Web Application အနေနဲ့အသုံးပြုလို့ရတော့မယ့် CCleaner

Posted in
No comments
Tuesday 20 August 2013 By htwe naing

Desktop Application တွေ နေရာမှာ WeApplication
 တွေကတဖြည်းဖြည်းအစားထိုးနေရာယူလာပါပြီ
သင့် PC မှာ ဆော့ဝဲတွေ 
အင်စတောလုပ်စရာမလိုဘဲ Web Application တွေကိုအသုံးပြုနိုင်ပါတယ်
။ဆော့ဝဲတွေ အင်စတောလုပ်စရာမလို တဲ့အတွက်သင့် PC ရဲ့ 
Performance ကောင်းမွန်ပြီးလျှင်လျှင်မြန်မြန်အလုပ်လုပ်နိုင်ပါတယ်။CCleaner ဆော့ဝဲ ထုတ်လုပ်တဲ့

Piriform က ‘Agomo’ ဆိုတဲ့ Web Application ကို စတင်မိတ်ဆက်လိုက်ပါတယ်။ Agomo က PC Maintenance Tool ဖြစ်ပြီး သင့် ကွန်ပြူတာက CCleaner ရဲ့ စွမ်းဆောင်ရည်တွေအတိုင်းပြုလုပ်ပေးနိုင်ပါတယ်။အဲဒီအတွက် သင့် ကွန်ပြူတာမှာ CCleaner လို PC Maintenance Tool တွေ အင်စတောလုပ်ထားစရာမလို ဘဲ Browser ရှိရုံနဲ့  သင့်ကွန်ပြူတာကို Maintenance ပြုလုပ်နိုင်ပါပြီ။

Agomo လုပ်ပေးနိုင်တဲ့အရာတွေ ကိုအောက်မှာဖတ်ပါ။

- သင့်ကွန်ပြူတာ ရဲ့  Hard Disk ကို Defrag လုပ်ပေးနိုင်ပါတယ်။

- Programs တွေကို Add/Remove လုပ်ပေးနိုင်ပါတယ်။

- Software တွေရဲ့ Performance ကောင်းမွန်အောင် Optimize လုပ်ပေးနိုင်ပါတယ်။Schedule လုပ်ပြီး Optimize လုပ်နိုင်ပါတယ်။

- CCleaner ကို သုံးပြီး သင့် System ရဲ့  Speed ကိုကောင်းမွန်အောင်လုပ်ပေးနိုင်ပါတယ်။

- Windows Registry က Bugs,Errors တွေကို ပြုပြင်နိုင်ပါတယ်။

- Startup Programs တွေကို Manage လုပ်လို့ ရပါတယ်။

- သင့် PC ကို နေရာမရွေး Maintain,Clean လုပ်လို့ ရပါတယ်။( locally or remotely )

- Disk space, CPU load memory နဲ့ တစ်ခြားသော System Component တွေကို ကြည့်ရှုနိုင်ပါတယ်။

Agomo က အခုလောလောဆည်တော့ Beta အဆင့်ပဲရှိသေးပြီးအသုံးပြုချင်ရင် Sign Up လုပ်ထားရမှာဖြစ်ပါတယ်။
                                            www.kothuya.com မှကူးယူဖော်ပြပါသည်
Desktop Application တွေ နေရာမှာ Web Application တွေကတဖြည်းဖြည်းအစားထိုးနေရာယူလာပါပြီ။သင့် PC မှာ ဆော့ဝဲတွေ အင်စတောလုပ်စရာမလိုဘဲ Web Application တွေကို အသုံးပြုနိုင်ပါတယ်။ဆော့ဝဲတွေ အင်စတောလုပ်စရာမလို တဲ့အတွက်သင့် PC ရဲ့  Performance ကောင်းမွန်ပြီးလျှင်လျှင်မြန်မြန်အလုပ်လုပ်နိုင်ပါတယ်။CCleaner ဆော့ဝဲ ထုတ်လုပ်တဲ့ Piriform က ‘Agomo’ ဆိုတဲ့ Web Application ကို စတင်မိတ်ဆက်လိုက်ပါတယ်။ Agomo က PC Maintenance Tool ဖြစ်ပြီး သင့် ကွန်ပြူတာက CCleaner ရဲ့ စွမ်းဆောင်ရည်တွေအတိုင်းပြုလုပ်ပေးနိုင်ပါတယ်။အဲဒီအတွက် သင့် ကွန်ပြူတာမှာ CCleaner လို PC Maintenance Tool တွေ အင်စတောလုပ်ထားစရာမလို ဘဲ Browser ရှိရုံနဲ့  သင့်ကွန်ပြူတာကို Maintenance ပြုလုပ်နိုင်ပါပြီ။

- See more at: http://www.kothuya.com/2013/08/web-application-ccleaner.html#sthash.YDhTZJJQ.dpuf

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။