွက် myanmarmobilesoftwaredeveloper မှ ကိုဖြိုးချမ်းရဲ့ Smart Zawgyi installer ကို ဒီနေရာ မှာယူလိုက်ပါ။

ဖုန်းရဲ့ setting / security /unknown soueces မှားအမှန်ခြစ်ပေးပြီး Smart Zawgyi installer ကို ဖုန်းထဲမှာ install လုပ်ပါ။ Smart Zawgyi installer ကိုဖွင့်ပါ။superuser permission တောင်းရင် Allow လုပ်ပေးလိုက်ပါ။အောက်ကပုံလေးတိုင်းပေါ်လာပြီဆိုရင်( sony ဖုန်းများအတွက်) ဆိုတဲ့နေရာကိုနှိပ်ပါ။ ဖုန်း reboot ကျပြီးပြန်တက်လာရင် မြန်မာစာမြင်ရပါပြီ

Screenshot_1980-01-06-08-21-47 

မြန်မာစာရိုက်ဖို့အတွက် Bagan Keyboard pro v 1.6.0 ကို ဒီနေရာ  လေးမှာယူလိုက်ပါ။ ကဲဒါဆိုရင်တော့ သူငယ်ချင်းရဲ့ Nokia X လေးမှာ  မြန်မာစာမြင်ရပြီး စာပါရိုက်လို့ရသွားပါပြီ

 
အားလုံးပဲအစင်ပြေကြပါစေ

Related posts

1 comment:

  1. Such an important information..!!!

    Nicely, explained with all the deep and detailed information. This

    page has cleared all of my doubt's and really helped me taking my

    decision. Head's off to you.

    I will surely share the page's adrress to the one's who are looking

    for the same.

    Keep it Up the Good work..!!!

    Thanks

    ReplyDelete

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။