Digital Music Mentor v2.5 portable

Posted in
No comments
Saturday 19 April 2014 By htwe naing

 Digital Music Mentor က သီချင်းတွေကို chord ရှာပေးတဲ့ ကောင်လေးပါ။ ကျွန်တော် တော်တော်လေးသဘောကျ တယ်ဗျာ ကျွန်တော်တို့လို အဝေးရောက် မြန်မာတွေအတွက် အသုံးဝင်တယ်ဗျာ သုံးရတာလဲလွယ်ကူတယ်။ ကျွန်တော်တို့ အဝေးရောက်ညီ ကိုတွေ သီချင်းနာထောင်တယ်၊ ပြန်ဆိုကြတယ် guitar တီးပြီး ပြန်ဆိုဖို့ကြတော့ ကိုလိုချင်တဲ့ သီချင်းစာအုပ်ရဖို့က မြန်မာပြည်မှာလို မလွယ်ဘူးမဟုတ်လား? အခု အဲဒါတွေအားလုံးအစင်ပြေသွားပြီဗျာ   ဒီ Digital Music Mentor က ကိုရင်ဖွင့်ချင်တဲ့ mp3 သီချင်းလေး ရှိရုံနဲ့ အဲဒီ mp3 ကို ဒီကောင်လေးသုံးပြီး ဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ လိုချင်တဲ့ guitar လက်ကွက်တွေ ရလာပါလိမ့်မယ်။ ဘယ် mp3 သီချင်းပဲဖြစ်ဖြစ် လာခဲ့ အကုန်လုံး ကိုကော့သွားစေရမယ်။ portable version လေးဆိုတော့ install လုပ်စရာမလိုပဲ အလွယ်တစ်ကူသယ်သွားလို့ရတာပေါ့ ကျွန်တော်ထင်တယ် ဒီကောင်လေးသုံးပြီ သီချင်းစာအုပ်ရောင်းစားလို့တောင်ရပါတယ်။ ကဲ သုံးပုံ သုံးနည်းလေးကို အောက်မှာကြည့်ရအောင်

ဒေါင်းလို့ရလာတဲ့ RAR file ကိုဖြည် folder ထဲက DMM v2.5 portable ကို click လိုက်ရင်အောက်ကပုံလေးတိုင်းပေါ်လာလိမ့်မယ်

 

 ပြီးရင် load ကိုနှိပ် သီချင်းရှိတဲ့နေရာကိုသွား ကိုကြိုက်တဲ့သီချင်းကိုရွေး open


 Analyze ကိုနှိပ်ပြီး play ဆိုတာကိုနှိပ်လိုက်


 
 တွေ့တယ်မဟုတ်လား သီချင်းနားထောင်ပြီး လက်ကွက်လိုက်ရေးစရာ မလိုတော့ဘူး ကျန်တာတွေကတော့ ဟိုသွားဒီသွား နည်းနည်းလေး ရှောက်သွားကြည့်လိုက်ပေါ့ ကြိုက်တယ်ဆိုရင် အောက်မှာယူလိုက်


Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။