AMOLED နဲ့ IPS တို့ဘာကွာသလဲ ?

Posted in
1 comment
By htwe naing

Image result for AMOLED နဲ့ IPS
မိုဘိုင်းလ်ဖုန်းထုတ်လုပ်ရောင်းချသူများပျားလာတာနဲ့အမျှ ဈေးကွက်ယှဉ်ပြိုင်မှုအရှိန်အဟုန်ကလည်းမြင့်တက်နေပါတယ်။အမှတ်တစ်ဆိပ်တစ်ခုအတွက် ၊ အရည်အသွေး အရည်အချင်းနဲ့ပုံစံဒီဇိုင်းဆန်ူသစ်မှုကိုခြေကုပ်ယူကာ ယှဉ်ပြိုင်မှုမှာ အင်အားအဖြစ်အသုံးချကြတယ်။စမက်ဖုန်းတွေကိုဝယ်ယူသူအများစုက ဆက်သွယ်ပြောဆိုတဲ့အသံကြည်လင်ပြက်သားမှုထက် ဖုန်းမှာတပ်ဆင်ထားတဲ့ ပစ္စည်းအမျိုးအစားများကိုပိုပြီးအာရုံစိုက်ရွေးချယ်လေ့ရှိပါတယ်။ဒီနေရာမှာလည်း ယေဘုယဘောအရ display အရွယ်အစားနဲ့အရည်အသွေးကို အထူးဂရုပြုကြလေ့ရှိပါတယ်။ Display အရည်အသွေးတွက် ဒီနေ့ဈေးကွက်မှာ AMOLED နဲ့ IPS LCD ဆိုတဲ့နည်းပညာနှစ်မျိုးကိုသာအများဆုံးအသုံးပြုကြတာတွေ့ရပါလိမ့်မယ်။ဒီနည်းပညာနှစ်မျိုးစလုံးမှာ အားသာချက်ကိုယ်စီရှိကြသလို အားနည်းချက်တွေလည်းကိုယ်စီရှိကြပါတယ်။မိမိအလိုကျ DISPLAY ကိုရွေးချယ်ရယူနိုင်ဖို့ နည်းပညာနှစ်မျိုးရဲ့ ကွာခြားချက်သဘာဝများကို ကြိုတင်သိရှိထားကြရမှာဖြစ်ပါတယ်။
                AMOLED ( Active-Matrix Organic light-Emitting Diode)နည်းပညာကိုမိုဘိုင်းလ်ထုတ်လုပ်သူများက ၂၀၀၈ ခုနှစ်ကစပြီးအသုံးပြုလာကြပါတယ်။ ယခုအခါ Super AMOLED ဆိုတဲ့မျိုးဆက်သစ်ကိုပင် အသုံးပြုနေကြပြီဖြစ်ပါတယ်။ပါးလွှာတဲ့ ထရန်စ္စတာ (TFT) ပေါ်မှာ သဘာဝပစ္စည်းဒြပ်ပေါင်းကို လျှက်စစ်ဖြတ်လွှတ်ပြီး ဖြစ်ပေါ်လာစေတဲ့အလင်းအားနဲ့အတူ pixesl လေးများသီးခြားလှုပ်ရှားစေတဲ့နည်းနဲ့ ကုံဖော်မျက်နှာပြင်ကိုထင်ဟပ်စေတဲ့အတွက်  Active-Matrix Organic light-Emitting Diode နည်းပညာလို့ခေါ်တွင်စေတာဖြစ်ပါတယ်။ IPS LCD DISPLAY နည်းပညာထက်သစ်လွင်မှုရှိတယ်လို့ညွှန်းဆိုလေ့ရှိပါတယ်။
                OLED နည်းပညာရဲ့ပင်မအင်အားစုက အင်မတန်ပါးလွှာတဲ့ဖလင်ပြားလေးကို အီလက်ထရွန်စီးဆင်းစေမှုအတွက် anode နဲ့ cathode များကိုလည်းအသုံးပြုရယူတယ်။လင်းထိန်မှုအခြေအနေအတွက်အီလက်ထရွန်းဆီးကြောင်းရဲ့အားနဲ့အဆုံးအဖြတ်ပြုပေးတယ်။ display ထဲက သေးငယ်တဲ့ အနီ ၊ အစိမ်း ၊ အပြာ အလင်းတွေထုတ်လုပ်တဲ့ diode တွေကိုတည်ဆောက်ယူစေတယ်။အရှင်းဆုံးသဘောတစ်ရားကတော့ pixel တစ်ခုစီမှာကိုယ်ပိုင်အရောင်ရှိစေပြီး အလင်းဖြတ်ထွန်းဖို့ဖန်တီးထားတဲ့နည်းပညာဖြစ်ပါတယ်။
                အရောင်တောက်ပမှုအင်အားအပေါ်မူတည်ပြီး AMOLED နဲ့ SUPER AMOLED လို့ခွဲခြားပြောကြတယ်။နှစ်မျိုးစလုံးမှာ အရောင်များကပိုပြီးတောက်ပကာ အနက်ရောင်အနေနဲ့ပိုပြီးမဲမှောင်စေတယ်။ SCREEN ရဲ့အပိုင်းပိုင်းတွေကို မလိုအပ်ပါကပိတ်ထားမှုပြုစေတဲ့အတွက် သီအိုရီသဘောအရ ဘက်ထရီသက်တမ်းကပိုပြီးမြင့်မြင့်မားမား ရှိစေတယ်။ဒါပေမဲ့ အထူးသတိပြုရမယ့်အချက်က SCREEN ကို အချိန်ပြည့်အသုံးချမှု ရှိနေရင်တော့ PIXEL တွေကိုအလင်းဖြစ်စေဖို့လျှပ်စစ်ပါဝါဖြတ်စီးစေတာကြောင့် IPS LCD display ထက်ပါဝါစားသုံးမှုများသွားနိုင်တယ်။နည်းပညာသဘောအရ IPS LCD display များထက် AMOLED display များကပိုပြီးအဆင့်မြင့်တယ်လို့ဆိုရပေမဲ့ တစ်ကယ်လို့များ အချိန်ကြာကြာအသုံးမခံတဲ့ pixel အရည်အသွေးမျိုးဖြစ်ခဲ့ရင် display အပျက်မြန်တဲ့ပြဿနာမျိုးရှိနိုင်တယ်။ ယေဘုယျသဘောအရ AMOLED display တွေကပိုပြီးအရောင်တောက်ပကြည်လင်တဲ့အတွက် လူကြိုက်များစေတယ်။ super AMOLED ဆိုရင် ဆိုဖွယ်ရာမရှိသလောက်အထိ အရောင်စိုပြေတယ်လို့ပြောရမှာဖြစ်တယ်။
                IPS (In-Plane switching) ကို ၁၉၉၀ ခုနှစ် ကတည်းက စတင်အသုံးပြုလာကြတယ်။သမားရိုးကျ LCDs (liquid crystal display)အတွက် screen နည်းပညာကိုဖြည့်စည်းဆောင်ရွက်ယူတာဖြစ်တယ်။ LCDs ရိုးရိုးတွေကိုတော့ ၁၉၈၀ ခုနှစ်တွေမှာစတင်ပေါ်ပေါက်တာကို သိရှိပြီးမြင်ကြပါလိမ့်မယ်။ LC (liquid crystal ) ရဲ့မော်လီကျူးလေးတွေကို လားရာပြောင်းလဲစေပြီး ပုံဖော်ပြသပေးတဲ့နည်းပညာလို့ယေဘုယျနားလည်နိုင်စေတယ်။ IPS LCD ကို ကထမဆုံး iphone မှာပင်အသုံးပြုခဲ့တယ်။ AMOLED ထက်ရှေးဦးကျတဲ့နည်းပညာဖြစ်သလို ဈေးနှုန်းချိုသာစွာနဲ့ထုတ်လုပ်နိုင်တဲ့ display အမျိုးအစားတွေဖြစ်တယ်။
                LCD မှာ colour filler တစ်ခုလိုဖြစ်ပြီး polrized light ဆိုတဲ့အလင်းအားနဲ့ပုံဖော်ပြသပေးစေတယ်။ pixel တစ်ခုချင်းအဖွင့်အပိတ်လုပ်ကိုင်စေတဲ့နည်းစနစ်မဟုတ်ဘူး နည်းပညာရှင်များကတော့ IPS LCD တိုင်းက သဘာဝအရောင်ပိုပြီးစိုးမိုးခံပြီး AMOLED က တစ်ခါတစ်လေ အရောင်သိပ်သည်းမှုရှိတဲ့အတွက် သဘာဝသိပ်သည်းစဆန်သလို ဖြစ်သွားစေတယ်လို့ညွှန်းဆိုကြတယ်။ ဒါပေမဲ့ IPS LCD တိုင်းရဲ့ viewing angle များက AMOLED လောက်မကောင်းဘူး။
               IPS LCD display များကို အများဆုံးအသုံးပြုကြတာကတော့ Apple နဲ့ LG တို့ပဲဖြစ်ပါတယ်။ အခုအခါ HTC လည်း IPS LCD display များအသုံးပြုဖို့ကြိုးစားနေတာကိုတွေ့လာတယ်။တစ်ကယ်တန်းလက်တွေ့ကျကျနှိုင်ယှဉ်လေ့လာမယ်ဆိုရင် AMOLED နဲ့ IPS LCD နည်းပညာနှစ်ခုမှာ ဘယ်နည်းပညာက သာလွန်ကောင်းမွန်ပါတယ်လို့ အဆုံးဖြတ်မပေးနိုင်ကြဘူး။အားသာချက်တွေရှိကြသလို အားနည်းချက်တွေလည်း ရှိကြတယ်လို့သာ အဖြေပေးလေ့ရှိကြတယ်။
                  AMOLED နဲ့ပက်သက်ပြီး Super AMOLED ကို နောက်ဆုံးပေါ်ဖြစ်ဖြစ်ယေဘုယျဘောပြောဆိုခဲ့ပေမဲ့ထုတ်လုပ်သူများကတော့ HD Super AMOLED တို့ HD Super AMOLED Plus တို့ Full HD Super AMOLED တို့ Quad HD Super AMOLED တို့နဲ့အတူ Retina AMOLED စသဖြင့်သေးစိတ်အညွှန်းခေါ်အဝေါ်များ ပြဆိုထားလေ့ရှိတယ်။ယေဘုယျခြုံငုံကြည့်မယ်ဆိုရင် အားလုံးက Super AMOLED လို့နားလည်ထားနိုင်ပါတယ်။ Nokia , Samsung ,black berry , Gionees ,HTC , Motorola တို့ကထုတ်လုပ်တဲ့ စမက်ဖုန်းနဲ့တက်ဘလက်တွေမှာ AMOLED နဲ့ Super AMOLED တို့ကိုအသုံးပြုလေ့ရှိတယ်။
                  IPS LCD display များကို အသုံးပြုထုတ်လုပ်သူတွေအနေနဲ့  AHUA (Advanced Hyper - Viewing Angle) နဲ့ ထပ်ဆောင်းမက်လုံးပေး ထုတ်လုပ်ခဲ့တာတွေ့ကြရပါသေးတယ်။IPS LCD လိုစွဲစွဲမြဲမြဲ အသုံးချလေ့ရှိတာကတော့ Apple နဲ့ LG အပြင် SONY ကုမ္ပဏီထုတ် စမက်ဖုန်းနဲ့တက်ဘလက်တို့ဖြစ်တယ်။ IPS LCD  ရဲ့အားသာချက်တွေမှာ response time , colour reproduction နဲ့  viewing တို့ကိုတွေ့ရပေမဲ့ backlight အများကြီးသုံးရတယ်။ ဘက်ထရီ ပါဝါစားသုံးမှု များတာကိုအားနည်းချက်အဖြစ်ပြောဆိုနိုင်ပါလိမ့်မယ်။
                  AMOLED အားသာချက်က စမက်ဖုန်းတို့ တက်ဘလက်တို့ တည်ဆောက်ရာမှာ ပါးလွှာတဲ့ဒီဇိုင်းနဲ့တည်ဆောက်ခွင့်ရနိုင်တယ်။ back light မလိုတဲ့အတွက် ဘက်ထရီပါဝါစားသက်သာတယ်။ Contrast ကောင်းတယ် အားနည်းချက်ကတော့ IPS လောက်ရုပ်ပြတ်သားမှု မကောင်းတဲ့အချက်တွေ့နိုင်သလို ထုတ်လုပ်မှုတန်ထိုးမြင့်မားနိုင်တယ်။စမက်ဖုန်းနဲ့တက်ဘလက်ဝယ်ယူသူတွေအနေနဲ့ AMOLED နဲ့ IPS LCD Dsplay တို့ရဲ့အကြောင်းသိရှိခြင်းအားဖြင့် ဝယ်ယူဖို့ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေဖို့ တင်ပြလိုက်ရပါတယ်။

CREDIT TO >>>>> ဦးသောင်းဝင်း (ပန်းချယ်ရီ)

1 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။