Windows 8 Logon Screen ကို Screenshot ပြုလုပ်ခြင်း

No comments
Wednesday 31 December 2014 By htwe naing

Windows 8 အသုံးပြုသူများ အတွက် ကိုယ်အသုံးပြုတဲ့ Windows 8 ရဲ့ Logon Screen ကို Screenshot ပြုလုပ်ချင်တယ်ဆိုရင်  အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာ  ဖြစ်ပါတယ်။ Logon Screen ကို Screeshot ပြုလုပ်ချင်သူတွေ အတွက် Windows မှာ Built-in ပါဝင်တဲ့ Tool နဲ့ အသုံးပြုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ Screenshot ပြုလုပ်ဖို့အတွက် Third Party ဆောဖ့်ဝဲကိုတော့ အသုံးပြုရမှာ ဖြစ်ပါတယ်။
Windows 8 Logon Screen ကို Screenshot ပြုလုပ်နိုင်မယ့် ဆောဖ့်ဝဲကတော့ PsExec ဆိုတဲ့ Tool ပဲဖြစ်ပါတယ်။ ဒီ Tool ဟာ Sysinternals suite ရဲ့အစိတ်အပိုင်း Tool လေးတစ်ခုပဲ ဖြစ်ပါ တယ်။ PsExec ကို Download ပြုလုပ်ပြီး ကိုယ့်ရဲ့ ကွန်ပျူတာထဲကို သွင်းလိုက်ပါ။ ကွန်ပျူတာထဲကို သွင်းပြီးသွားပြီဆိုရင် အဲဒီ PsExec ဆိုတဲ့ Tool ကို သွားရောက် ရှာဖွေရမှာဖြစ်ပါတယ်။ Default အနေနဲ့ ဒီဆော့ဖ်ဝဲဟာ C: အောက်က Windows အောက်က System32 ဆိုတဲ့ ဖိုဒါထဲမှာ ရှိမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ Screenshot ပြုလုပ်နိုင်ဖို့အတွက် FSCapture Portable Version ကို Download လုပ်ယူရမှာ ဖြစ်ပါတယ်။ Portable Version ကိုလိုချင်သူတွေအနေနဲ့ http://goo.gl/udmai4  ဆိုတဲ့လိပ်စာမှာ သွားရောက် ရယူနိုင်မှာ ဖြစ်ပါတယ်။ Download လုပ်ပြီးတဲ့ Portable Version ဖိုင်ကို C: အောက်ထဲ ထည့်ထားလိုက်ပါ။
ပြီးသွားရင် Win + X နှိပ်ပြီး Command Prompt ကို  Admin အဖြစ် ရွေးပြီး ဖွင့်လိုက်ပါ။ PsExec နဲ့ FSCapture နဲ့ချိတ်ဆက်ဖို့အတွက် Command Prompt ထဲမှာ Command ရိုက်ထည့်ပေး ရမှာ ဖြစ်ပါတယ်။ လမ်းကြောင်းကိုလည်း C:\Windows\System32 အောက်မှာ ရှိနေစေရပါမယ်။ အသုံးပြုရမယ့် Command ကတော့ psexec -xs c:\PathToFSCapture.exe ဆိုတဲ့ Command ကို ရိုက်ထည့်ပေးရပါမယ်။ ဒီနေရာမှာ C: အောက်မှာ FSCapture.exe ကို ထားခဲ့တဲ့အတွက် c:\ ဆိုတဲ့ လမ်းကြောင်းကို ညွှန်ထားတာ ဖြစ်ပါတယ်။ အခြား Partition အောက်မှာ ထားမယ်ဆိုရင်အခြား Partition ရဲ့ Drive ကို ညွှန်းပေးရမှာ ဖြစ်ပါတယ်။
ပြီးသွားရင် Screen Lock ပြုလုပ်ပြီး Alt+Tab ကို တွဲနှိပ်လိုက်ရင် FSCapture box တက်လာပါမယ်။ အဲဒီမှာသွားပြီး Screenshot ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

 http://www.internetjournal.media/

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။