Youtube က video တွေကို CMD ကနေဒေါင်းနည်း။
Posted in windows, နည်းပညာများ
No comments
Tuesday, 3 February 2015 By htwe naing
Youtube က video တွေကို ဘာ downoader တွေမှမသုံးပဲနဲ့ download ဆွဲကြည့်ရအောင် အရင်ဆုံး ဒီပိုစ့်လေးအတွက် ကို Galay Gachay ကို credit ပေးပါတယ်။
စလိုက်ရအောင် အရင်ဆုံးအောက်ကလင့်လေးမှာ youtube-dl ဆိုတဲ့ exe လေးကိုအရင်ယူလိုက်ပါ။
Download လုပ်လို့ပြီးရင် ကိုယ်ကြိုက်တဲ့နေရာမှာ Newfolder လေးတစ်ခုလုပ်ပြီး youtube-dl.exe ကို Newfolder လေးထဲမှာထည့်လိုက်ပါ။ကျွန်တော်ကတော့ ပြန်ကြည့်ရလွယ်ကူအောင် desktop ပေါ်မှာပဲထားလိုက်ပါတယ်။
အဲဒီ youtube-dl.exe ထည့်ထာတဲ့ folder လေးကိုဖွင့်ပြီး folder ထဲကနေရာလွက်တစ်နေရာမှာ Shift + Right click နှစ်ခုကိုတွဲနှိပ်လိုက်ရင် window pop up လေးထဲမှာ open command window here ဆိုတာလေးကို နှိပ်လိုက်ပါ။
အောက်ကပုံမှာလို CMD လေးပွင့်လာပါလိမ့်မယ်။ အရင်ဆုံး ကိုယ် Download လုပ်ချင်တဲ့ youtube ကလင့်တစ်ခုကို copy လုပ်ထားလိုက်ပါ။
CMD ထဲမှာ youtube-dl လို့ရိုက် သူ့နောက်မှာ space လေးတစ်ချက်ခြား၊ ခုဏက copy ကူးထားတဲ့ youtube ကလင့်ကို paste လုပ်ပြီး Enter ခေါက်လိုက်ရင် Download ဆွဲနေတာတွေ့ရပါလိမ့်မယ်။
youtube-dl https://www.youtube.com/watch?v=J2cDP7FDwew
နောက်ထက် ကိုယ်လိုချင်တဲ့ 3gp /flv / Mp4 စတဲ့ format တွေကိုရွေးပြီးဒေါင်းချင်တယ်ဆိုရင် ခုဏက အပေါ်မှာ လုပ်ခဲ့သလိုပဲ CMD ထဲမှာ youtube-dl နဲ့ copy /paste လုပ်ထားတဲ့ လင့်နှစ်ခုကြားထဲမှာ ( −F ) လေးထည့်ပြီး Enter ခေါက်ကြည့်လိုက်ပါ။
youtube-dl -F https://www.youtube.com/watch?v=J2cDP7FDwew
ကျွန်တော်ဝိုင်းပြထားတဲ့နေရာ မှာ ကိုယ်လိုချင်တဲ့ format တစ်ခုကို ဒေါင်းချင်တယ်ဆိုရင် ဥပမာ အနေနဲ့ အပေါ်ပုံက အောက်ဆုံးစာကြောင်းလေးမှာ 22 mp4 1280x720 ရှိတဲ့ size တစ်ခုကို ဒေါင်းမယ်ဆိုရင် CMD ထဲမှာအောက်ကလိုလေးရိုက်ပြီး Enter ခေါက်လိုက်ပါ။
youtube-dl -f22 https://www.youtube.com/watch?v=J2cDP7FDwew
အစင်ပြေပါစေ။
Related posts
- CCleaner 5.04.5151 + All Edition Crack
- Portable Ashampoo Movie Studio Pro 1.0.17.1 DC 13.02.2015 Multilingual~~
- avira system speedup 1.6.2.120 + patch
- PPSSPP-Gold---PSP-emulator For PC
- Window 10 Icons Pack Installer for Window 7 / 8 / 8.1
- How to root Sony Xperia Z Ultra C6802 android 5.0.2 build 24.5.A.0.242
- Sony Xperia ဖုန်းတွေအတွက် Root လုပ်ပြီးသား Firmware လုပ်နည်း။
- Android ဖုန်းတွေမှာ Developer Option ဖျောက်နည်း။
- Sony Xperia Z Ultra 4.4.4 Build .108 Locked Bootloader ကို Custom Recovery ထည့်နည်း
- Youtube က video တွေကို CMD ကနေဒေါင်းနည်း။
Share this post
0 comments: