How to add Myanmar Font into Android Phone Manually
Posted in Android, နည်းပညာများ
No comments
Thursday, 29 May 2014 By htwe naing
ဒီပို့ စ်ကို အစကတည်းက ရေးဖို့ စိတ်ကူးရှိပြီး မရေးဖြစ်သေးတာပါ။
ဒါပေမယ့် မနေ့ က ကျွန်တော် Friend List ထဲက
သူငယ်ချင်းတစ်ယောက် မြန်မာဖောင့်သွင်းလိုက်တာ ဖုန်းက လုံးဝကို Boot မတက်တော့ဘူးလို့ သိရပါတယ်။ Font Installer အားလုံးကောင်းကြပါတယ်။
ဒါပေမယ့် ဖုန်းအားလုံးအတွက် General Purpose ထုတ်ထားပေးရတာဆိုတော့လည်း တစ်ချို့ ဖုန်းတွေမှာ အဆင်မပြေဖြစ်တတ်ပါတယ်။
အစားမထိုးသင့်တဲ့ system font နဲ့ အစားထိုးလိုက်မိရင် ဖုန်း Boot မတက်တော့တာဖြစ်တတ်ပါတယ်။
ဒါကြောင့် ကျွန်တော် အမြဲသုံးနေကျ နည်းလေးကို အားလုံးကို မျှဝေလိုက်ပါတယ်။
နဲနဲတော့ လက်ဝင်ပေမယ့် ဘာပြသနာမှ မရှိဘူးဆိုတာ 100% သေချာပါတယ်။
ကျွန်တော်ကတော့ Samsung ဖုန်းကို အခြေခံပြီးရေးမှာမို့ လို့  တစ်ခြားဖုန်းတွေမှာ ဖိုင်နာမည်အနည်းငယ်လွဲကောင်းလွဲနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးလို့ ရပါတယ်။
ဒီနည်းက ဘယ်ဖောင့်နဲ့မှ အစားမထိုးလို့ ဘယ်ဖောင့်မှ မပျောက်ပါ။ 1. သင့်ဖုန်းသည် Root လုပ်ပြီးသားဖြစ်ရပါမယ်။
2. "920 Text Editor" ကို သင့်ဖုန်းထဲသို့ Install လုပ်ပါ။ (PlayStore မှာ Free down လို့ ရပါတယ်။)
(တစ်ခြား Text Editor ကိုလည်း သုံးနိုင်ပါသည်။)
3. "920 Text Editor" ကို ဖွင့်ပြီး Preference အောက်မှ Other ထဲဝင်ပြီး
Try to Run as ROOT ကို အမှန်ခြစ်ပေးပြီး ပိတ်လိုက်ပါ။
4. "920 Text Editor" ကိုပြန်ဖွင့်ပြီး ဖိုဒါပုံ Open ကို နှိပ်ပါ။
5. ပေါ်လာသောအကွက်ထဲမှ system ဖိုဒါအောက်မှ etc ဖိုဒါထဲ ၀င်လိုက်ပါ။
6. etc ဖိုဒါထဲတွင် "fallback_fonts.xml" နှင့် "fallback_fonts_sbrowser.xml" ဆိုသည့်ဖိုင် ၂ဖိုင်ကို ရှာပါ။
(ဖုန်းအမျိုးစားမတူလျှင် ဖိုင်နာမည် အနဲငယ်လွဲကောင်းလွဲနိုင်ပါသည်။
အနီးစပ်ဆုံးဖြစ်နိုင်ချေရှိသည့် fallback font xml ဖိုင်ကိုရှာပါ။)
(ပုံမှာကြည့်ပါ။)
7. ထိုဖိုင်၂ခုမှ ပထမဆုံးတွေ့ သည့် "fallback_fonts.xml" ကို ဖွင့်ပါ။
8. <familyset> ဆိုတာကို ရှာပါ။
9. <familyset> ရဲ့ အောက်မှာ အောက်ကအတိုင်း တစ်ကြောင်းခြင်းရိုက်ထည့်ပါ။ (ပုံမှာကြည့်ပါ။)
<family>
<fileset>
<file>ZawgyiOne.ttf</file>
</fileset>
</family>
10. အပေါ်မှာ ရိုက်ထားတဲ့ ZawgyiOne.ttf နေရာမှာ မိမိထည့်ချင်တဲ့ ဖောင့်ဖိုင်နာမည် ပြောင်းထည့်နိုင်ပါတယ်။
11. ပြီးရင် အပေါ်ဘားတန်းမှ Save ကို နှိပ်ပါ။
12. Successfully Saved! ဆိုပြီး ပေါ်လာရပါမယ်။
13. ဒုတိယဖိုင်ဖြစ်တဲ့ "fallback_fonts_sbrowser.xml" ကိုလည်း အထက်ပါနည်းအတိုင်း တူအောင်လုပ်ပါ။
14. ၂ဖိုင်စလုံးမှာ ဖောင့်ဖိုင်နာမည်ထည့်ပြီးပြီးဆိုရင် အခု ဖောင့်ထည့်ရပါတော့မယ်။
15. Root Explorer ကို မိမိဖုန်းမှာ Install လုပ်ပါ။
16. Root Explorer ကို ဖွင့်ပြီး system ဖိုဒါအောက်က fonts ဖိုဒါကို ဖွင့်ပါ။
17. အပေါ်က ဘားတန်းနားမှာ Mount R/O ဖြစ်နေပါက Mount R/W ဖြစ်အောင် တစ်ချက်နှိပ်ပါ။
(R/O "read only" ကို R/W "read write" permission ပြောင်းခြင်းဖြစ်ပါတယ်။)
18. ZawgyiOne.ttf ဖောင့်ဖိုင်ကို system ဖိုဒါအောက်က fonts ဖိုဒါထဲကူးထည့်ပါ။
19. ပြီးလျှင် ZawgyiOne.ttf ဖိုင်ပေါ်မှာ ခဏကြာအောင်ဖိထားပြီး Permissions ကို နှိပ်ပါ။
20. ပေါ်လာသောအကွက်မှာ Read အောက်မှာ အမှန်ခြစ် ၃ခု နဲ့ 
Write အောက်မှာ အပေါ်ဆုံးက အမှန်ခြစ်တစ်ခုပဲရှိရပါမယ်။
Execute အောက်မှာ အမှန်ခြစ် လုံးဝ မရှိရပါဘူး။
21. ပြီးရင် OK ကို နှိပ်ပါ။
22. ဖုန်းကို Restart ချပါ။
23. ဖုန်းပြန်ပွင့်လာရင် သင်ကိုယ်တိုင်သွင်းခဲ့တဲ့ မြန်မာစာကို အရသာရှိရှိ မြင်နိုင်ပါပြီ။
(ကိုယ်ကိုတိုင် လုပ်ခဲ့တာဆိုတော့ သူများလုပ်ပေးတာထက် ပိုအရသာရှိတာပေါ့ဗျာ။)
အားလုံးပဲ အဆင်ပြေကြပါစေ။
Credit - Orange Cracker

Related posts
- Sd ပျက်နေသော Vivo ဖုန်းများ Firmware တင်နည်း။
- Windows 8 Logon Screen ကို Screenshot ပြုလုပ်ခြင်း
- DriverPack Solution အကြောင်း တစ်စေ့တစောင့်း
- Driver Package Installer (*.exe) တစ်ခုဖန်တီးခြင်း
- Samsung Galaxy S6 & S6 Edge Model Numbers
- ASUS Fonepad 8 K016 Android 4.4.2 kitkat ကို Root လုပ်နည်း။
- Android ဖုန်းတွေမှာ Developer Option ဖျောက်နည်း။
- Huawei ဖုန်းအားလုံး unlock code တောင်းနည်း
- 2015 New Year လက်ဆောင် ZawgyiOne 2015 နဲ့ Final Solution 3.0
Share this post
0 comments: