Zapya V.2.2 (Z.H) လေးထွက်လာပါပြီ

Posted in
No comments
By htwe naing

1
စက်ရုပ်သုံးတဲ့သူတွေရော၊ ios သုံးသူတွေပါ ဖုန်းတလုံးကနေ တလုံး ဖိုင်တွေ ကူးကြမယ် Share ကြမယ်ဆို အခုနောက်ပိုင်းမှာ အသုံးများလာကြတဲ့ စကားကတော့ Zapya ရှိလားဟေ့ Zapya ရှိရင် Zapya ဖွင့်ပေးလေ ဆိုတဲ့ စကားလုံးဖြစ်မယ်ဆိုတာ အားလုံး သိကြမယ် ထင်ပါတယ်။ အရင်ကဆို စက်ရုပ် (android) အချင်းချင်း၊ ios အချင်းချင်းသာ ကူးနိုင် Share နိုင်ကြပေမယ့် အခုနောက်ပိုင်း version တွေမှာဆို android (စက်ရုပ်) ကနေ ios ။ iso ကနေ android (စက်ရုပ်) များဆီသို့ အပြန်အလှန် Data တွေ file တွေကို ပေးပို့ လို့ ရနေပါပြီ။ အခု ကျွန်တော် တင်ပေးမှာကတော့ အခုနောက်ဆုံးထွက်တဲ့ Zapya V.2.2 (ZH) ဗားရှင်းလေး ဖြစ်ပါတယ်။ ရှိနေကြရင်တော့ လည်း မပြောလိုပါဘူး ခင်ဗျာ။ မရှိသေးသူ မသိသေးသူများအတွက် လက်တို့ ပြီး ပေးလိုက်မယ်နော် ……………

DOWNLOAD - LINK 1/ LINK 2 

credit to - MMAS

0 comments:

itunes v 11.1.5 for Window XP/7/8(latest version)

Posted in
No comments
By htwe naing

iPhone/Pad/Pod အသုံးပြုနေကြတဲ့ Apple User တွေအတွက် အသစ်ထွက် iTunes နောက်ဆုံးဗားရှင်းလေး v11.1.5 ကိုတင်ပေးလိုက်ပါတယ်။ iTunes မရှိဘဲနဲ့ ကွန်ပျူတာနဲ့ iPhone/Pad/Pod touch ကိုချိတ်ဆက်အသုံးပြုလို့မရပါဘူး ။ ဒီဗားရှင်းမှာတော့ iOS 7 တင်ထားတဲ့ Devices တွေအထိကိုအသုံးပြုနိုင်ပါပြီ။ ဒီဇိုင်းလဲပိုလှလာပါတယ်။ Windwo XP/ Windows 7 / Window 8 တို့မှာအသုံးပြုနိုင်ပါတယ်။ iTunes v11.1.5for Window XP/7/8 ကိုအောက်က link မှာရယူနိုင်ပါတယ်။

0 comments:

ပြည်သူ့နီတိ

Posted in
1 comment
By htwe naing

jas
ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၁၁.၄ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် ၄.၁ အတွင်း
ကူးယူသည့် အရေ အတွက် - 14 ဤ အသုံးချ ပရိုဂရမ် တွင် ယဉ်ကျေးလိမ္မာသော လူငယ်လေးများဖြစ်စေရန် ရဥ၁်ရွယ်၍ လိုက်နာပြုကျင့်နေထိုင်သင့်သော ရုပ်ပုံနှင့်တကွ အချက်အလက်များကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
 
 

DOWNLOAD - LINK 1 / LINK 2

CREDIT TO - www.jas.com.mm
 
 

1 comments:

Abhidhamma အဘိဓမ္မာ

Posted in
No comments
By htwe naing

Cover art
ဤ Application သည် အဘိဓမ္မာကို အခြေခံမှစ၍ လေ့လာလိုသူများအတွက် နားလည်လွယ်သော ပါဠိ၊ မြန်မာ အဓိပ္ပါယ်ဖြင့် ရှင်းလင်း ရေးသား ထားပါသည်။ သွားလာရင်း လွယ်လင့်တကူ လေ့လာနိုင်စေရန် ရည်ရွယ်ပါသည်။
Download လုပ်ပြီးနောက် Internet Connection ရှိစရာ မလိုဘဲ အသုံြး
ယခု version 1.0.2 တွင်
- Content အမှားများကို Fix လုပ်ထားပါသည်။
ယခု version တွင်
- နိဒါန်း
- စိတ်ပိုင်း၊
- စေတသိက်ပိုင်း၊
- ပကိဏ်းပိုင်း၊
- ရုပ်​ပိုင်း၊
- သမုစ္စည်းပိုင်း၊
- ပစ္စည်းပိုင်း၊
- ကမ္မဌာန်းပိုင်း တို့ ပါဝင်​ပါသည်။
နောက်​ထွက်​ရှိမည့် Version တွင် ကျန်ရှိသည့် အပိုင်းများ ထပ်တိုး ပါရှိပါမည်။
- User Guide နှင့် Send Feedback feature များလည်း ထည့်​သွင်း ထားပါသည်။
ပြုနိုင်မည် ဖြစ်ပါသည်။


Abhidhamma အဘိဓမ္မာ - screenshot thumbnail 


DOWNLOAD - LINK 1 / LINK 2

0 comments:

Window8.1 ရဲ့ ၀ှက်ဖဲ ၁၀ ချပ်

No comments
By htwe naing

Windows8.1 ဆိုတာကတော့ Microsoft ကနေပီးတော့ အရင့် အရင်Window
Operation System တွေကနေ မတူညီတဲ့ ကွဲလွဲခြားနားသာလွန်မှုတွေကိုတစ်စု
တစ်စည်းတည်းပူးပေါင်းပီး ပြန်လည်သစ်လွင်လိုက်တဲ့ ယနေ့အချိန်ထိ Microsoft
ကနေထုတ်လုပ်ထားတဲ့ နောက်ဆုံး Operation system တစ်ခုဖြစ်ပါတယ်။သူ့မှာ
ဘာတွေသာလွန်ကောင်းမွန်လာသလည်းဆိုတော့အသွင်အပြင်တွေ၊ မြန်ဆန်တဲ့
လုပ်ဆောင်ချက်တွေကို ပေါင်းစည်းထားတာပဲဖြစ်ပါတယ်။ ဒါကတော့အကြမ်းဖျဉ်း
ပေါ့.. ဒီလို အကြမ်းဖျဉ်းဖော်ပြချက်တွေထဲကမှ အချို့သော လျှို့ဝှက်ချက်လေးတွေ
ကိုလည်း သုံးဆွဲသူ End User တွေသိအောင် တစ်စိတ်တစ်ဒေသဖော်ပြပေး
လိုက်ပါတယ်။
1. Use the Start button
ဝင်းဒိုး ၈ ရိုးရိုးနဲ့ ၈.၁ မှာ အနည်းငယ်ပြောင်းလည်းသွားတာကတော့
ကျွန်တော်တို့ Window Ver8 မှာတုန်းက Start Button နေရာမှာ IE
Logo လေးပဲ ပါပါတယ်။အခု နောက်ဆုံးဗားရှင်းဖြစ်တဲ့ 8.1 မှာကတော့
Start Button ပုံစံလေးပါလာပါတယ်။ တစ်ကယ်တမ်းကတော့ ဒါဟာ
လည်း ကျွန်တော်တို့ Window 7 မှာ မြင်နေကြဖြစ်သော၊ ပြောနေကြ
ဖြစ်သော Start Button ပုံစံမျိုးမဟုတ်ပါဘူး။ အရင် Window 8 မှာတုန်း
က Start Menu Screen ကိုပြန်သွားချင်ရင် ကီးဘုတ်ကနေ Window
Key ကို နှိပ်လိုက်ရပါတယ်။ အခု 8.1 မှာကတော့ ဘယ်ဘက်ဒေါင်းနား
က Start Button လေးကိုနှိပ်လိုက်ရင်ဖြင့် Window 8.1 ရဲ့ Start
Menu Screen ကို အလွယ်ရောက်သွားမှာဖြစ်ပါတယ်။ဒါဟာလည်း
ရိုးရိုးတန်းတန်း Click နှိပ်မှပါ။ အကယ်လို့ သင်ဟာ ထို Start Button
လေးကို Right Click နှိပ်လိုက်မယ်ဆိုရင်တော့ အထက်ပါပုံအတိုင်း
 Sub Menu ပေါ်လာမှာဖြစ်ပါတယ်။ ဒါဟာလည်း ၀င်းဒိုးစနစ်ရဲ့
System ပိုင်းတွေကိုတန်းပီးသွားလို့ရမယ့်နေရာတစ်ခုဆိုလည်းမမှား
ပါဘူး။
2. Boot straight to the desktop
ကျွန်တော်တို့ Window တက်လာပီဆိုရင် ပုံမှန်အားဖြင့် Window8 Operation
System ရဲ့ Start Menu Screen ကိုသာ တန်းပီး တက်လာမှာဖြစ်ပါတယ်။ဒီ့
နောက်မှ ကျွန်တော်တို့က Desktop ကို ရွေးပီး Click နှိပ်ရင် နှိပ်၊ ဒါမှမဟုတ်
ကီးဘုတ်ကနေ Windown+D ကိုနှိပ်လိုက်မှ Desktop ကို ပေါ်လာမှာဖြစ်ပါတယ်။
အခုပြောမယ့်အချက်ကတော့ ၀င်းဒိုးတက်တက်ချင်းမှာ 7 တုန်းကလိုပဲ Desktop
ကိုတန်းပီးတက်လာအောင်လုပ်မယ့်နည်းဖြစ်ပါတယ်။သွားရမယ့်နေရာကတော့
Desktop Task Bar မှာ Right Click ထောက်ပီး Properties ထဲကိုဝင်လိုက်ပါ။
ပီးသွားရင်တော့အထက်ပါပုံအတိုင်းမှ Navigation Tab ထဲကိုသွားပီး
“When I sign in or close all apps on a screen got to the desktop instead
Of Start” ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးလုပ်ပေးပီး Apply, OK နှိပ်ပေးထားလိုက်
ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာက ၀င်းဒိုးတက်လာတာနဲ့ ပုံမှန် မြင်တွေ့နေကျ Start
Menu Screen ကိုမရောက်ပဲ Desktop ဆီသို့ တန်းပီး တက်လာမှာဖြစ်ပါတယ်။
3. Customize the Start screen
ဒီနည်းလေးကတော့ သင့်ရဲ့ Start Menu Screen မှာ Application Group
တွေ၊ အထူးသဖြင့် အသုံးချပရိုဂရမ်တွေကို နာမည်သတ်မှတ်ဖို့ဖြစ်ပါတယ်။
လုပ်ဆောင်ရမှာကတော့ Start Menu Screen ကိုသွားလိုက်ပါ။ ပီးသွားရင်
တော့ အလွတ်တစ်နေရာမှာ Right Click ထောက်လိုက်တဲ့အခါမှာ ညာဘက်
အောက် ထောင့်နားလေးမှာ Customize ဆိုတာပေါ်လာမှာဖြစ်ပါတယ်။ ပီးသွား
ရင် တော့အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာတော့ မိမိစိတ်ကြိုက်နာမည်
ကို သတ်မှတ်လို့ရမှာဖြစ်ပါတယ်။
4. Check app sizes
ဒီတစ်နည်းကတော့ မိမိစက်ထဲမှာထည့်ထားတဲ့ Applications တွေရဲ့
Size ကို ကြည့်မယ်နည်းပဲဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်ဖို့အတွက်
ကတော့ Pointer ကို ညာဘက်ထောင်နားကိုသွားလိုက်ပါ။ပီးသွားရင်
Settings ကိုနှိပ်လိုက်ပါ။ထို့နောက် အောက်နားမှာပဲ Change PC Settings
ကို နှိပ်လိုက်ပါ။ ထို့နောက် PC Settings အောက်မှာရှိသော Search and apps
ဆိုတာကိုနှိပ်လိုက်ပါမယ်။ ထို့နောက် App sizes ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါ
တယ်။ ဒီနောက်တော့ သင့်ကွန်ပျူတာအတွင်းမှာသွင်းထားသော Application
များရဲ့ Size ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ Window 8.1 ရဲ့ အားသာ
ချက်တစ်ခုဆိုလည်းမမှားပါဘူး....
5. Create a lock screen slideshow
ဒီနည်းကတော့ Lock Screen ကို Slide Show ဖြင့် ဖန်တီးခြင်းဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်အတွက် သင့်ဝင်းဒိုးစနစ်က Activated မဖြစ်နေဘူးဆိုရင်
မရပါဘူး။ ဘယ်လိုလုပ်ရမလည်းဆိုတော့ Desktop ရဲ့ ညာဘက်ထောင်နား
ကိုသွားပါပီးရင် Settings ကိုနှိပ်ပီး  Change PC settings ကိုဝင်လိုက်ပါ။
ထို့နောက် PC and devices ကို ထပ်ဝင်ပီး Lock screen နေရာကိုရောက်
ပီဆိုတာနဲ့ ညာဘက်ခြမ်းမှာရှိသော Play aslide show on the lock screen
ဆိုတဲ့နေရာမှာ Default အရ Off ဖြစ်နေတာကို On အဖြစ်သို့ပြောင်းလည်း
သတ်မှတ်လိုက်တာနဲ့ သင့် ၀င်းဒိုးစနစ်ကို Lock လုပ်ထားတယ်ဆို၇င် နောက်ခံ
ပုံများဖြင့် Slide Show ပြုလုပ်နေမှာဖြစ်ပါတယ်။
6. Edit your photos
နောက်တစ်ချက်ကတော့ မိမိဓာတ်ပုံတွေကို ပြုပြင်ချင်တဲ့အခါမှာ ကျွန်တော်တို့
က Photo Edit လုပ်တဲ့ Software တွေထပ်ထည့်စရာမလိုပဲ 8.1 မှာ Default
ပါဝင်တဲ့ Photo Editor နဲ့ အသုံးပြုလို့ရပါတယ်။ မိမိပြုပြင်ချင်တဲ့ ပုံကို Right
Click နှိပ်ပီး Photos ဆိုတာနဲ့ ဖွင့်လိုက်ပါ။ ပီးသွားရင်Photo မြင်ကွင်းပေါ်လာ
ပီဆိုရင် Right Click နှိပ်လိုက်တဲ့အခါမှာ အောက်ဘက်နားမှာ Delete, Open with
Set as, Rotate, Crop, Edit ဆိုပီး Sub Menu တွေထပ်မံပေါ်လာမှာဖြစ်ပါ
တယ်။ ဒီအခါမှာ မိမိတို့ စိတ်ကြိုက်ပြင်ဖို့ အတွက် Menu တွေအများကြီး
တွေ့မှာပါ။ ဘာနဲ့ တူသလည်းဆိုတော့ ကျွန်တော်တို့ Android Phone ထဲ
က Camera 360 ရဲ့ Function တွေနဲ့ အတူတူပါပဲ....
7. Disable hot corners
ဒါကတော့ ကျွန်တော်တို့ ၀င်းဒိုးစနစ် ၈ မှာ ညာဘက်ထောင့်ထားနဲ့ ဘယ်ဘက်
ထောင့်နားကိုသွားတဲ့အခါမမှာ Charms ပေါ်လာတာကို ပိတ်ထားတဲ့နည်းလေး
ဖြစ်ပါတယ်။ ဆိုလိုတာက ၀င်းဒိုး၈ ရဲ့ Desktop ညာဘက်ခြမ်းကို Pointer ရွှေ့
မယ်ဆိုရင် Settings Charms ရှိပီး။ ဘယ်ဘက်ခြမ်းထောင်ကို Pointer ရွှေ့တဲ့
အခါမှာ Recent Application များကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ ထိုကဲ့သို့
Pointer ကို Coner သို့ရွေ့တဲ့အခါ တက်လာမယ့် အရာတွေကိုပိတ်ထားခြင်း
ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့က Desktop Task bar မှာ Right Click
နှိပ်လိုက်ပါ။ ပီးသွားရင် Properties ကို ၀င်လိုက်ပါ။ ထို့နောက် Taskbar
 and Navigation properties Box မှာ Navigation Tab ကို ၀င်လိုက်ပါမယ်။
ထို့နောက် “ When I point to the upper-right corner, show the charms”
ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးကိုဖြုတ်လိုက်ပါ။ထို့နောက် Apply, OK ကိုနှိပ်
လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ Corner ကိုသွားရင် ပေါ်လာမယ့် Charms တွေ
ကိုပိတ်လိုက်ပါပီး....
8. View the full apps list by default

နောက်တစ်ချက်ကတော့ ၀င်းဒိုး၈ မှာက ကျွန်တော်တို့ Window 7 မှာ
တုန်းကလို Start Button ကိုနှိပ်လိုက်တာနဲ့ All Programs ဆိုပီးပေါ်လာ
တာမဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က Start  ထဲက All Programs
အတိုင်းဖြစ်အောင် လုပ်ဆောင်မှာဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့
ကီးဘုတ်ကနေ Window Key ကိုနှိပ်လိုက်တဲ့အခါမှာ မိမိစက်ထဲမှာရှိတဲ့
Application တွေကို တန်းပီးဖော်ပြပေးနိုင်အောင် လုပ်ဆောင်မှာဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ သွားရမယ့်နေရာက Desktop ရဲ့ Taks bar မှာ Right
Click နှိပ်၊ Properties ထဲကိုဝင်ပီး Navigation Tab ထဲကိုသွားလိုက်ပါထို့
နောက် “Show the App vies automatically when I go to Start” ဆိုတဲ့
နေရာမှာ အမှန်ခြစ်လေးလုပ်ပေးပီးတော့ Apply, OK ဆိုတာကိုနှိပ်ပေးလိုက်ပါ။
ဒါဆိုရင် ကီးဘုတ်ကနေပီးတော့ Window Key ကိုနှိပ်လိုက်တဲ့အခါမှာ ကျွန်တော်တို့
ဝင်းဒိုး ၇ တုန်းကလိုပဲ All Programs အနေအထားအတိုင်း သင့်စက်ထဲမှာသွင်း
ထားသမျှ Program အားလုံးကိုမြင်တွေ့ပီးအလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါ
တယ်။
9. Create a system image

window 7 မှာကော Window 8 မှာကော
ထို Mode ပါပါတယ်။ဒါပေမယ့် Window 8 မှာကတော့ ထို Serives ကိုဖွက်ထား
ပါတယ်။ ဒါကြောင့် ကျွန်တောတို့က Control Panel ထဲကနေ System
ထဲကိုဝင်ပီး ဘယ်ဘက်ခြမ်းမှာ Advanced system settings ထဲမှတဆင့်
System Propertiess ပေါ်လာပီဆိုရင် System protection ထဲကိုဝင်ပီး
အောက်ဘက်ထားမှာ Create ဆိုတာကို နှိပ်လိုက်ပါမယ။်ထို့နောက်ပေါ်လာမယ့်
Box ထဲမှာ မိမိစိတ်ကြိုက် နာမည်ကိုသတ်မှတ်ပေးပီး Create လုပ်ပေးလိုက်ပါမယ်။
10. Set alarms
ဒီအချက်ကတော့ ကျွန်တော်တို့ Alarm အတွက် အခြား Device တွေထပ်ဝယ်
စရာမလိုပဲ Windows 8.1 က Support လုပ်ပေးထားပါတယ်။ ဒီ Program ကို
ဖွင့်ဖို့ကတော့ အရင်ဆုံး Start Menu Screen ကို သွားလိုက်ပါ။ထို့နောက်
Down Award ဆိုတဲ့ အောက်မျှားပုံစံလေးကို နှိပ်လိုက်ပါ။ အလွယ်ဆုံးအနေဖြင့်
Search Box ထဲမှာ Alarm လို့ ရိုက်လိုက်ပါကတွေ့မြင်နိုင်မှာဖြစ်ပီး မိမိစိတ်ကြိုက်
Create လုပ်လို့ရမှာဖြစ်ပါတယ်။တစ်ခုမှတ်ထားရမှာက သင့်ကွန်ပျူတာကိုဖွင့်
ထားမှ Alarm က အလုပ်လုပ်မှာဖြစ်ပါတယ်။ 
အမှာစကား- ၀င်းဒိုး ၈ မှာ Boot တက်တဲ့အချိန်နဲ့ Shutdown လုပ်တဲ့အချိန်မြန်တယ်
လို့ အများကသိထားပါတယ်။ ဟုတ်ပါတယ်။ တစ်ကယ်လို့ Operation system ကို
SSD (Solid State Drive) နဲ့ တင်ထားတယ်ဆိုရင်တော့ စက်ကို ဘာမှမဖြစ်ပေမယ့်
HDD (Hard Disk Drive) နဲ့ တင်ထားမယ်ဆိုရင်တော့ ဘယ်လောက်ပဲ မြန်ပါတယ်
ပြောပြောကြာလာရင် HDD ဂေါက်နိုင်ပါတယ်။ နောက်တစ်ချက်က ၀င်းဒိုး စခရင်က
ပိတ်လိုက်ပီဆိုရင်ပျောက်သွားတယ်ဆိုပေမယ့် ပါဝါမသေသေးပါဘူး။ဒီတစ်ချက်ကို
တော့ သတိထားစေလိုပါတယ်။
နောက်ပိုင်းအလျှင်းသင့်လျှင် သင့် သလို ၀င်းဒိုး ၈ အကြောင်းကောင်းနိုးရာ ရာ
လေးတွေဆက်လက်ဖော်ပြပေးပါဦးမည်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

0 comments:

Norton AntiVirus 2014 21.1.1.7+Trail Reset (71.2 Mb)

Posted in
No comments
By htwe naing

2014 မှာ Version အသစ်ထွက်လာတဲ့ Norton AntiVirus 2014 ကို တင်ပေးလိုက်ပါတယ်။
Top (10) Antivirus Softwares စာရင်းဝင် ဆော့ဝဲ တခုဖြစ်ပါတယ်။အခြား Antivirus တွေ
လို လွယ်လွယ်ကူကူ ဒေါင်းလုပ်ယူလို့မရတဲ့ ဆော့ဝဲတခုပါ။လိုအပ်လို့ သုံချင်သူများ ရတုံးရခိုက်
ယူထားစေချင်ပါတယ်။
အင်စတော လုပ်နည်း....
-NAV-UpgradeESDND-21.1.1.7-EN.exe ကို အင်စတောလုပ်ပါ။
-ဆော့ဝဲကို မဖွင့်ပါနဲ့။
-Safe Mode ထဲသို့ ဝင်လိုက်ပြီး Trail Reset ကို run ပြီး Reset လုပ်ပါ။
(Safe Mode ဝင်ရန်--Windows Start>Type"config">Click "System Configuration">
 Boot>Check "Safe Boot">Then Shut Down)
Win-XP/Vista/7/8

DOWNLOAD - LINK 1 / LINK 2

credit to - www.linthit.com

0 comments:

Win To USB 1.2 Final (1.69 Mb)

Posted in ,
No comments
By htwe naing

Windows XP/Server/Vista/7/8/8.1 ISO ဖိုင်များကို USB Stick မှာ Bootable Image အဖြစ်
Burn လုပ်ဘို့ ဆော့ဝဲလေး တခုပါ။ဖိုင်ဆိုဒ်သေးပြီး Burn လုပ်ရတာလဲလွယ်ကူတဲ့ အတွက် တင်ပေး
လိုက်ပါတယ်။
အင်စတော လုပ်နည်း...
-Setup ကို အင်စတောလုပ်ပြီး သုံးနိုင်ပါပြီ။ကီးမလိုပါ။
Win - All

DOWNLOAD - LINK 1 / LINK 2

credit to - www.linthit.com

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။